ရွှေဈေးကွက်အလားအလာသစ်

ရွှေဈေးကွက်အလားအလာသစ် - Property News in Myanmar from iMyanmarHouse.com
1 Feb 2018 10:55 am တွင် တင်ခဲ့သည်
6263 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် ရွှေကို အခြားသော ရတနာအမည်များထက် ပိုမိုတန်ဖိုးထားမြတ်နိုးကြသည်။ နိုင်ငံသားများသည် ရွှေကို အတုံးလိုက်သော်လည်းကောင်း၊ ရွှေထည်ပစ္စည်းအနေဖြင့်သော်လည်းကောင်း စုဆောင်းလေ့ရှိကြသည်။

နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုကြသလို ရွှေတုံး၊ ရွှေချောင်းများကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။မြန်မာနိုင်ငံတွင် ရွှေကို အခြားသော ရတနာအမည်များထက် ပိုမိုတန်ဖိုးထားမြတ်နိုးကြသည်။ နိုင်ငံသားများသည် ရွှေကို အတုံးလိုက်သော်လည်းကောင်း၊ ရွှေထည်ပစ္စည်းအနေဖြင့်သော်လည်းကောင်း စုဆောင်းလေ့ရှိကြသည်။

နိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုကြသလို ရွှေတုံး၊ ရွှေချောင်းများကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။

ရန်ကုန်နှင့် မန္တလေးတွင် ရွှေလက်ကားဈေးကွက်ကြီးများရှိပြီး ရန်ကုန်လက်ကား ဈေးကွက်တွင် နေ့စဉ်ပျမ်းမျှ ရွှေချိန် ၁ဝ မှ ၂ဝ ပိဿာအကြား အရောင်းအဝယ်ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ ရွှေထည်ပစ္စည်းများကို ရတနာဆိုင်များတွင်သာ အဓိက အရောင်းအဝယ်ပြုကြသည်။

မြန်မာနိုင်ငံ၏ ရွှေဈေးကွက်သည် ပြည်တွင်းဝယ်အားဖြင့်သာ လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ပြည်ပသို့ပို့ခြင်းကို အစဉ်အဆက်တားမြစ်ခဲ့သည်။ပို့ခွင့်သွင်းခွင့်ပြုပြီ

ရွှေသည် ခေတ်အဆက်ဆက် တင်ပို့မှုပိတ်ပင်ထားသည့် ကုန်စည်စာရင်းမှ ယခုအစိုးရလက်ထက်တွင်မူ ရွှေပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်းတို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်ကစပြီး တရားဝင်ခွင့်ပြုပေးလိုက်သည်။ ယခင်က တင်သွင်းခွင့်ကို ပိတ်ပင်ကန့်သတ်ထားခြင်းမရှိသော်လည်း တရားဝင် တင်သွင်းခွင့်ပြုသည့် စည်းမျဉ်းများ ထုတ်ပြန်ထားခြင်းမရှိခဲ့ပေ။

ရောင်းလိုအားနှင့် ဝယ်လိုအားအရ အမှန်ဈေးကွက်ကို မဖော်ဆောင်နိုင်သဖြင့် ရောင်းအား၊ ဝယ်အားနှစ်ခုကိုသာ အခြေခံသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်ရန်ရည်ရွယ်ပြီး ရွှေကိုပြည်ပသို့ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းတို့ကို ခွင့်ပြုခြင်းဖြစ်သည်ဟု အစိုးရက ဆိုသည်။

''ရွှေက တန်ဖိုးလည်း မြင့်တယ်၊ နိုင်ငံမှာလည်း ရွှေတူးတဲ့လုပ်ငန်းတွေလည်းရှိတော့ ပို့နိုင်အောင်၊ တစ်ဖက်ကလည်း တရားမဝင် ထွက်သွားတာတွေ၊ ဝင်လာတာတွေရှိတော့ တရားဝင်လုပ်နိုင်တယ်ဆိုရင် တရားဝင်လမ်းကြောင်းပေါ် ရောက်လာမယ်။ နိုင်ငံအနေနဲ့လည်း အခွန်အကောက်တွေရမယ်''ဟု စီးပွား/ကူးသန်းဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မှတ်ချက်ပေးသည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်မှုပြုလုပ်နေသော ရွှေတုံး၊ ရွှေချောင်းများသာမက ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာ၊ ရွှေလက်ဝတ်ရတနာ၊ ရွှေစောင်း၊ ရွှေဘောပင်၊ ရွှေဖလား ကဲ့သို့သော ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်များကို ပြည်ပပို့နိုင်မည်ဖြစ်သည်။

သန့်စင်မှု ၉၉ ဒသမ ၉ ရာခိုင်နှုန်းအထက်ရှိ စံချိန်မီရွှေကိုမူ ဗဟိုဘဏ်ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်ပသို့ ရွှေပို့ခြင်းကို နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ခွင့်ပြုပြီး ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ်လမ်းကြောင်း စသည့် လမ်းကြောင်းစုံမှ ကုန်သွယ်ခွင့်ပြုထားသည်။

