မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ တောင်ကြီးမြို့အနီးရှိ အေးသာယာဥယျာဉ်အိမ်ရာစီမံကိန်း အထူးအရောင်းပြပွဲကြီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက် နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့ ရှိ Myanmar Culture Valley ပြည်သူ့ရင်ပြင်ဝင်ပေါက်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပြပွဲရက် (၂) ရက်အတွင်း ဝယ်ယူသူများအတွက် (၁၀) သိန်း မှ သိန်း (၅၀) အထိ အထူးလျှော့ဈေးများ ၊ (၁) နှစ်မှ (၅) နှစ်အထိ အရစ်ကျစနစ်များဖြင့် ရောင်းချပေးခဲ့ရာ အခန်းပေါင်း (၄၀) နီးပါး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
နာမည်ကြီး အေးသာယာဝိုင်ခြံအနီး အကျယ်အဝန်း (၅၁)ဧက ရှိတဲ့ ဂရန်မြေပေါ်မှာ (၄) ခန်းတွဲ (၅)ထပ်တိုက် အလုံးပေါင်း (၁၃၅)လုံး တည်ဆောက်မည့် စီမံကိန်းတွင် ယခုအခါ တိုက်အလုံးပေါင်း (၂၅)လုံးမှ အခန်းပေါင်း တစ်ရာကျော်ကို ဆောက်လုပ်ပြီးစီးကာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် သော့အပ်ပေးသွားမည်ဟုလည်း သိရသည်။
“ ဒီစီမံကိန်းကို ကျွန်တော်ကတော့ အပန်းဖြေအိမ်ရာလို့ တင်စားချင်ပါတယ်။ ရာသီဥတုကလည်း အေးချမ်းသာယာပြီး မြို့ ပြမှာ လုံးဝ မရနိုင်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေ ၊ တောင်တန်းနဲ့  သဘာဝ ရှုခင်းအလှတွေ ခံစားနိုင်တယ်။ အခန်းတန်ဖိုးက သိန်း တစ်ရာ့ကိုးဆယ်ကျော်က စတင်တာမို့ အရမ်းသင့်တင့်မျှတတယ်။ ယခုပွဲအတွင်းမှာ အရစ်ကျ စနစ်ဖြင့်လည်း ရောင်းချပေးခဲ့ပါတယ်။ ပြပွဲ (၂) ရက်အတွင်း အခန်းပေါင်း (၄၀) နီးပါး ရောင်းချနိုင်ခဲ့တဲ့အတွက် ဒီစီမံကိန်းကို ဆောက်လုပ်တဲ့ Developer လည်း အလွန်အားရကျေနပ်ခဲ့ပါတယ်။ ” ဟု အရောင်းပြပွဲကို ကြီးမှူးကျင်းပသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူက ပြောပြသွားသည်။
“ အရောင်းပြပွဲအတွင်း အကြောင်းအမျိုးမျိုးကြောင့် မဝယ်ဖြစ်ခဲ့တဲ့ iMyanmarHouse.com ရဲ့  ပရိသတ်ကြီးအတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။ ဒါကတော့ ဒီအပန်းဖြေအိမ်ရာကို စိတ်ဝင်စားလို့ ဝယ်ယူချင်ရင် ရန်ကုန်မြို့  မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ တည်ရှိတဲ့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရုံးခန်းမှာ လာရောက် စုံစမ်းဝယ်ယူနိုင်ပါတယ်။ ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)