ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်အတွင်း ကျပ် ၁၅,ဝ၀ဝ ဝန်းကျင် ဈေးပြန်ကျ

ပြည်တွင်းရွှေဈေးနှုန်း တစ်ပတ်အတွင်း ကျပ် ၁၅,ဝ၀ဝ ဝန်းကျင် ဈေးပြန်ကျ - Property News in Myanmar from iMyanmarHouse.com
2 Feb 2018 10:27 am တွင် တင်ခဲ့သည်
5009 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းရွှေဈေးနှုန်းသည် သီတင်း တစ်ပတ်အတွင်း တစ်ကျပ်သားလျှင်
ကျပ် ၁၅,ဝ၀ဝ ဝန်းကျင်ခန့် ဈေးနှုန်း ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေဈေးကွက်
အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက တစ်ကျပ်သားလျှင် ကျပ် ၉၅၅,၅၀ဝ အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းမှာ ဇန်နဝါရီ ၃၀ရက် နေ့လယ်ပိုင်းတွင် ကျပ် ၉၄၂,ဝ၀ဝသို့ ငါးရက်အတွင်း ဈေးနှုန်းကျပ် ၁၅,ဝ၀ဝ နီးပါး ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ် သည်။ ဇန်နဝါရီ ၂၉ရက်တွင် ပြည်တွင်း ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၉၄၆,ဝ၀ဝ ဝန်းကျင် အမြင့်ဈေးဖြင့် ဆက်ရှိ နေခဲ့ရာမှ တစ်ရက်အတွင်း ကျပ် ၆,ဝ၀ဝ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။"ရွှေဈေးကျတုန်းက ၉၁၀,၈၀ဝ လောက် ထိကျခဲ့ပြီးတော့ အဲဒီကနေ ၉၅၆,၅၀ဝ လောက်ထိ ပြန်တက်ခဲ့တယ်။ အဲဒီကနေ ပြန် ကျသွားတာ ခုဆိုရင် ၉၄၀,ဝ၀ဝ ဝန်းကျင် ကို ပြန်ရောက်သွားခဲ့တယ်။ အရောင်းအဝယ်က တော့ လျော့တယ်" ဟု မန္တလေးတိုင်းဒေသ ကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင် ထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် ပြည်တွင်း ရွှေဈေး လိုက်ပါကျဆင်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ ရွှေဈေးမှာ ဇန်နဝါရီ ၂၅ရက်တွင် တစ်ထရိုင် အောင်စကို ၁၃၆၆ ဒေါ်လာအထိရှိခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်တွင် ၁၃၃၆ ဒေါ်လာသို့ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး နှုန်းနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း အတက် အကျပေါ်တွင်မူတည်၍ ဈေးနှုန်းအပြောင်း အလဲများ ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ဇန်နဝါရီ ၃၀ရက်တွင် အနည်း ငယ်ပြန်လည်မြင့်တက်ခဲ့သည်။ ဇန်နဝါရီ၂၉ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၂၁ ကျပ်ရှိခဲ့ရာမှ ဇန်နဝါရီ ၃၀ ရက်၌ ၁၃၂၅ ကျပ်သို့ အနည်း ငယ်မြင့်တက်ခဲ့သည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၄၂,ဝ၀ဝ ဝန်းကျင်နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၈၈၆,၆၀ဝ ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service