ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက်

ပါမစ်ပျောက်၊ ဂရန်အသစ်လျှောက် - Property Knowledge in Myanmar from iMyanmarHouse.com
5 Mar 2018 1:13 pm တွင် တင်ခဲ့သည်
4478 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

သူငယ်ချင်းဖြစ်သူ ကိုအေးချမ်းက အိမ်အပြောင်းရွှေ့ ပြုလုပ်စဉ် မြေချပါမစ် ပျောက်သွားတာ ပြန်ရအောင် နည်းလမ်းကောင်းလေး ပေးပါအုံးလို. မေးလာပါတယ်...

စာရေးသူက...

မင်းဝယ်ထားတဲ့ ပါမစ်မြေကွက်က တောင်ဒဂုံမြေကွက် ပါမစ်အမည်ပေါက်က ဦးရွှေကျော်ထံကတစ်ဆင့်ဝယ်ထားတဲ့ ပါမစ်မြေကွက် ပျောက်သွားတာ။ ဒီတော့ ဆောင်ရွက်ရမှာ အဆင့်တွေ များတယ်။

ဓာတ်ပုံမြေချ ပါမစ်မြေကွက်တွေကို ထုတ်ပေးထားက ရန်ကုန်မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထုတ်ပေးထားတာ။

အိုအိမ်မြေချပါမစ်ကို မူလ အမည်ပေါက်ရှိ၊ မရှိသိလိုတာပဲ ဖြစ်စေ၊ အတု နဲ့ အစစ် ခွဲခြားသိချင်လို့ပဲ ဖြစ်ဖြစ်၊ မြေချပါမစ် ပျောက်သွားလို့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိလိုရင်ပဲဖြစ်စေရန်ကုန်တိုင်း အိုးအိမရုံးမှာပဲ သွားပြီးစုံစမ်းကြတယ်။ အဲဒီရုံးက သက်ဆိုင်ရာမြို့နယ် တာဝန်ခံက ရှင်းပြပေးပါတယ်။

အခုတော့ မြို့သစ် မြေကွက်ပါမစ်တွေကို အိုးအိမ်ကနေ မြို့တော်စည်ပင်မြေယာဌာနကို လွှဲပြောင်းနေပြီးလို့ သိရတယ်။

ဒီတော့ အကောင်းဆုံး အကြံပြုချင်တာကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို.ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့ လိုအပ်မယ့်အချက်အလက်တွေကို ပြောပြလိုက်မယ်လေ။

ပထမဆုံး မြေချပါမစ်အမည်ပေါက် ဦးရွှေကျော်ကို ပြန်ရှာရမယ်။ ဦးရွှေကျော်ကို တွေ့ခဲ့ရင် ဦးရွှေကျော်ကိုယ်တိုင် မြေချပါမစ်ပျောက်ဆုံးသွားကြောင်း တောင်ဒဂုံက မိမိမြေကွက်ရှိတဲ့ ရပ်ကွက်ရုံးက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှာ ထောက်ခံချက် သွားယူရမယ်။ အဲဒီမြေချပါမစ် ပျောက်ဆုံးကြောင်း ထောက်ခံချက်ကို တင်ပြပြီး သက် ဆိုင်ရာ မြို့နယ်ရဲစခန်းက ထပ်ဆင့် ထောက်ခံချက် ယူရမယ်။အဲဒီထောက်ခံချက် (၂)ခုရရင် အိမ်အပြောင်းအရွှေ့ ပြုလုပ်စဉ် မြေချပါမစ်များ ပျောက်ဆုံးသွားကြောင်း ပါမစ် အမည်ပေါက် ဦးရွှေကျော်က တရားရုံးမှာ ကျမ်းကျိန်ရမယ်။ အဲဒီ (၃) မျိုး စုံရန်တော့ ဦးရွှေကျော်ရဲ့ နိုင်ငံသား ကတ်ပြားမူရင်းနဲ့ မိတ္တူ (၁) စုံစီ ယူဆောင်ပြီး ရန်ကုန်မြို့တော်ခန်းမမှာ ရှိတဲ့ မြေယာဌာနမှာ လျှောက်လွှာဝယ်ပြီး ပါမစ်ပျောက်လို့ ဂရန်အသစ် မြေဌားစာချုပ် ထုတ်ပေးပါရန် လျှောက်ထားရမယ်။ မြေယာဌာနက ညွှန်ပြတဲ့အတိုင်း သတင်းစာမှာ ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာရမယ်။လျှောက်ထားတဲ့ မြေကွက် ကွင်းဆင်း စစ်ဆေးလိမ့်မယ်။

