နိုင်ငံခြားသားတွေကို ကွန်ဒိုနည်းဥပဒေကြောင့် ပစ်မှတ်ထား ရောင်းချဖို့ အဆင်သင့်ဖြစ်ပြီလား

နိုင်ငံခြားသားတွေကို ကွန်ဒိုနည်းဥပဒေကြောင့် ပစ်မှတ်ထား ရောင်းချဖို့ အဆင်သင့်ဖြစ်ပြီလား - Property News in Myanmar from iMyanmarHouse.com
7 Feb 2018 10:25 am တွင် တင်ခဲ့သည်
5263 ကြိမ် ကြည့်ရှု့ပြီး
၂နှစ်နီးပါး ကြာမှ နည်းဥပဒေ ထုတ်ပြန်လိုက်သည့် စုပေါင်းပိုင် အဆောက်အအုံ ကွန်ဒိုဥပဒေသည် ဆောက်လုပ်ရေး လောကတစ်ခုလုံး မျှော်လင့်ကြီး မျှော်လင့်ခဲ့ရသော အကြောင်းအရာများထဲက တစ်ခုပင်ဖြစ်သည်။

၂၀၁၂ ခုနှစ်မှ စတင်ကာ ကွန်ဒို ကွန်ဒို ဟု ကြွေးကျော်ကာ ဆောက်လုပ်ရေး လုပ်ငန်းရှင် အများ စုတည်ဆောက်ခဲ့သည့် ကွန်ဒိုတိုက်ခန်းများအတွက် အသက် ရှူပေါက်တစ်ခု ပွင့်သွားပြီဟု ကျွမ်းကျင်သူများက နည်းဥပဒေ ထွက်ရှိခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ လအတွင်း အမျိုးမျိုးမှတ်ချက်များပြုခဲ့ကြသည်။

သို့ သော် ဆောက်လုပ်ရေး လုပ်ငန်းရှင် အများစု အမျှော်လင့်ကြီး မျှော်လင့်ခဲ့သလို ကွန်ဒိုတိုက်ခန်းဈေးကွက်၏ ရောင်းအားမှာ ထင်သလောက် မြင့်တက်လာခြင်းမရှိသောကြောင့် မှန်းချက်နှင့် နှမ်းတွက်ကိုက်မရအနေအထားသို့ လည်း စိုးရိမ်စွာရောက်ရှိလာပြီဖြစ်သည်။

တိုက်ခန်း တစ်ခန်းလျှင် အနိမ့်ဆုံး သိန်းတစ်ထောင်ကျော်မှ စတင်ကာသိန်း ၃ထောင်ဝန်းကျင်ရှိ ရန်ကုန် မြို့မှ အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို သာမာန်မြို့ခံပြည်သူများအနေဖြင့် ၀ယ်ယူရန် အိမ်မက်ပင် မက်ခွင့် မရှိသော အခြေအနေဖြစ်သည်။

ထို့ ကြောင့် လုပ်ငန်းရှင်အများစုကအမှန်တကယ် ၀ယ်ယူနိုင်စွမ်းရှိသော ကွန်ဒိုဥပဒေပါ နိုင်ငံခြားသားများကို ရောင်းချခွင့်အချက်ကြောင့် အမှန်တကယ် ရောင်းချနိုင်မည်ဟု ထင်မှတ်ခဲ့ကြရသည်။

မြန်မာနိုင်ငံသို့  လာရောက်သော နိုင်ငံခြားသား အများစုမှာ ရင်းနှီးမြှပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်မှာနည်းပါးပြီး NGO ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများသာ ပိုမိုများပြားသောကြောင့် ၄င်းတိုက်ခန်းများကို ၀ယ်ယူနိုင်စွမ်းမှာ ထင်သလောက် မြင့်တက်လာခြင်း မရှိပေ။

၂၀၁၇ ဒီဇင်ဘာတွင်အတည်ပြု ထုတ်ပြန်လိုက်သည့် ကွန်ဒို နည်းဥပဒေ မှာ ယခုလက်ရှိတွင် ၂လကျော်သွားပြီဖြစ်သည်။ နိုင်ငံခြားသား ၀ယ်ယူခွင့်တွင် ဈေးအနည်းငယ်သက်သာသောမီနီကွန်ဒိုများတွင်သာ အချို့ က ၀ယ်ယူကြပြီး အများစုက ကွန်ဒို တိုက်ခန်းများကို ဌားရမ်း နေထိုင်နိုင်သော အခြေအနေ တစ်ရပ်သာ ရှိသေးကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းက ပြုစုထားသော အချက်အလက်များအရသိရသည်။

