ဝင်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှလွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမှုပယ်ဖျက်လိုက်ပြီး အခွန်မဆောင်ခဲ့သော ၀င်ငွေနှင့်ပိုင်ဆိုင်မှုများအတွက် အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းသာ ထမ်းဆောင်ရန် ပြင်ဆင်လျှော့ချ

ဝင်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှလွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမှုပယ်ဖျက်လိုက်ပြီး အခွန်မဆောင်ခဲ့သော ၀င်ငွေနှင့်ပိုင်ဆိုင်မှုများအတွက် အခွန်သုံးရာခိုင်နှုန်းနှင့် ငါးရာခိုင်နှုန်းသာ ထမ်းဆောင်ရန် ပြင်ဆင်လျှော့ချ - Property News in Myanmar from iMyanmarHouse.com
15 Feb 2018 11:37 am တွင် တင်ခဲ့သည်
9026 ကြိမ် ကြည့်ရှု့ပြီး
ဝင်ငွေရလမ်းမပြနိုင်သည့် စည်းကြပ်မှုမှလွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန်အဖြစ် ယခင်က ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိကောက်ခံခဲ့ရာမှ ၂၀၁၈ စည်းကြပ်နှစ်မှ စတင်ပယ်ဖျက်လိုက်ပြီး ယခင်အခွန်မဆောင်ခဲ့သည့် ၀င်ငွေနှင့် ပိုင်ဆိုင်မှုများအားလုံးအတွက် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ခြောက်လအတွင်း အခွန်ပေးဆောင်မည်ဆိုပါက သုံးရာခိုင်နှုန်းနှင့် အဆိုပါပထမခြောက်လအပြီး ဒုတိယခြောက်လတွင် အခွန်ထမ်းဆောင်မည်ဆိုပါက အခွန်နှုန်းငါးရာခိုင်နှုန်း ထမ်းဆောင်ရန် ပြင်ဆင်လျှော့ချလိုက်ကြောင်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ယခင်က အခွန်ထမ်းဆောင်ထားခြင်းမရှိသည့် ၀င်ငွေများကို စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအဖြစ် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် “၀င်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် ၀င်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ၀င်ငွေရလမ်း တင်ပြနိုင်သည့်ဝင်ငွေရှိပါက ယင်းငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင်လည်းကောင်း၊ ၀င်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့်ဝင်ငွေ အပေါ်တွင်လည်းကောင်း၊ အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ၀င်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့်ဝင်ငွေအားလုံးအပေါ် ၀င်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ၀င်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမ၀င်ရရှိသည့်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ” ဟု ပုဒ်မ ၂၅ တွင် ဖော်ပြပြဋ္ဌာန်းခဲ့ သည်။

ထိုသို့စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများအပေါ် ၀င်ငွေခွန်ကောက်ခံရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ အခွန် ၁၅ ရာခိုင်နှုန်း ကျပ် ၃၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀၀၀ အထိ အခွန်ရာခိုင်နှုန်း ၂၀ နှင့် ကျပ် ၁၀၀,၀၀၀,၀၀၁ မှ ကျပ်သိန်း ၁၀,၀၀၀ အထက် အခွန်ရာခိုင်နှုန်း ၃၀ အဖြစ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ထိုသို့ကောက်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှဝင်ငွေရလမ်းတစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ၀င်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိကအစိတ်အပိုင်းများ အပါအ၀င်ဖြစ်သော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများအပါအ၀င် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းများကို ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့်ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့်ပတ်သက်၍ အောက်ပါအခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ၀င်ငွေခွန်ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်းမပြုရ၊ သို့ရာတွင် တရားမ၀င်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ” ဟုဖော်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်ဖော်ပြမှုအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများကို ယခင် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံခဲ့မှုများကို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ စတင်အကျိုးသက်ရောက်မည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ပထမခြောက်လအတွင်း သတ်မှတ်ထားသောပုံစံများဖြင့် တင်ပြလာသော ကိစ္စရပ်များအတွက် အခွန်သုံးရာခိုင်နှုန်းနှင့် ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ထားသောပုံစံများဖြင့် တင်ပြလာသောကိစ္စရပ်များအတွက် အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် အခွန်နှုန်းရာခိုင်နှုန်း ၃၀ မှ ငါးရာခိုင်နှုန်းအထိ လျှော့ချသည့်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပေးထားသည့်အချိန်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်အထိသာဖြစ်ပြီး နောင်တွင် ၀င်ငွေခွန်ဥပဒေ၌ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေကို ပယ်ဖျက်ကာ ၀င်ငွေခွန်ဥပဒေသစ်အတိုင်းသာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး နောင်တွင် အခွန်တိမ်းရှောင်မှုများအတွက် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေများကို ၀င်ငွေခွန်ဥပဒေအရအရေးမယူဘဲ အခွန်ပြန်လည်ပေးဆောင်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ဒီအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ပေးထားတဲ့အချိန်က တစ်နှစ်တာကာလ (၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ) ဖြစ်ပါတယ်။ ယင်းသို့ဆောင်ရွက်ရာတွင် တရားမ၀င်တဲ့နည်းလမ်းနဲ့ ရရှိတဲ့ငွေကြေးတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ၀င်ငွေနဲ့ငွေကြေးတွေအပေါ်မှာသာ ဤဥပဒေနဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဤသို့ဆောင်ရွက်ပြီးပါက ၀င်ငွေခွန်ဥပဒေမှာ ပြဋ္ဌာန်းပါရှိတဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဆိုတဲ့ ခေါင်းစဉ်ကို ၀င်ငွေခွန်ဥပဒေအသစ်ပြဋ္ဌာန်းချိန်မှာ ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ နောင်တွင် ၀င်ငွေခွန်ဥပဒေအသစ်အတိုင်းသာ အခွန်ပေးဆောင်ကြရမှာ ဖြစ်ပါတယ်။ ဤအခွင့်အရေးဟာ အခွန်ပေးဆောင်ရမှာဖြစ်သော်လည်း စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေတွေကို ပြန်လည်ပေးဆောင်နိုင်ဖို့ နောက်ဆုံးရရှိတဲ့ အခွင့်အရေးလို့ဆိုနိုင်ပါတယ်။ နောင်မှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေ ဟူသောအသုံးအနှုန်း ရှိတော့မှာမဟုတ်ဘဲ အခွန်တိမ်းရှောင်မှုတွေအတွက် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service