ယခုနှစ်တွင် စင်္ကာပူအိမ်ဈေးများ ၁၀ ရာခိုင်နှုန်း မြင့်တက်နိုင်

ယခုနှစ်တွင် စင်္ကာပူအိမ်ဈေးများ ၁၀ ရာခိုင်နှုန်း မြင့်တက်နိုင် - Property News in Myanmar from iMyanmarHouse.com
23 Feb 2018 11:01 am တွင် တင်ခဲ့သည်
5081 ကြိမ် ကြည့်ရှု့ပြီး
အာရှအကြီးဆုံးအိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သည့် CapitaLand ၏ အမှုဆောင်အရာရှိချုပ် လင်မ်မင်ယန်က စင်္ကာပူတွင် အိမ်ဈေးများသည် ယခုနှစ်၌
၁၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ယင်းခန့်မှန်းချက်သည် အခြားခန့်မှန်းချက်များနှင့် ညီကြောင်း ဘလွန်းဘတ်သတင်းတစ်ခုက အစီရင်ခံခဲ့သည်။

ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုကုမ္ပဏီ Credit Suisse ၏ သုတေသီများက အိမ်ဈေးများသည် ယခုနှစ်တွင် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု ခန့်မှန်း
ထားပြီး အလားတူကုမ္ပဏီများဖြစ်သော OCBC Investment Research နှင့် Morgan Stanley တို့ကလည်း ၈ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ဟုခန့်မှန်းထားကြသည်။

"အရောင်းအ၀ယ်ပမာဏ မြင့်တက်လာပါတယ်။ အများအားဖြင့် အဲ့ဒါက အိမ်ဈေးတွေ မြင့်တက်မယ့် ရှေ့ပြေးနိမိတ်တစ်ခုပါပဲ။ ဒီနှစ်မှာ မြင့်တက်နှုန်းက
ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းအကြား ဖြစ်နိုင်ပါတယ်" ဟု လင်မ်က
အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

မြင့်တက်လာသော အိမ်ရောင်းအားနှင့် အိမ်ဈေးနှုန်းများက လေးနှစ်ဆက်တိုက်အိမ်ဈေးထိုးကျမှုကို အဆုံးသတ်စေမည့် လက္ခဏာများကို ဖြည့်တင်းပေးနေသည်။ ထိုင်းမှိုင်းနေခဲ့ရာမှ ဈေးကွက်ပြန်သွက်လာခြင်းကြောင့် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ကာ
ရောင်းချသူ၊ ကုမ္ပဏီ) များ၏ မြေလေလံဆွဲဝယ်ယူမှုများ အင်တိုက်အားတိုက် တွေ့လာရသည်။

စံချိနှ်တင်မြေအရောင်းအဝယ်များ ပိုမိုများပြားဖြစ်ပွားလာသည့် စင်္ကာပူတွင် ယခုနှစ်အတွင်း developer များမှ မြေဝယ်ယူမှုသည် ဒေါ်လာ ၁၆ ဘီလျံ
ရှိနိုင်ကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Cushman & Wakefield က ခန့်မှန်းထားပြီးဖြစ်သည်။

"အိမ်ခြံမြေဈေးကွက် နာလန်ထူစ စပ်ကူးမပ်ကူးကာလ ဖြစ်နေတာကြောင့် developer တွေဟာ အစိုးရရဲ့ မြေတင်ဒါခေါ်မှုတွေနဲ့ ပုဂ္ဂလိကမြေရောင်းချမှုတွေကတစ်ဆင့် မြေတွေလိုက်ဝယ်နေကို တိုးလို့ပိုလုပ်လာဖွယ်ရှိပါတယ်" ဟု ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင်နှင့် ဒါရိုက်တာ ထရစ်ရှာဆုန်ကလည်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service