ထူးထူးခြားခြား နယ်မြို့များက အိမ်ခြံမြေကွက်များ ဝယ်ယူဖို့ရာမလွယ်ပါလား

ထူးထူးခြားခြား နယ်မြို့များက အိမ်ခြံမြေကွက်များ ဝယ်ယူဖို့ရာမလွယ်ပါလား - Property News in Myanmar from iMyanmarHouse.com
19 Feb 2018 12:09 pm တွင် တင်ခဲ့သည်
5492 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများ အေးစက်နေတဲ့ ကာလဖြစ်တဲ့အတွက် အရောင်းအဝယ် မရှိဘူး အထင်နဲ့ “ အိမ်ခြံမြေပွဲစား အချို့နဲ့ တွေ့ရင် အိမ်ခြံမြေအရောင်းအဝယ်မကောင်းကြတော့ ဆရာလည်း အလုပ်ပါမှာပေါ့နော် ” လို့ အရောင်းအဝယ်အခြေအနေကို ခန့်မှန်ပြီး သွေးတိုးစမ်းမေးမြန်းကြလေ့ရှိကြတယ် ။

ကျွန်ုပ်ကတော့ သူတို့ရဲ့ မေးခွန်းကို ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။ “ အရောင်းအဝယ်တွေ မရှိတာမဟုတ်ပါဘူး ။ဝယ်ရောင်းလုပ်ကိုင်သူတွေနည်းသွားတာပါ ၊ အမှန်တကယ် နေထိုင်ဖို့နဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် မြေနေရာလိုအပ်သူတွေ ကတော့ ရန်ကုန်မြို့မှာပဲ ဖြစ်ဖြစ် ၊ နယ်မြို့တွေမှာ ဖြစ်ဖြစ် ၊ သူတို့အဆက်အသွယ်နဲ့ သူတို့ပွဲဖြစ်နေကြ ပါတယ် ”လို့ ရှင်းပြရပါတယ်။

ရှေးရေစက်ကြောင့်ရယ် ဘိုးဘွားပိုင်ခြံကိုဝယ်ယူပိုင်ဆိုင်ဖို့ကြုံလာတယ်

တကယ်လည်း အရောင်းအဝယ်တွေရှိကြပါတယ် ။အခုရက်ပိုင်းအတွင်းက ကိုပြောပြချင်ပါတယ် ။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ မှာပါ ၊ ဝယ်ချင်သူက မိမိရဲ့ ကိုယ်ပိုင်စီးပွားရေလုပ်ငန်းလုပ်ဖို့ မြေနေရာကျယ်ကျယ် ရောင်းမဲ့သူကို ရှာနေတဲ့အချိန်မှာ အမွေတွေခွဲဝေယူချင်လို့ မိဘဘိုးဘွားလက်ထက်ကထဲက ပိုင်ဆိုင်လာကြတဲ့ ခြံကျယ်ကြီးကို ရောင်းချင်နေကြတဲ့ မောင်နှမတစ်စုနဲ့ ဆုံဖြစ်ကြပါတယ်။ ရှေးအတိတ်ကံကောင်းလို့ပဲဆိုရမလား၊ ကိုယ်နဲ့ ကံစပ်လို့ ဝယ်ရဖို့ ကိန်းကြုံတာလားတော့ မပြောတက်ပါဘူး ။

အမွေဆိုင်အိမ်ဆိုတာ အမွေရှင်တွေအားလုံးသဘောတူဖို့လိုအပ်တယ်

ခု ဝယ်သူနဲ့မတွေ့ခင်ကရောင်းချင်သူတွေကတော့ ၊ ဝယ်သူတွေကို စောင့်မျှော်ရှာဖွေနေတာကြာနေပါပြီ မကြာသေးမီက အမွေဆိုင်ခြံကို ဝယ်ချင်သူတွေက ဆင်းလာပါတယ် ။ ဒါပေမဲ့ မြေရာဇဝင် မေးကြည့်ပြီး မပြည့်စုံတာရယ် မောင်နှမတွေများပြီး တစ်ကြိမ်တည်း စုစည်းဖို့ မလွယ်တဲ့ အကြောင်းတွေရယ် ကြောင့် စိတ်ပျက်ပြီးပြန်သွားကြတယ်လို့လည်း သိရပါတယ်။