အတည်ပြုလိုက်ပြီ ဖြစ်သော နည်းဥပဒေတွင် ကွန်ဒိုမီနီယမ်နည်းဥပဒေတွင် နိုင်ငံခြားသားများအား Developer အနေနှင့်ခွင့်ပြုထားပြီး ကွန်ဒိုရောင်းချမှုအတွက်လည်းအဆောက်အအုံ၏ ရောင်းချ၍ရသော စုစုပေါင်းကြမ်းခင်းဧရိယာ၏ ၄ဝရာခိုင်နှုန်းအား ရောင်းချခွင့်ပြုထားကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

သို့ သော် ယခု သတ်မှတ်လိုက်သည့် နည်းဥပဒေအရ ဆောက်လုပ်ပြီးသောကွန်ဒိုတိုက်ခန်းအများစုမှာ စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်ထားမှသာ နိုင်ငံခြားသားများကို ရောင်းချခွင့်ရှိမည်ဖြစ်သည်။

ထို့ ကြောင့် တည်ဆောက်ပြီးစီးသွားသော ကွန်ဒို အများစုသည် မှတ်ပုံတင်ရန် ကျန်ရှိနေသောကြောင့် နိုင်ငံခြားသားများကို လာမည့် မတ်လနှင့် ဧပြီလလောက်မှသာ တရားဝင် ရောင်းချခွင့်ရှိမည့် သဘော ဖြစ်သည်။

ထို့ ကြောင့် လက်ရှိဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်းများ အနေဖြင့် မှတ်ပုံတင်ရန်စုပေါင်းပိုင် အဆောက်အအုံဖြစ်ရန် မှတ်ပုံတင်ထားသည့် စုပေါင်းပိုင်မြေမှာ ဆောက်လုပ်ထားရန်လိုအပ်မည်ဖြ စ်သည် ထို့ ပြင် ခြောက်ထပ်နှင့် အထက် ရှိရန် လိုအပ်မည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့ ကြောင့်သတ်မှတ်ချက် အချို့ ကြောင့် ကွန်ဒို တိုက်ခန်းတည်ဆောက်သူအများစု ဈေးကွက် တွင် အချိန်မှီတင်၍ ရောင်းချနိုင်ရန် မှတ်ပုံတင် ခြင်းလုပ်ငန်းနှင့် အခြား လိုအပ်ချက်များကို လုပ်ဆောင်နေပြီ ဖြစ်သည်။

ရန်ကုန်တွင် ဈေးကွက်တွင်းရောင်းချရန် ပြင်ဆင်ထားသည့် ကွန်ဒို တိုက်ခန်း အရေအတွက်မှာ သောင်းဂဏန်း ၀န်းကျင် အထိ ရောင်းချ ရန်ပြင်ဆင်ထားကြောင်း စင်ကာပူအခြေစိုက် စီးပွားရေး လုပ်ငန်းများကို အကြံပေးသည့်ကုမ္ပဏီဖြစ်သော Real life က ခန့် မှန်းထားသည်။

ထို့ ကြောင့် အမှန်တကယ် ဈေးကွက်တွင် ကွန်ဒိုတိုက်ခန်းများ ကို နိုင်ငံခြားသားများ ၀ယ်ယူလာသည့် အချိန်တွင် ရောင်းအားတက်လာခြင်းရှိမရှိကို စောင့်ကြည့်ရမည့် သဘောပင်ဖြစ်သည်။

ထို့ ပြင် ဈေးကွက် တွင် ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများစတင် ၀ယ်ယူလာသည့်အခါ ၀င်ငွေခွန်ကောက်ခံခြင်းနှင့်ပက်သတ်ပြီးလည်း နိုင်ငံသားများနှင့် အတူအခွန်ဆောင်နိုင်ရန် သက်ဆိုင်ရာ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ရမည့် အချက်များလည်း လိုအပ်သေးကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

စုပေါင်းပိုင် အဆောက်အအုံတစ်ခုမှာ နိုင်ငံခြားသား ရောင်းချနိုင်တဲ့ စုစုပေါင်းကြမ်းခင်းဧရိယာရဲ့ (၄၀)ရာခိုင်နှုန်းဖြစ်ပြီး ဥပဒေပုဒ်မ (၂၆)ပါ စုပေါင်းပိုင်သူရဲ့ အခွင့်အရေးတွေကို နိုင်ငံသားများနည်းတူ ခံစားခွင့်ပေးထားကြောင်းသတ်မှတ်ထားသည်။ ထို့ ကြောင့်နိုင်ငံသားများနည်းတူ အခွန်ထမ်းရန်လိုအပ်မည်ဖြစ်သည်။

ထိုမှသာ နိုင်ငံအတွင်းတရားမ၀င်သော ငွေကြေးစီးဆင်းမှုများနှင့် ငွေကြေးခ၀ါချမှုများ ဖြစ်ပေါ်လာနိုင်ခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service