ထားဝယ်တွင် ကျူးကော်မတီ ဖွဲ့မည်

ထားဝယ်တွင် ကျူးကော်မတီ ဖွဲ့မည် - Property News in Myanmar from iMyanmarHouse.com
20 Feb 2018 10:28 am တွင် တင်ခဲ့သည်
4973 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ် ပိန္နဲတောရပ်ကွက်အတွင်း တည်ဆောက်ထားသည့် အစိုးရအငှားအိမ်ရာတွင် နေရာချထားပေးမည့် ကျူးကျော်များအား ကော်မတီတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်ထံမှ သိရသည်။

၎င်းကျူးကျော်များ ကိုယ်တိုင်ပါဝင်မည့် ကော်မတီမှ ယင်းအငှားအိမ်ရာတွင် နေထိုင်သူများအရေးကို ကိုယ်စားပြုဆွေးနွေးခြင်း၊ အခက်အခဲများကို တင်ပြခြင်းနှင့် အခြားစီမံခန့်ခွဲမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ပြောသည်။

“အငှားအိမ်ရာမှာ နေထိုင်သူတွေနဲ့ ပတ်သက်တဲ့ ရေ၊ မီးကိစ္စနဲ့ သန့်ရှင်းရေးကအစပေါ့၊ အဲဒါတွေ ဆောင်ရွက်နိုင်ဖို့ သူတို့အချင်းချင်းပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပေးဖို့ စီစဉ်ထားပါတယ်”ဟု ဦးလင်းသန့်က ပြောသည်။

လက်ရှိတွင် လေယာဉ်ကွင်းနံဘေးရှိ ကျူးကျော်အိမ်ထောင်စု ၂၅ လုံးကို အငှားအိမ်ရာပေါ်တွင် ငှားရမ်းနေရာချထားရန် စာချုပ်ချုပ်ဆိုထားပြီး အိမ်ရာသို့ ဝင်သည့်လမ်း လက်စသတ်ပြီးသည်နှင့် အခန်းအပ်နှံသွားမည်ဟု ၎င်းက ပြောသည်။

အခန်းငှားခမှာ ၁ လလျှင် ကျပ် ၃၂၀၀၀ သတ်မှတ်ထားပြီး ရေခ၊ မီးခကို သုံးစွဲသလောက် ကျခံရမည်ဖြစ်သည်။

လေယာဉ်ကွင်းကျူးကျော်များမှာ ပန်းခြံရှင်း၊ လက်သမား၊ ပန်းရန်လုပ်စသည့် နေ့စားကျပန်းအလုပ်သမားများ ဖြစ်သည့်အတွက် ရေရှည်အတွက် ငွေပေးဆောင်ရန် မလွယ်ကူနိုင်ကြောင်း လေယာဉ်ကွင်းကျူးကျော်တစ်ဦးဖြစ်သည့် ကိုပုက ပြောသည်။

“ကော်မတီလည်း ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့ဝင်ငွေနဲ့ နေဖို့ အဆင်မပြေဘူး။ ထားဝယ်မှာ မိုးတွင်းဘက်ဆို မလွယ်တော့ လခပေးပြီး မနေချင်ဘူး။ အဆင်ပြေရင်လည်းပြေ မပြေရင်လည်းပြန်ပေါ့”ဟု ကိုပုက ဆိုသည်။

အငှားအိမ်ရာတွင် နေထိုင်သူများအနေနှင့် စည်းကမ်းများတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ ဝင်ထွက်ခွင့်ရှိသည်ဟူသည့်အချက်နှင့် အခြားချမှတ်ထားသည့် အခြားစည်းကမ်းချက်များမှာလည်း တင်းကျပ်လွန်းကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ တော်တော်ဒုက္ခ ရောက်ပြီ၊ ခြံထဲပို့မှ တော်သေး၊ ခုက ထောင်ထဲထားသလိုပဲ” ဟု ၎င်းက ပြောသည်။

ယင်းအငှားအိမ်ရာနံဘေး နှင်းဆီလမ်းအတွင်းရှိ နေအိမ် ၂၃ လုံးကို လမ်း မြေကျူးဟု သတ်မှတ်ကာ အငှားအိမ်ရာပေါ်ပြောင်းရန် စီစဉ်နေမှုတွင် မူရင်းအိမ်ထောင်စုများက ပြောင်းရွှေ့ရန် လက်ရှိအချိန်ထိ လက်မခံသေးပေ။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service