သြစတေးလျ၏ အချမ်းသာဆုံးမိသားစုတစ်ခုဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင်မိသားစုက နေအိမ် ၆ လုံးပါ ခြံဝန်းကြီးကို မဲလ်ဘုန်းတွင် အမြင့်မားဆုံး စံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်တင်

သြစတေးလျ၏ အချမ်းသာဆုံးမိသားစုတစ်ခုဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင်မိသားစုက နေအိမ် ၆ လုံးပါ ခြံဝန်းကြီးကို မဲလ်ဘုန်းတွင် အမြင့်မားဆုံး စံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 11:29 am တွင် တင်ခဲ့သည်
6089 ကြိမ် ကြည့်ရှု့ပြီး
သြစတေးလျနိုင်ငံ၏ အချမ်းသာဆုံးမိသားစုများတွင် အပါအဝင်ဖြစ်သော The Roches မိသားစုသည် မဲလ်ဘုန်းမြို့ရှိ နေအိမ် ၆ လုံးပါ ခြံဝန်းကြီးကို ဒေသတွင်းအမြင့်မားဆုံး စံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်တင်လာကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ သြစတေးလျ အရှေ့တောင်ပိုင်း ဝိတိုရိယပြည်နယ်၊ မဲလ်ဘုန်းမြို့လယ်၏ အရှေ့တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိသော တိုရက်ခ်အရပ်တွင် ဖြစ်သည်။တိုရက်ခ်သည် ၂၀၁၆ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၉၀၉ နေထိုင်သည်။

ခြံဝန်းအကျယ်မှာ တစ်ဧကခန့်ရှိပြီး ခြံဝန်းအတွင်း နေအိမ် ၆ လုံးအထိ ပါဝင်ကာ သြစတေးလျဒေါ်လာ ၄၅ သန်းမှ သန်း ၅၀ ကြား (ကန်ဒေါ်လာ ၃၆ ဒသမ ၄၃ သန်းမှ ၄၀ ဒသမ ၄၈ သန်းကြား) ဖြင့် ဈေးခေါ်ထားသည်။

အဆိုပါဈေးနှုန်းမှာ ဝိတိုရိယပြည်နယ်တစ်ခုလုံးတွင် အမြင့်မားဆုံးအိမ်ခြံမြေဈေးနှုန်းအဖြစ် စံချိန်တင်သွားသည်။The Roche မိသားစုသည် သတ္တုတွင်းလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းများလုပ်ကိုင်သည်။

ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း ယခုခြံဝန်းအတွင်းရှိ နေအိမ် ၆ လုံးအနက် ၄ လုံးကို ခေတ်မီနေအိမ်များအဖြစ် ပြန်လည် ဆောက်လုပ်မွမ်းမံခြင်း၊ အခြား ၂ လုံးကို အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း နေအိမ်အရောင်းအဝယ်ကို ကိုင်တွယ်ထားသည့် CBRE Australia နှင့် Abercromby’s Real Estate ကုမ္ပဏီတို့က ဆိုသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းက တိုရက်ခ်အရပ်ရှိ ၁ ဒသမ ၃ ဧကကျယ်ဝန်းသော ခြံဝန်းတစ်ခုကို နိုင်ငံခြားဝယ်လက်တစ်ခုက သြစတေးလျဒေါ်လာ သန်း ၄၀ (ကန်ဒေါ်လာ ၃၂ ဒသမ ၃၈ သန်း) ဖြင့် ဝယ်ယူခဲ့သည်မှာ နောက်ဆုံးစံချိန်တင် ဈေးနှုန်းဖြစ်ခဲ့သည်။

The Roche မိသားစုမတိုင်မီက ပိုင်ဆိုင်ခဲ့သည်မှာ စထရက်ဖို့ဒ်ဖောက်စ်နှင့် ဇနီးဖြစ်သူ မွိုင်နာတိုပဖြစ်ကြသည်။
မူလက ၁၉၂၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် “Windarring” အမည်ရှိ စံအိမ်တစ်လုံးတည်းကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း နှစ်ပေါင်း ၂၀ ကာလအတွင်း ကပ်လျက်နေအိမ် ၅ လုံးကို ဝယ်ယူခဲ့ရာမှ နေအိမ် ၆ လုံးပါ ခြံဝန်းကြီးဖြစ်သွားခြင်း ဖြစ်သည်။

The Roche မိသားစုက ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စထရက်ဖို့ဒ်ဖောက်စ်က ရရှိလာသည့် အမြတ်အစွန်းအားလုံးကို စိတ်ရောဂါသုတေသနအတွက် လှူဒါန်းခဲ့သည်။ပင်မနေအိမ်ဖြစ်သော “Windarring” စံအိမ်ကိုလည်း ခေတ်မီအဆင့်မြှင့်တင်ရန်စီစဉ်ထားသည်ဟု ဆိုသည်။

မဲလ်ဘုန်းသည် ကမ္ဘာလုံးဆိုင်ရာမြို့ကြီးတစ်မြို့ဖြစ်လာနေပြီး နိုင်ငံတကာဝယ်လက်များ ဝင်ရောက်ဝယ်ယူမှု များစွာရှိလာနေကာ အထူးသဖြင့် တရုတ်၊ စင်္ကာပူ၊ မလေးရှားနှင့် ဟောင်ကောင်တို့မှဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သြစတေးလျ၏ အချမ်းသာဆုံးမိသားစုတစ်ခုဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင်မိသားစုက နေအိမ် ၆ လုံးပါ ခြံဝန်းကြီးကို မဲလ်ဘုန်းတွင် အမြင့်မားဆုံး စံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
သြစတေးလျ၏ အချမ်းသာဆုံးမိသားစုတစ်ခုဖြစ်သော အိမ်ခြံမြေလုပ်ငန်းရှင်မိသားစုက နေအိမ် ၆ လုံးပါ ခြံဝန်းကြီးကို မဲလ်ဘုန်းတွင် အမြင့်မားဆုံး စံချိန်တင်ဈေးဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service