ညဏ်ကြီးရှင်များ အတိုင်ပင်ခံပုဂ္ဂိုလ်အနားမှာထား

အဲဒီသတင်းကို ကြားသိထားတဲ့ ကိုသန်းကြွယ်ကတော့ အမွေဆိုင်အိမ်ကို ဝယ်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ညဏ်ကြီးရှင် ပီပီ အိမ်ခြံမြေ ကျွမ်းကျင်တဲ့ ပညာရှင်ခေါ်ပြပြီး ဝယ်ဖို့ စီစဉ်ပါတော့တယ် ။အဲဒီလို စီစဉ်ပြီးတာနဲ့ သူတို့ရဲ့ မိသာစု ဥပဒေအတိုင်ပင်ခံ ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကျွန်ုပ်ကို သတိရပြီး ပြည်မြို့ ကို “ နေ့ချင်းပြန် ” လာပေးဖို့ ကားနဲ့လာခေါ်ပါတော့တယ်။

ပိုင်ဆိုင်မှုအထောက်အထားကလည်း ကျမ်းကျိန်လွှာနဲ့ နို့တစ်စာ

တကူးတက နဲ့ လာခေါ်တော့လည်း စာချုပ်စာတမ်းအပြည့်အစုံထည့်ပြီး လိုက်ခဲ့ရတာပေါ့ ။ ပြည်မြို့မိတ်ဆွေအိမ်ရောက်တာနဲ့ မကြာခင်မှာပဲ အမွေဆိုင်အိမ်နဲ့ခြံကို ရောင်းချင်သူ မောင်နှမ (၉)ယောက်ရှိတဲ့ အထဲက ညီအစ်မ(၂)ဦး ဝမ်းသာအားရနဲ့ ကိုသန်းကြွယ် ‘ အိမ်ကို ရောက်လာပါတယ် မြေနဲ့အိမ် ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုလည်း ယူလာပြီး ၊ ပြလို့ကြည့်လိုက်တဲ့ အခါ မြေငှါး ဂရန် စာချုပ်လည်း မဟုတ် ၊ ပါမစ်မြေလည်းမဟုတ် ၊ ဥယျာဉ်ခြံမြေပြေစာလည်းမဟုတ်ဘဲ ကျမ်းကျိန်လွှာ (၁) စောင်နဲ့ ရှေ့နေရဲ့ နို့တစ်စာ တစ်စောင်တို့ကိုသာ တွေ့ရပါတယ်။

အထောက်အထားဖြစ်ဖတ်ကြည့်လိုက်ပါတယ်။ ကျမ်းကျိန်လွှာမှာတော့ ပြည်မြို့ကွင်းအမှတ် (---) ၊ မြေကွက်အမှတ် (---) ၊ မြေကျယ် (အလျား ၅၀ ပေ x အနံ ၂၀၀ပေ ) ရှိ မိဘနှစ်ပါး ------------အမည်ပေါက် တစ်ဧကနီးပါး ဥယျာဉ်ခြံမြေကွက်ကို အမွေဆက်ခံပိုင်ဆိုင်သူများ ဖြစ်ကြောင်း မောင်နှမ တစ်ချို့က ကျမ်းကျိန်ထားတာကို တွေ့ရပါတယ်။

နောက်စာရွက်က ပဲခူးက အစ်ကိုဖြစ်သူကို အကြောင်းကြာစာဖြစ်နေလို့ ဖတ်ကြည့်လိုက်ပြန်ပါတယ် ။နို့တစ်စာ ပို့ရခြင်း အကြောင်းက တော့ ၊ အထက်ကဖော်ပြထားတဲ့ အမွေဆိုင်အိမ်နဲ့ခြံကိုအပြီးအပိုင် ရောင်းတော့မှာဖြစ်တဲ့အတွက် အမြန်ဆုံး လာရောက်တွေ့ဆုံဖို့ ၊ ပဲခူးမြို့မှာ နေထိုင်တဲ့ အစ်ကိုဖြစ်သူကို ပြည်မြို့က အိမ်မှာနေတဲ့ ညီမဖြစ်သူက အကြောင်းကြားတဲ့စာ ဖြစ်နေပါတယ်။

ဂရန်မရှိသေးတဲ့ ဥယျာဉ်ခြံမြေ

ဒီစာ(၂) စောင်က အိမ်ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေမဟုတ်သေးဘူးလေ ။ ကျမ်းကျိမ်လွှာပေါ်မှာ အခုဖော်ပြထားတဲ့ မြေတိုင်းမြေကွက်အကျယ်အဝန်း အမည်ပေါက်မြေနဲ့ သက်ဆိုင်တဲ့ မြေဂရန်ပဲဖြစ်ဖြစ် ၊ မြေခွန်ပြေစာပဲဖြစ်ဖြစ် တစ်ခုခုပြပါလို့မေးကြည့်တဲ့အခါ ဂရန်တော့မရှိဘူး ၊ အခုပြတဲ့ မြေကွက်အကျယ်အဝန်းနဲ့ အမည်ပေါက်သူတွေ ကလည်း ပြည်မြို့ မြေစာရင်းဦးစီးဌာနမှာ သွားရောက်လျှောက်ထားကြည့်လို့ သိခဲ့ရတာပါ ဟု ရောင်းသူတို့ကပြောပါတယ်။

