ရန်ကုန်ရေမြောင်းစနစ်နဲ့ အများပိုင်အဆောက်အအုံတွေ အဆင့်မြင့်တင်မည်

ရန်ကုန်ရေမြောင်းစနစ်နဲ့ အများပိုင်အဆောက်အအုံတွေ အဆင့်မြင့်တင်မည် - Property News in Myanmar from iMyanmarHouse.com
23 Feb 2018 12:40 pm တွင် တင်ခဲ့သည်
5197 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်တွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ အဆောက်အအုံများ အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ (၁၁၇)သန်း အသုံးပြုမယ်လို့
သိရပါတယ်။

ဒီငွေတွေဟာ ကမ္ဘာ့ဘဏ်ကချေးငွေ အမေရိကန်ဒေါ်လာ (၁၁၆)သန်းနဲ့
ဂျပန်နိုင်ငံဘဏ္ဍရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာအလှူရှင်များစွာ ပါဝင်တဲ့ အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ် အာမခံရန်ပုံငွေ (SEADRIF) အတွက်
ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁)သန်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းတွေကို ဘဏ္ဍရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ဦးဆောင်ပြီး ကမ္ဘာ့ဘဏ်ရဲ့ပံ့ပိုးမှုဖြင့် ဆောင်ရွက်မယ့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစီမံကိန်း မိတ်ဆက်ပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာပါ။ ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ထိရောက်နိုင်ခြေခံစားရနိုင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ငလျင်ဒဏ်၊ ရေကြီးရေလျှံမှု ပြဿနာများကိုလည်း ခံစားရနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ' ဒီအခြေအနေတွေအားလုံးအပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်အကြားရှေ့ဆက်ပြီးတော့ပေါ့နော် ကမ္ဘာ့ဘဏ်ရဲ့ကူညီပံ့ပိုးမှုတွေ၊ ချေးငွေအရ သက်သာသောနှုန်းထားနဲ့ ချေးငွေတွေစောင့်စားဆိုင်းငံ့စဉ်ကလည်း တော်တော်ကို ရှည်လျားတဲ့ ဆိုင်းငံ့ချိန်တစ်ခု ဖြစ်ပါတယ်။ (၆)နှစ်ဆိုင်းငံ့ချိန်ရတယ်ဆိုတာ ကျွန်တော်တို့အတွက် အခွင့်အလမ်းဖြစ်ပါတယ်' ပြောပါတယ်။

ဒီစီမံကိန်းကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်နိုင်တဲ့စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းငွေကြေးကို နိုင်ငံခြားမှ ချေးယူရမှာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်မှာတင်ပြပြီး အတည်ပြုချက်ယူရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး ရန်ကုန်မြို့ရေမြောင်းစနစ်နဲ့ အရေးပါသောအခြခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန်အတွက် စာချုပ်များချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော်ရင်း မြန်မာနိုင်ငံရဲ့ဌာနဆိုင်ရာအကြီးအကဲများနဲ့ လုပ်ငန်းတွင် ပါဝင်မည့်သူများက စနစ်တစ်ခုကို တက်ကျွမ်းသွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်မယ့် စီမံကိန်းများအတွက်ပါ နိုင်ငံတကာအဆင့်အတန်းနဲ့အညီ ဆောင်ရွက်တဲ့အလေ့အကျင့်ကောင်းများကို ရလိမ့်မယ်လို့မျှော်လင့်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီစီမံကိန်းဟာ ရန်ကုန်မြို့ပြည်သူလူထုအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ပြီး ရေကြီးရေလျှံဖြစ်နေမှု ကိစ္စရပ်များနဲ့ပက်သက်ပြီး ရေမြောင်းများ ပိုမိုကောင်းမွန်လာနိုင်ရန် စနစ်တကျလေ့လာဆန်းစစ်မှုတွေပြုနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service