နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာ သိထားရမယ့် အချက်များ

နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာ သိထားရမယ့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2018 1:03 pm တွင် တင်ခဲ့သည်
4154 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မြေအဆောက်အအုံ၊ တိုက်ခန်းနှစ်ရှည်အငှားစာချုပ် စာတမ်းကို မှတ်ပုံတင်ရာမှာ သိထားသင့်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးပါမယ်။

မြေနဲ့အဆောက်အအုံကို ငှားရမ်းတဲ့အခါ ကုမ္ပဏီနဲ့မြေရှင်ချုပ်ဆိုတဲ့ စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်စာချုပ် ချုပ်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်စာချုပ် ချုပ်ရာမှာ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုမိန့်ပါရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့မှတ်ပုံတင် လက်မှတ်မူရင်းကိုလည်း တင်ပြရန်လိုအပ်ကြောင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။

မှတ်ပုံတင် တင်သွင်းရမှာ မြေရှင်ကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားလှယ်တစ်ဦးက လာရောက်ပြီး မှတ်ပုံတင်နိုင်ပြီး ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင်က မလာနိုင်ရင်လည်း မှတ်ပုံတင်သွင်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာဟာလွှဲအပ်နေထိုင်ရာ အရပ်မှာရှိပြီး စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကလွှဲအပ်ထားတဲ့ ကိုယ်စားလှယ်လွှဲစာဖြစ်ရမှာ ဖြစ်တယ်။ ကုမ္ပဏီဖြစ်ရင် လက်မှတ်ရေးထိုးသူဟာ ကုမ္ပဏီအစည်းအဝေးမှတ်တမ်းအရ တာဝန်ပေးအပ်ထားသူဖြစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အချက် (၁၇)ချက်ရှိ

နိုင်ငံခြားပိုင် ကုမ္ပဏီက နိုင်ငံခြားဘာသာစကား တစ်မျိုးမျိုးနဲ့ ချုပ်ဆိုထားရင် မြန်မာဘာသာ ပြန်ဆိုချက်ပူးတွဲပါရှိရမှာ ဖြစ်တယ်။ မြေငှားစာချုပ် ချုပ်ဆိုတဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတချို့မှာ နှစ်ရှည် မြေငှားစာချုပ်မှတ်ပုံတင်ရာမှာ ပြည့်စုံရမယ့် အချက် (၁၇)ချက် ရှိပါတယ်။

(၁)။ စာချုပ်ကို (၄)လအတွင်း မှတ်ပုံတင် သွင်းရမှာ ဖြစ်ပါတယ်။

(၂)။ ကပ်တံဆိပ်ခေါင်း၊ နှိပ်တံဆိပ်ခေါင်းလုံလောက်စွာ ကပ်ရမယ်။

(၃)။ နိုင်ငံခြားသားပိုင် (သို့) နိုင်ငံခြားသား ပါဝင်တဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံရင်နှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်နဲ့ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မူရင်း၊ မိတ္တူ။

(၄)။ အငှားချခံရသူ ကုမ္ပဏီ (သို့) အငှားချထားသူ ကုမ္ပဏီဖြစ်ရင် မြေ (သို့) အဆောက်အအုံ ငှားရမ်းစာချုပ်ချုပ်ဆိုတဲ့အခါ လက်မှတ်ရေးထိုးသူဟာဆိုရင် ကုမ္ပဏီရဲ့ အသင်းအဖွဲ့ စည်းမျဉ်းနဲ့အညီ ပြုလုပ်ထားတဲ့အစည်းအဝေးမှတ်တမ်းအရ တာဝန်ပေးအပ်ထားသူ ဖြစ်ရမယ်။

(၅)။ ကိုယ်စားလှယ် လက်မှတ်ရေးထိုးတဲ့နေရာတွေအောက်မှာ ကုမ္ပဏီဖြစ်ရင် အဖွဲ့အစည်းနေ့စွဲအမှတ်စဉ်၊ အစိုးရ အဖွဲ့အစည်းဖြစ်ရင် နေ့စွဲနဲ့ရုံးစာအမှတ်၊ ကိုယ်စာလှယ်လွှဲစာဖြစ်ရင် ရုံးရဲ့နေ့စွဲကိုပါ ကိုယ်စားလှယ်လွှဲစာအမှတ်တို့အရ လက်မှတ်ရေးထိုးပါတယ်။

(၆)။ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ ကိုယ်စားလှယ်လက်မှတ်ရေးထိုးရင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းရဲ့ တာဝန်ပေးအပ်တဲ့ ရုံးစာမူရင်း။