အဲ…တစ်ခုတော့ ကြိုပြီးပြောထားရဦးမယ်။ ဂရန်သစ် မလျှောက်မီကတည်းက ကိုယ်ရထားတဲ့ မြေကွက်ထဲမှာ အိမ်ဆောက်ပြီး လျှောက်ထားသူ ကိုယ်တိုင် နေရမယ်။ မြေကွက်မှာလာပြီး ကွင်းဆင်း စစ်ဆေးတဲ့ မြေတိုင်း တာဝန်ခံနဲ့ မြေကွက်လျှောက်သူ ကိုယ်တိုင် ကိုယ့်မြေကွက် ကိုယ့်အိမ်ရှေ့မှာ နှစ်ယောက်တွဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို မြေယာဌာနမှာ တင်ပြရမယ်။

အဲဒီလို အချက်အလက်တွေ စုံပြီးရင် မြေကွက်ရှိတဲ့အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တို့မှာ ဂရန်သစ်လျှောက်ထားမှုနဲ့ ပတ်သက်လို့ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာရသေးတယ်။ သတင်းစာနဲ့ အုပ်ချုပ်ရေးမှူး ရုံးတွေမှာလည်း ကန့်ကွက်သူမရှိတော့ဘူး ဆိုရင်တော့ ဌာနက ဂရန် ထုတ်ပေးနိုင်ဖို့အတွက် အဆင့်ဆင့် ဆောက်ရွက်ပေးရတယ်။ ဂရန်အသစ် ထုတ်ဖို့ အကြောင်း ကြားလာရင် (ပေ ၄၀ x ပေ ၆၀) မြေကွက်ဖိုးငွေ ၄၈၀၀၀ိ/ (ကျပ်လေးသောင်းရှစ်ထောင်) ပေးသွင်းရတယ်။ ငွေသွင်းခွင့် ရရင်တော့ ဂရန် မြေငှားစာချုပ်ကို မကြာခင် သွားရောက် ထုတ်ယူလို့ ရပြီးပေါ့။

ဂရန်သစ်ရလာရင် အမည်ပေါက် ဦးရွှေကျော် နာမည်နဲ့ ထွက်လာမယ်။ဦးရွှေကျော်နဲ့ ကိုအေးချမ်း မြေနဲ့ အိမ် အရောင်းအဝယ် ကတိ စာချုပ်ပါ ပြန်ဝယ်လိုက်တဲ့ သဘောပေါ့။

ကိုအေးချမ်း နာမည် ပြောင်းပြီးတဲ့အထိ ဂရန် လုပ်မယ်ဆိုရင် ငွေအကုန်အကျ များမယ်။ ဒီတော့ ဦးရွှေကျော်က ဦးအေးချမ်းကို အဆိုပါ မြေကွက်နဲ့ ပတ်သက်ပြီး ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းခြင်းတို့ ပြုလုပ်နိုင်တယ် ဆိုတဲ့ မှတ်ပုံတင် အထူး ကိုယ်စားလှယ် လွှဲစာလက်ခံ ယူထားလိုက်ရင် အားလုံးပိုင်ဆိုင်ခွင့် ရသွားပြီးပေါ့ကွာ ။

ကဲ… ရှင်းပြီးလားသူငယ်ချင်း ။

အေး… သဘောတော့ ပေါက်သွားပါပြီး။ ကိုယ့် မြေကွက်အဆုံးရှုံး မခံနိုင်တော့ မင်းပြောတဲ့ အတိုင်း
လုပ်ရတော့မှာပေါ့ကွာ ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Shwe Wutt Hmone
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service