ဒီတော့မှ အခြေအနေအားလုံးကို ကျွန်ုပ်လည်း ရိပ်မိလိုက်ပါတယ်။ အခုရောင်းမယ့် မြေကွက်ဟာ ၊ ဂရန်မြေမဟုတ်ဘူးဆိုတာရယ်၊ မြို့မြေဆိုပေမဲ့ ဥယျာဉ်ခြံမြေအဆင့်ပဲရှိသေးတယ် ဆိုတာရယ် သုံးသပ်လို့ရပါတယ် ။ ဥယျာဉ်ခြံမြေအဆင့်ပဲရှိသေးတယ်ဆိုတော့ ဂရန်မြေ လိုတော့ ၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းပေးဖတ်ပြီးတော့ အခွန်ဆောင်မယ် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ပြန်ရောင်းတာမျိုးလုပ်စရာမလိုတာကို တွေ့ရတယ် ။

ဝယ်လိုသူအမည်ပေါက်ဖို့အရေး မြေစာရင်းရုံးကိုသာ သွားပြီးမေး

ဥယျာဉ်ခြံမြေဖြစ်တဲ့အတွက် မြေအမည်ပေါက်သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင်ကြောင်းကျမ်းကျိန်လုပ်ပြီး ပြန်ရောင်းတာမျိုးနဲ့ဆောင်ရွက်ရမဲ့ နည်းလမ်းတော့ ရှိတာပေါ့ ။ဒါပေမဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ၊ နည်းဥပဒေများအရ အရင်က နည်းဟောင်း အတိုင်းဆောင်ရွက်လို့ရမလား ၊ ဒါမှမဟုတ် လယ်ယာမြေဥပဒေအရ ဝယ်သူအမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ရမှာလားဆိုတာကတော့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန (ယခင် မြို့နယ်မြေတိုင်းနှင့်မြေစာရင်းရုံး)မှာ သွားရောက် စုံစမ်းပြီးမှ ဝယ်ယူသင့်ကြောင်း အကြံပေးခဲ့ရပါတယ်။

အမွေဆိုင်မြေ အမွေစုံမှဝယ်ကြလေ

ဒါအပြင် မြေနဲ့အိမ်အရာင်းအဝယ် စာချုပ်တဲ့အခါ ကျရင် မြေအမည်ပေါက် မိဘနှစ်ပါးရဲ့ သားသမီးတွေနဲ့ အမွေဆက်ခံသူတွေ အားလုံး သဘောတူစာချုပ်ပေးရမှာ ဖြစ်တယ်။ အဝေးမှာ ရောက်နေလို့ မလာနိုင်ဘူးဆိုရင် သဘောတူကြောင်း မှတ်ပုံတင်အထွေထွေကိုယ်စာလှယ်လွှဲစား မောင်နှမ တစ်ဦးဦးကို လွှဲပေးလိုက်ဖို့လိုပါတယ်။ အဲဒါမှ ဝယ်သူအမည်ပေါက်မြေဖြစ်အောင် ဆောင်ရွက်ရာမှာလွယ်ကူမှာပါ လို့ ဝယ်သူနဲ့ရောင်းသူနှစ်ယောက်စလုံးကို ရှင်းပြခဲ့ပါတယ် ။ချက်ခြင်းလက်ငင်း အရောင်းအဝယ်စာချုပ်ကို မဖြစ်နိုင်သေးဘူးဆိုတာ အားလုံးသိသွားကြပါတယ်။

ကျွန်ုပ်လည်း ပြည်မြို့မှာ ရောက်နေစဉ် ပိုင်ဆိုင်မှု အရောင်းအဝယ်စာချုပ်စာတမ်းတွေ တစ်ခါတည်း ချုပ်ဆိုပေးထားခဲ့ချင်ပေမဲ့ ၊ အမွေဆိုင်တွေ မစုံသေးတာမို့ နောက်တစ်ပေါတ်ချိန်ပြီး ရန်ကုန်ပြန်ခဲ့ပါတော့တယ်။

“ သုခီ အတ္တာနံ ပရိဟရန္တု ”

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service