ရွှေနှင့် လက်ဝတ်ရတနာများ ပြည်ပ တင်ပို့/တင်သွင်းခွင့်ပြုရာတွင် အခွန်နှုန်းထား မသိရသေး

ရွှေနှင့် လက်ဝတ်ရတနာများ ပြည်ပ တင်ပို့/တင်သွင်းခွင့်ပြုရာတွင် အခွန်နှုန်းထား မသိရသေး - Property News in Myanmar from iMyanmarHouse.com
2 Feb 2018 11:33 am တွင် တင်ခဲ့သည်
5849 ကြိမ် ကြည့်ရှု့ပြီး
ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း(အချောထည်)များကို ပြည်ပသို့ တရားဝင် တင်သွင်း၊ တင်ပို့ခွင့်ရာတွင် အခွန်နူန်းထားမည်သို့ ကောက်ခံမည်ဆိုသည်ကို တိတိကျကျ မသိရသေးကြောင်း ပြည်တွင်း ကျောက်မျက် ရတနာကုန် သည်များက ပြောသည်။

ရွှေနှင့် လက်ဝတ်ရတနာ အချောထည်ပစ္စည်းများကို ပြည်ပသို့ တရားဝင် တင်သွင်း၊ တင်ပို့ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းက “ ဒါက ကောင်းတဲ့ အချက်တော့ ဖြစ်တယ်။ ဒါပေမယ့် သတင်းက ထုတ်ပြန်လို့သာ သိရတာ ရှိသေးတယ်။ ထဲထဲဝင်ဝင် မသိသေးဘူးဆိုတော့ အခွန်ဘယ်လောက် ကောက်မယ် ဆိုတာက လက်ရှိ အသေးစိတ် မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ ရွှေမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများသို့ နယ်စပ်မှ တဆင့် တရားမဝင် သွားနေသည်မှာ ဆယ်စုနှစ် တခုကျော်နေပြီဖြစ်ပြီး ယခုကဲ့သို့ တရားဝင်လုပ်ဆောင်မည် ဆိုလျှင် အစိုးရအနေဖြင့် အခွန်နူန်းထားများကို နိုင်ငံခြားသို့ တင်ပို့နိုင်သော နှုန်းထားတခု ရှိသင့်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

ဦးအောင်ဆန်းဝင်းက ဆက်လက်၍ “ အခုဆိုရင် ရွှေဈေးတက်လာတယ်။ ကျပ် ၉သိန်း ၅ သောင်းပေါ့။ ကမ္ဘာ့ရွှေဈေးက ၉ သိန်း ၇ သောင်းလောက်ရှိရင် ရွှေက နိုင်ငံခြားကို ထွက်မှာပဲ။ တကယ်လို့ ကမ္ဘာ့ရွှေဈေးက ရှိတာ ကျပ် ၉ သိန်းလောက်ပဲ ရှိတာက မြန်မာရွှေဈေးက ကျပ် ၉သိန်း ၅သောင်းလောက်ရှိရင် ဟိုက ကီလိုပြားတွေ ဝင်လာမှာပဲ ဖြစ်တယ် ” ဟု ပြောသည်။

သို့ဖြစ်၍ တရားမဝင် ပြည်တွင်းမှ ရွှေများကို တင်ပို့၊ တင်သွင်းမှုများပြုလုပ်နေရာမှ တရားဝင် တင်ပို့ ၊ တင်သွင်းခွင့်ပြု လုပ်ပေးမည် ဆိုလျှင် ကောင်းမွန်သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနှင့် အခွန်နူန်းထားများ သတ်မှတ်ရာတွင် ရွှေထုတ်လုပ်သူများ၊ သယ်ယူပို့ဆောင်သူများ၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးပြီး သယ်ယူစရိတ်၊ ငွေလွှဲငွေပေးချေသည့် စနစ်များကို သေချာလေ့လာ၍ သတ်မှတ်ပေးသင့်ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က “ကျနော်ကတော့ သွင်းကုန် ရော ပို့ကုန်ရော လက်ခံတယ်။ အခွန်များများလိုချင်ရင် နည်းနည်းနဲ့ အကြိမ်ကြိမ်ရေ များများ ကောက်ပါလို့ အကြံပြုချင် တယ်။ အခွန်များလာရင် ကုန်သည်က မကိုက်ဘူး။ မကိုက်ရင် မသမာတဲ့ နည်းလမ်းတွေ ထွက်လာမယ်။ မှန်မှန်ကန်ကန်နဲ့ စိပ်စိပ်ကောက်မယ်ဆိုရင် လုပ်ငန်းရှင်တွေက ပေးကြမှာပဲဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ကျောက်တွေဆိုရင် တော်တော်များများက အိန္ဒိယ၊ တရုတ်၊ ယိုးဒယားမှာ အများကြီး။ အဲဒီကို ရောက်သွားတဲ့ကျောက်တွေက မြန်မာအစိုးရ အခွန်ရလားဆိုတော့ ကျနော် ထင်တယ် မရဘူး။ ဘာလို့လဲဆိုတော့ အခွန် တွေက များလို့ဖြစ်တယ်။ အဲဒီတော့ အခွန်သာ နည်းနည်းကောက်မယ်ဆိုရင် အောက်လမ်းကနေ မသွားတော့ဘူး။ တရားဝင် ပို့ကြလိမ့်မှာဖြစ်ပါတယ်။ ကျနော်တို့ အခွန်နည်းနည်းနဲ့ သွားမယ်ဆိုရင် လက်စွပ်ကို ကျနော်တို့ ထောင်ချီပြီး ပို့နိုင်တယ်။ သောင်းချီပြီးလည်းပို့နိုင်တယ်” ဟု ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လုပ်ငန်းပါမစ် ချထားပေးသော်လည်း ကျန်ရှိသောဆက်စပ်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်သော သတ္တုတွင်း ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြောင်း၊ ယင်းအပြင် ပြည်ပသို့ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်သို့ တရားဝင် တင်သွင်း၊ တင်ပို့ရာ၌ အာမခံ စနစ်တခု ထားပေးသင့်ကြောင်း ၎င်းက ပြောသည်။

“ဥပမာ ကျနော်တို့ အိန္ဒိယသွားတယ်။ ရောက်တဲ့အခါ ကျနော်တို့ ဆွဲကြိုးတခုကို သြစတြေးလျက အမက ငါ ဒါလိုချင်တယ် ပြောတဲ့အခါ ကျနော်တို့က အိန္ဒိယက အာမခံ ဌာနတခုမှာ အပ်တယ်။ သြစတြေးလျက ကျနော့်အမဆီကို တန်းရောက် သွားတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ လုပ်နိုင်မယ်ဆိုရင် ဒီပစ္စည်းကို ပျောက်ခဲ့ရင် ဘယ်လောက်လျှော်ရမယ်ဆိုတဲ့ အာမခံ လိုတယ်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ထိုင်နေရင်း အလုပ်ဖြစ်မယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေလည်း များလာမှာဖြစ် တယ်”ဟု ဦးဝင်းမြင့်က အာမခံစနစ်နှင့် ပတ်သက်ပြီး ရှင်းပြသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service