(၇ )။ နိုင်ငံခြားသားကိုယ်တိုင်မှတ်ပုံတင်သွင်းရင် သူရဲ့ပတ်(စ်)ပို့မူရင်း၊ မိတ္တူ။

(၈)။ ကုမ္ပဏီရဲ့ ကိုယ်စားပြုမှတ်ပုံတင်သွင်းမယ့်သူက နိုင်ငံခြားသားဖြစ်ရင် နိုင်ငံသားကဒ်မူရင်း၊ မိတ္တူတွေနဲ့လူကိုယ်တိုင် လာရောက်ရမယ်။

(၉)။ အငှားချေးထားသူ (မြေရှင်)ကိုယ်တိုင် ချုပ်ဆိုရင် (သို့) ကိုယ်စားလှယ်လွှဲအပ်သူတွေက ချုပ်ဆိုရင် ချုပ်ဆိုသူတွေရဲ့ နိုင်ငံသားကဒ်မူရင်းနဲ့မိတ္တူ။

(၁၀)။ ကိုယ်စားလှယ်လွှဲစာဟာ လွှဲအပ်သူနေထိုင်ရာ အရပ်ရှိစာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်လွှဲစာ ဖြစ်ရမယ်။

(၁၁)။ ကိုယ်စားလှယ်လွှဲစာနဲ့ လက်မှတ်ရေးထိုးရင် ကိုယ်စားလှယ် မရုပ်သိမ်းသေးကြောင်းနဲ့ လွှဲအပ်သူ သက်ရှိထင်ရှားရှိကြောင်း တရားရုံး ကျမ်းကျိန်လွှာပါရှိရမယ်။

(၁၂)။ သက်သေ နှစ်ဦးလက်မှတ်ထိုးရမှာဖြစ်ပြီး သက်သေတွေ ကိုင်ဆောင်ထားတဲ့နိုင်ငံသားစိစစ်ရေးကဒ် (သို့) ပတ်(စ်)ပို့မူရင်း မိတ္တူတွေနဲ့အတူ လူကိုယ်တိုင်လာရောက်ရမယ်။

(၁၃)။ ချုပ်ဆိုထားတဲ့ စာချုပ်တွေ နိုင်ငံခြားသား ကုမ္ပဏီတွေဖြစ်ပြီး နိုင်ငံသားဘာသာစကား တစ်မျိုးမျိုးနဲ့ ချုပ်ဆိုထားရင် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပိုဒ် (၄၅၀)အရ ရုံးသုံးဘာသာစကား ဖြစ်တာကြောင့် ဘာသာပြန်ဆိုချက် ပူးတွဲပါရှိရမယ်။

(၁၄)။ မြေငှားစာချုပ်မှာ ဖော်ပြတဲ့မြေ (အငှားချမယ့်မြေ)မှာ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျရောက်တဲ့ မြေဖြစ်မှသာ ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပံတင်ရုံးမှာ မှတ်ပုံတင် တင်ပေးနိုင်ပြီး နယ်မြို့ဖြစ်ရင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

(၁၅)။ အငှားချထားတဲ့မြေနဲ့ ပက်သက်ပြီး သက်ဆိုင်ရာဌာနက တည်ဆဲနှစ်အတွင်း ထုတ်ပေးတဲ့ (မြေငှားစာချုပ်) (သို့) ငှားရမ်းစာချုပ် ချုပ်ဆိုရန် မြေပုံနဲ့ မြေရာဇဝင် ရှိရမယ်။

(၁၆)။ တိုက်ခန်းငှားမယ်ဆိုပါက တိုက်ခန်းနဲ့ပက်သက်တဲ့ ဆိုင်ရေးဆိုင်ခွင့် စာချုပ်တွေက မှတ်ပုံတင်လိုမှ တင်နိုင်တဲ့ စာချုပ်အမျိုးအစားဖြစ်ပေမဲ့ စာချုပ်ပါတန်ဖိုးနဲ့အညီ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားတဲ့ စာချုပ်ဖြစ်ရမယ်။

(၁၇)။ စာချုပ်ပါစကားရပ်မှာ ငှားရမ်းမယ့် ပစ္စည်းတည်နေရာကို ပြည့်စုံစွာ ဖော်ပြရမယ်။ ဒါကြောင့် (၁၇)ချက်နဲ ပြည့်စုံရင် မြေဖြစ်စေ၊ တိုက်ခန်းဖြစ်စေ၊ အဆောက်အအုံဖြစ်စေ နှစ်ရှည်မြေငှားစာချုပ် ချုပ်ဆိုရာမှာ အခက်အခဲမရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သိရပါတယ်။

Credit: The kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service