ဗြိတိန်က ထိုင်းနိုင်ငံရှိ သံရုံးအဆောက်အအုံကို ပေါင် သန်း ၄၂၀ ဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land သို့ ရောင်းချ

ဗြိတိန်က ထိုင်းနိုင်ငံရှိ သံရုံးအဆောက်အအုံကို ပေါင် သန်း ၄၂၀ ဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land သို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Feb 2018 12:05 pm တွင် တင်ခဲ့သည်
5301 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံအခြေစိုက် လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်သော Central Group နှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land တို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗြိတိန်သံရုံးကို ဝယ်ယူလိုက်ကြောင်း နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်များစွာတွင် ဖော်ပြသည်။

ဗြိတိန်အခြေစိုက် ပြည်ပနှင့်ဓနသဟာယရုံး (FCO) ၏ ဖော်ပြချက်အရ ယခုအရောင်းအဝယ်သည် ထိုင်းနိုင်ငံသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးမြေယာအရောင်းအဝယ်တစ်ခုဖြစ်သည်ဟု ဆိုသည်။

Central Group သည် ထိုင်းမိသားစုတစ်ခု ပိုင်ဆိုင်သည့် အိမ်ခြံမြေနှင့် လုပ်ငန်းစုံကုမ္ပဏီတစ်ခု ဖြစ်သည်။အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ ပေါင်သန်း ၄၂၀ (ကန်ဒေါ်လာ ၅၉၇ ဒသမ ၅၅ သန်း) ဖြစ်သည်။

ဘန်ကောက်၏ နာမည်ကျော် ဈေးဝယ်စင်တာကြီးတစ်ခုဖြစ်သည့် Central Embassy အနီးတွင်တည်ရှိပြီး မြေအကျယ်အဝန်းမှာ ၉ ဒသမ ၉ ဧကခန့် ရှိသည်။

ဗြိတိန်သည် ကိုင်ရို၊ နယူးဒေလီနှင့် ဝါရှင်တန်ဒီစီ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အဆောက်အအုံပေါင်း ၃၀ မှ ၄၀ ကြားကို ခေတ်မီအဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ပေါင် ၁ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) သုံးစွဲသွားရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ယခုသံရုံးရောင်းချရငွေမှာ အဆိုပါရည်မှန်းချက်ဘတ်ဂျက်၏ သုံးပုံတစ်ပုံခန့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

သံရုံးအဆောက်အအုံသစ်ကို ဘန်ကောက်မြို့၊ စီးပွားရေးအချက်အခြာနေရာတွင်တည်ရှိသည့် AIA ဆထုံတာဝါတွင် အခြေစိုက်မည်ဟု ဆိုသည်။

ဘန်ကောက်ရှိ ဗြိတိန်သံရုံးအဆောက်အအုံကို ၁၉၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ပြီး ယခုပြောင်းရွှေ့မည့် သံရုံးနေရာမှာ ပိုမိုအချက်အခြာကျသည့် နေရာတွင် တည်ရှိခြင်းကြောင့် ထိုင်း-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးသာမက ဒေသတွင်းကုန်သွယ်ရေး ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် ပိုမိုလွယ်ကူကောင်းမွန်လာစေမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ပြောကြားသည်။

ဗြိတိန်သည် ယခုရောင်းချလိုက်သည့် သံရုံးနေရာကို ၁၉၂၁ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘရက်ဇစ် (ဥရောပသမဂ္ဂမှ နှုတ်ထွက်ခြင်း) နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းပေါ်ပေါက်မှုတွင် အသုံးစရိတ်များ လျှော့ချလာခဲ့ပြီးနောက် ယခုကဲ့သို့ ရောင်းထုတ်မှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

သံရုံးကို အဆင့်မြှင့်တင်ရန်နှင့် မွမ်းမံထိန်းသိမ်းရန်အတွက် ငွေကြေးများစွာ ကုန်ကျနေခြင်းကြောင့် အခွန်ထမ်းပြည်သူတို့အတွက် အကောင်းဆုံးဖြစ်စေမည့် စီမံကိန်းများကို ချမှတ်ရခြင်းဖြစ်ပြီး ယခုခြေလှမ်းမှာ ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံခြားရေးရုံးမှာ လက်ထောက်အမြဲတမ်းအတွင်းဝန် ဆိုင်မွန် မက်ဒေါ်နယ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန်က ထိုင်းနိုင်ငံရှိ သံရုံးအဆောက်အအုံကို ပေါင် သန်း ၄၂၀ ဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land သို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်က ထိုင်းနိုင်ငံရှိ သံရုံးအဆောက်အအုံကို ပေါင် သန်း ၄၂၀ ဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land သို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဗြိတိန်က ထိုင်းနိုင်ငံရှိ သံရုံးအဆောက်အအုံကို ပေါင် သန်း ၄၂၀ ဖြင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Hongkong Land သို့ ရောင်းချ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service