နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ)

နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
23 Feb 2018 12:32 pm တွင် တင်ခဲ့သည်
5790 ကြိမ် ကြည့်ရှု့ပြီး
သင်သည် လှေတစ်စီးပေါ်တွင် နေအိမ်အဖြစ် အခြေချနေထိုင်လို၏။ သို့ရာတွင် ရေထဲတွင်မူ မနေလို၊ သို့ဆိုလျှင် ဖြစ်နိုင်ပါမည်လော။
ဖြစ်နိုင်ပါသည်။

ယခုအခါ လှေတို့ကို ရူးသွပ်ခုံမင်သူများအတွက် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်လာပြီ ဖြစ်သည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဝစ္စကွန်ဆင်ပြည်နယ်၊ မယ်လ်ဝါကီမြို့တွင် တည်ရှိပြီး နာမည်ကျော် မီချီဂန်ရေကန်ကြီး၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည်။

နေအိမ်ကို ရှာဖွေရန် အခက်တွေ့နေသည်ဆိုပါက ထိုဒေသသို့ရောက်လျှင် မီးပြတိုက်ငယ်ပုံ အဆောက်အအုံတစ်ခုကို ရှာဖွေလိုက်လျှင် တွေ့ရှိမည် ဖြစ်၏။
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ဆောက်လုပ်ထားခြင်းဖြစ်သည်။

၁၉၂၂ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကန်ဒေါ်လာ ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။

အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး Milwaukee Executive Realty အိမ်ခြံမြေကုမ္ပဏီမှတစ်ဆင့် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

မယ်လ်ဝါကီမြို့ အရှေ့ဘက် နာမည်ကျော် စက်ဘီးစီးလမ်း Oak Leaf Trail အနီးတွင် တည်ရှိပြီး ဒေသခံများ စက်ဘီးစီးထွက်ကြရာ နေရာလည်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၅၀ သာရှိပြီး အချို့က “အိမ်သေးလေး” ဟု အမည်ပေးကြသည်။

ဒေသတွင်းတွင် အခြားနေအိမ်များထက် ပိုမိုဈေးကြီးသည့်နေအိမ်တစ်လုံးဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

အဆိုပါ ၂ ထပ်နေအိမ်ကို အမေရိကန် အမျိုးသားသမိုင်းဝင်နေရာများ မှတ်ပုံတင်အဖွဲ့၏ မှတ်တမ်းဝင်နေအိမ်လည်း ဖြစ်သည်။

ဧည့်ခန်းတွင် ဧည့်ခံကျွေးမွေးပွဲများ ပြုလုပ်ရန် နေရာကျယ်ဝန်းပြီး ဝစ္စကွန်ဆင်၏ ဆောင်းဥတုတွင် မီးလင်းဖို၏ အနွေးဓာတ်ဖြင့် စာဖတ်ရန် ကောင်းမွန်လှသည်။

အိပ်ခန်းနံရံများကို ဆင်စွယ်ရောင် ဆေးသုတ်ထားပြီး အဝတ်အစားနှင့် အခြားပစ္စည်းပစ္စယများထားသိုရန် နံရံမြှုပ် အခန်းငယ်များ ထည့်သွင်းဆောက်လုပ်ထားသည်။

လက်ရှိပိုင်ရှင်များသည် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က စွန့်ပစ်ထားသည့်နေရာတစ်ခုဖြစ်ကာ ပြန်လည်ပြုပြင်မွမ်းမံရန် များစွာငွေကုန်ကြေးကျခံခဲ့ရသည်။
ယင်းနောက်ပိုင်း နှစ်ရှည်ငှားရမ်းမှုအချို့ ပြုလုပ်ခဲ့ကာ ယနေ့အခါတွင် အရောင်းဈေးကွက်သို့ တင်သွင်းလာခြင်းလည်း ဖြစ်လေသည်။

(အချက်အလက်များ)
အိပ်ခန်း ၁ ခန်း
ရေချိုးခန်း ၂ ခန်း
စတုရန်းပေ ၅၅၀
မြေကွက်အကျယ်- ၈၆၄၀ စတုရန်းပေ
တည်နေရာ-3138 N Cambridge Ave, Milwaukee, WI 53211
ခန့်မှန်းကာလပေါက်ဈေး- ၂၇၃၇၀၀
တစ်စတုရန်းပေပေါက်ဈေး- ကန်ဒေါ်လာ ၄၉၈
ဆောက်လုပ်မှု- ၁၉၂၆ ခုနှစ်
မီးလင်းဖို- ပါဝင်

ယခုနေအိမ်သည် လာမည့်နှစ်တွင် ၃ ရာခိုင်နှုန်းခန့် ဈေးတက်ဖွယ်အလားအလာရှိသည်ဟု ခန့်မှန်းချက်များရှိသည်။
အဆိုပါခန့်မှန်းချက်မှာ နောက်ဆုံးရအိမ်ခြံမြေညွှန်းကိန်းများအပေါ် အခြေခံကာ ခန့်မှန်းခြင်းဖြစ်သည်။

ယင်းနေအိမ်သည် လွန်ခဲ့သော ၄ နှစ်တာကာလအတွင်း နေအိမ်တန်ဖိုး ၈၉ ရာခိုင်နှုန်းရောက်အောင် တဖြည်းဖြည်းမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
(နေအိမ်အရောင်းအဝယ်သမိုင်းကြောင်း)

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် ကန်ဒေါ်လာ ၂၉၀၀၀၀ ပေါက်ဈေးရှိခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ကန်ဒေါ်လာ ၃၈၉၀၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service