ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်နှစ် (၁၀၀) ပြည့်ပွဲ ကျင်းပမည်

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်နှစ် (၁၀၀) ပြည့်ပွဲ ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
6 Feb 2018 11:43 am တွင် တင်ခဲ့သည်
6911 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့ နန်းမြိုင် ဟိုတယ်ရှိ ကိုလိုနီခေတ် လက်ရာ အဆောက်အအုံများ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပွဲကို မတ်လမှ ဧပြီလကုန်အထိ နှစ်လကြာ ကျင်းပမည်ဟု နန်းမြိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသည့် Orchid ကုမ္ပဏီအုပ်ချုပ်ရေးမှူး ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

နန်းမြိုင်ဟိုတယ်အတွင်းရှိ အဆောက်အအုံများသည် ကိုလိုနီ ခေတ် ၁၉၁၈ တွင် တည်ဆောက်ခဲ့ ပြီး လက်ရှိ၌ နှစ် (၁၀၀) ပြည့်ပြီဖြစ်၍ အထိမ်းအမှတ်ပွဲ ပြုလုပ် ရန် စီစဉ်ခြင်းဖြစ်သည်။

‘‘ဟိုတယ်ထဲမှာရှိတဲ့ အ ဆောက်အအုံတွေက နှစ် (၁၀၀) သက်တမ်းရှိနေပြီ။ ကိုလိုနီခေတ် ကတည်းက ထင်ရှားခဲ့တဲ့ အ ဆောက်အအုံတွေ။ ယနေ့ခေတ် ပြည်သူတွေသာမကဘဲ နိုင်ငံတကာဧည့်သည်တွေပါ တန်ဖိုးထားတတ်ဖို့ ရည်ရွယ်တဲ့ သဘောလေး ပါ’’ ဟု ဦးဌေးအောင်က ပြော သည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနပိုင် နန်းမြိုင်ဟို တယ်ကို Orchid ကုမ္ပဏီက ၂၀၁၃ ကစတင်ကာ တစ်နှစ်ကျပ် သိန်း ၆,၀၀၀ ဖြင့် ၁၅ နှစ်ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထား သည်။ နန်းမြိုင်ဟိုတယ်တွင် အဆောက်အအုံလေးလုံးရှိပြီး တည်းခိုနေထိုင်နိုင်သည့် ဟိုတယ်ခန်း ၃၂ ခန်းရှိသည်။

နန်းမြိုင်ဟိုတယ်အဆောက် အအုံများ နှစ် (၁၀၀) ပြည့် အ ထိမ်းအမှတ်ပွဲတွင် တေးဂီတဖျော် ဖြေပွဲများ၊ မြန်မာ့ရှေးဟောင်း ရုပ် ရှင်ဇာတ်ကားများ ပြသခြင်း၊ အ ငြိမ့်၊ မြေဝိုင်းဇာတ်၊ ဆိုင်းဝိုင်း၊ ရုပ်သေးပွဲလမ်းသဘင်များ၊ စာပေ ဟောပြောပွဲများ၊ ကလေးစာပေ၊ ကျပန်းစကားပြောပွဲများ၊ ရိုးရာ အားကစားပြိုင်ပွဲများ၊ မီးထွန်းပွဲနှင့် ဝင်္ကပါ လျှောက်လမ်းများ စ သည်ဖြင့် ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း ဦးဌေးအောင်က ပြောကြားသည်။

ပြင်ဦးလွင်မြို့တွင် ကိုလိုနီ ခေတ်လက်ရာ ရှေးဟောင်းအ ဆောက်အအုံ အများအပြား ကျန် ရှိနေသေးပြီး ထင်ရှားသည့် အ ဆောက်အအုံများမှာ နန်းမြိုင်၊ ချယ်ရီမြိုင်၊ သီရိမြိုင်၊ မဲဇာမြိုင်၊ ဂန္ဓာမာမြိုင်၊ ဟေမာမြိုင်၊ နှင်းဆီ မြိုင်၊ သစ္စာမြိုင်၊ ယုဇနမြိုင်၊ ဟင်္သာမြိုင်၊ သဇင်မြိုင်၊ မြိုင်ကြီး၊ မြိုင်ဟေမာ၊ နန္ဒဝန်၊ ခိုင်ရွှေဝါအ ဆောက်အအုံများ ဖြစ်သည်။ အ ဆိုပါ အဆောက်အအုံများအနက် အချို့ကို ဟိုတယ်အဖြစ် ဖွင့်လှစ်လုပ်ကိုင်နေပြီး အချို့ကို ဌာနဆိုင်ရာရုံးများအဖြစ် အသုံးပြု နေသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service