အဆောက်အအုံ နှင့် သက်ဆိုင်သော လုပ်ငန်းများလုပ်ဆောင်ရာတွင် မဖြစ်မနေလုပ်ဆောင်ရမည့် စာရွက်စာတမ်း အချက်အလက်များ

အဆောက်အအုံ နှင့် သက်ဆိုင်သော လုပ်ငန်းများလုပ်ဆောင်ရာတွင် မဖြစ်မနေလုပ်ဆောင်ရမည့် စာရွက်စာတမ်း အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
2 Feb 2018 12:32 pm တွင် တင်ခဲ့သည်
4145 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

၁။ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးသို့ အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ်လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

ဌာနမှသတ်မှတ်လျှောက်လွှာ

အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အိမ်ငှားရှိလျှင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက်ခံချက်သက်ဆိုင်ရာဌာနမှ (၃)နှစ်အတွင်း ထုတ်ပေးထားသော မြေပုံ/မြေရာဇဝင်မူရင်းဂရန်မိတ္တူ (သို့) နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)ဘေးမြေကွက်များမှ ကန့်ကွက်ရန်မရှိကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်လိုင်စင်ရအင်ဂျင်နီယာမှ လက်မှတ်ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ(၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အဆောက်အအုံအင်ဂျင်နီယာ (SEC) မှတွက်ချက်တင်ပြထားသည့် အဆောက်အအုံ၏ ခိုင်မာမှုဆိုင်ရာတွက်ချက်မှု ပုံစံ(၁)စုံ

(၄)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင် အောက်ပါအချက်များပါတင်ပြရန်

(က) မြေပိုင်ရှင်၊လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏ အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောက်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ

(ခ) မြေခံနိုင်အား စမ်းသပ်မှု (Soil Test)

(ဂ) ဝဲ၊ ယာတွင် အထပ်မြင့်အဆောက်အအုံရှိပါက၎င်းအဆောက်အဦးများ၏ Theodolite Reading

အဆောက်အအုံအသစ်(အရပ်စာချုပ်) ဆောက်လုပ်ခွင့် လျှောက်လွှာ

ဌာနမှသတ်မှတ်လျှောက်လွှာ

လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ(A4 Size တစ်မျက်နှာတည်းတွင်အပေါ်အောက်ကူးရန်)
ပိုင်ဆိုင်မှုအထောက်အထား(မြေကွက်အကျယ်အဝန်း၊ မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်ဖော်ပြရန် )
ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်
မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၏အခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်
ပိုင်ရှင်၊ လိုင်စင်အင်ဂျင်နီယာလက်မှတ်၊ SEC ရေးထိုးထားသောအဆိုပြုပုံစံ(၃)စုံ (ကန်ထရိုက်တိုက်ပုံစံ ဆောက်လုပ်မည်ဆိုပါကလိုင်စင်ကန်ထရိုက်တာလက်မှတ်ရေးထိုးရန်)

(၃)ထပ်ကန်ထရိုက်တိုက်ပုံစံအဆောက်အအုံများအတွက်မီးသတ်ထောက်ခံချက်

(၃)ထပ်အဆောက်အအုံများအတွက်အဆောက်အအုံအင်ဂျင်နီယာ(SEC)၏ခိုင်ခံ့မှုနှင့်ပတ်သက်၍ခံဝန်ကတိ

(၃)ထပ်ကန်ထရိုက်တိုက်ပုံစံအဆောက်အဦများအတွက်မြေပိုင်ရှင်၊ ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာတို့၏အဆောက်အအုံဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းဝန်ခံကတိ(၄ဦး Bond)

အထပ်တိုးဆောင်ရွက်ခြင်းမရှိကြောင်းမြေရှင်နှင့်LSတို့၏ခံဝန်

အဆောက်အအုံသက်တမ်းတိုး လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

၁။ အဆောက်အအုံ သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များကို သတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

ဌာနမှသတ်မှတ်လျှောက်လွှာ

လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ
အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ်(BCC) လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ -

၁။ အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် (BCC) လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက် များကိုသတ်မှတ် လျှောက်လွှာပုံစံ နှင့်အတူ ပူးတွဲတင်ပြရမည် -

ဌာနမှသတ်မှတ်လျှောက်လွှာ

လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
ဆောက်လုပ်ခွင့်ပါမစ်နှင့်အိမ်ပုံစံမိတ္တူ တစ်စုံ
ပုံစံစစ်ဆေးခငွေသွင်းချလံ မိတ္တူ
စစ်ဆေးချက်မှတ်တမ်း စာအုပ် (Log Book)
ရာပြတ်ဌာန၏အခွန်ပေးဆောင်ပြီးပြေစာ
(၃)ထပ်နှင့်အထက် အဆောက်အအုံများအတွက် အထက်ပါအချက်များအပြင်အောက်ပါအချက်များပါတင်ပြရန်−

(၁) ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကိစ္စစိစစ်ပြီးကြောင်းထောက်ခံချက် (သို့) အခွန်ပေးဆောင်မည်ဖြစ်ကြောင်းထောက်ခံချက်

(၂) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

(၃) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ၏ ထောက်ခံချက်

(၄) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ၏ ထောက်ခံချက်

(၅) မြို့နယ်အုပ်ချုပ်ရေးမှူးလျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ၏ထောက်ခံချက် (Y.E.S.B). (သို့) မီတာများတပ်ဆင် ရန်လျှောက်ထားပြီးသည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်

(၆) အင်ဂျင်နီယာဌာန (အဆောက်အအုံ) လျှပ်စစ်ဌာနခွဲ၏ထောက်ခံချက်

(၇) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ အမှိုက်ပုံး ဝယ်ယူထားသော ချလံ

(၈) အဆောက်အအုံတိမ်းစောင်းမှု ရှိ/မရှိ Theodolite Reading

(၉) အဆောက်အအုံ၏ ရှေ့/နောက်၊ ဝဲ/ယာ လျှပ်စစ်မီတာ၊ ရေမော်တာ မိလ္လာကန် ထားရှိမှုဓာတ်ပုံ

(၁၀) အခန်း ၁၈ ခန်းနှင့်အထက် အဆောက်အအုံ များအတွက် Transformer တပ်ဆင်သုံးစွဲခွင့် YESB ထောက်ခံချက်

(၁၁) ဓာတ်လှေခါးပါဝင်သော အဆောက်အအုံများအတွက် ဓာတ်လှေခါးတပ်ဆင်သုံးစွဲခွင့် လက်မှတ် (E.I).

အဆောက်အအုံဖျက်သိမ်းခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

အဆောက်အအုံဖျက်မိန့်တင်ပြရာတွင် လိုအပ်သောစာရွက်စာတမ်းများ

(၁) အဆောက်အဦးဖျက်သိမ်းခြင်းအတွက်လျှောက်လွှာ

(၂) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ (A4 Size တစ်မျက်နှာတည်းတွင် အပေါ်အောက် မိတ္တူ ကူးရန်)

(၃) သက်ဆိုင်ရာဌာနမှ(၃)နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/ရာဇဝင်မိတ္တူ (မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးရန်)

(၄) စည်ပင်သာယာအခွန်ကြွေးကျန်မရှိကြောင်းသက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ၏​ထောက်ခံချက်

(၅) အဆိုပြုအဆောက်အအုံဖျက်သိမ်းရာတွင်ဘေးကပ်လျှက်ရှိသောအဆောက်အအုံပျက်စီးမှု မရှိစေရန်

(၆) အဆောက်အဦးဟောင်းအားကြိုတင်ဖျက်သိမ်းခြင်းအတွက်ဖြစ်ပေါ်လာမည့်ကိစ္စအားလုံးတာဝန်ယူကြောင်းလျှောက်ထားသူ၏ဝန်ခံကတိပြုစာချုပ်

(၇) ဖျက်သိမ်းမည့်အဆောက်အအုံဟောင်းတွင် အိမ်ဌားရှိလျှင် အိမ်ရှင်၊အိမ်ဌားပြသာနာမရှိကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ၏ထောက်ခံချက်မူရင်း

(၈) ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓါတ်ပုံနှင့်ဘေးနှစ်ဖက်ရှိအဆောက်အအုံ၏ဓါတ်ပုံ

Credit :YCDC

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service