ဘာတွေသက်ရောက်မှုရှိမလဲ

ရွှေသွင်းခွင့် ပို့ခွင့်ပြုခြင်းကြောင့် လတ်တလောအခြေအနေများအရ ရွှေဈေးကွက်အပေါ် တစ်စုံတစ်ရာ ကြီးကြီးမားမား သက်ရောက်မှုမရှိနိုင်ဟု ရွှေလုပ်ငန်းအသိုင်းအဝိုင်းက ဆိုကြသည်။

ပြည်တွင်းဈေးကွက် ထိခိုက်မှုမရှိစေရန်အတွက် ရွှေဈေးကွက် စောင့်ကြည့်အကဲဖြတ် ထိန်းညှိရေးကော်မတီကို အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ငွေကြေးဈေးကွက်ထိန်းညှိခြင်း၊ ပြည်တွင်းထုတ်လုပ်မှု၊ ဝယ်လိုအားနှင့် ရောင်းလိုအား ချိန်ညှိခြင်း၊ တင်ပို့/တင်သွင်း ခွင့်ပြုမည့်ပမာဏတို့ကို ယင်းကော်မတီက သတ်မှတ်ဆောင်ရွက်မည်ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက ဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်းနှင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိမရှိ မြန်မာတိုင်း(မ်)က မေးမြန်းမှုကို ''Monitoring (စောင့်ကြည့်ရေး) ကော်မတီမျိုးရှိရင်တော့ မဖြစ်ဘူး၊ နိုင်ငံရဲ့ကုန်သွယ်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု၊ ရွှေထုတ်လုပ်မှု၊ သုံးစွဲမှု၊ အဲဒါတွေအပေါ် အားလုံးစဉ်းစားပြီးမှ ဘယ်လောက်ပို့မယ် သွင်းမယ်ဆိုပြီးသွားမှာဖြစ်တဲ့အတွက် သက်ရောက်မှုမရှိနိုင်ဘူး ''ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဦးကျော်ဝင်းက ဖြေဆိုသည်။

''ဈေးကွက်အပေါ် လောလောဆယ်တော့ အများကြီးအပြောင်းအလဲ မဖြစ်နိုင်ပါဘူး။ ဘာမှလည်းလုပ်ငန်းက မစသေးတော့ စတဲ့အချိန်ကျမှ သုံးသပ်လို့ရပါမယ်''ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။

''ရွှေဈေးတွေက ထပ်တော့မတက်နိုင်ပါဘူး။ နိုင်ငံတကာဈေးက နိမ့်ပြီး ပြည်တွင်းဈေးက မြင့်ရင် ဘယ်သူမှ တင်ပို့ဖို့ ကိုက်မှာမဟုတ်ဘူး''ဟု တိတ်စိန် ရတနာရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က မှတ်ချက်ပြုသည်။

စောင့်ကြည့်နေကြ

အစိုးရ၏ယခုခွင့်ပြုချက်ကို ရွှေလုပ်ငန်းရှင်များကိုယ်တိုင် တုံ့ပြန်လှုပ်ရှားမှု မလုပ်သေးဘဲ လေ့လာစောင့်ကြည့်သည့် အနေအထားသာရှိနေသေးသည်ဟု သိရှိရသည်။

ရွှေတင်သွင်းခြင်းနှင့် တင်ပို့ခြင်းအတွက် လုပ်ထုံးလုပ်နည်းများ လွယ်ကူအဆင်ပြေမှုရှိ/မရှိအပေါ် လေ့လာနေကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

''ရွှေဈေးက နိုင်ငံတကာဈေးကွက်မှာ တစ်နေ့ကို သုံးလေးကြိမ်လောက်ပြောင်းနေတယ်။ လိုင်စင်လျှောက်တဲ့နေရာမှာ မြန်ဆန်ဖို့လိုတယ်။ ထောက်ခံစာတွေယူရာမှာ ရက်တွေကြာသွားရင် ဈေးက ဟသွားပြီလေ''ဟု မြန်မာ ရွှေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပတင်ပို့ခွင့်ပိတ်ပင်ထားသော ရွှေကို ပထမဦးဆုံးအကြိမ်အဖြစ် ပြည်ပသို့တင်ပို့ခြင်းကို ခွင့်ပြုခြင်းကိုမူ ရွှေလုပ်ငန်းရှင်တို့က ကြိုဆိုကြပြီး ရေရှည်တွင် မြန်မာရွှေဈေးကွက် အလားအလာအတွက် ကောင်းမွန်လာစေမည်ဟု ဆိုကြသည်။

''Export Import တံခါးဖွင့်လိုက်တဲ့အတွက် ပိုပြီးတော့ လုပ်သာကိုင်သာရှိလာမယ်။ ရွှေကို Export Import လုပ်ချင်တဲ့သူတွေအတွက် အကျိုးရှိမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။

အခွန်

ရွှေတင်ပို့/တင်သွင်းသူများအတွက် ပြည်တွင်းအခွန်ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်ရမည်ဟု စီးပွား/ကူးသန်းက ဆိုသည်။

၂ဝ၁၇ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် တစ်ရာခိုင်နှုန်းကောက်ခံနေသည်။

ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ကုန်စည်တစ်မျိုးမျိုးကို ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းမှ နိုင်ငံခြားငွေရရှိလျှင် အဆိုပါနိုင်ငံခြားငွေဖြင့် ရောင်းရငွေကို သက်ဆိုင်ရာနှုန်းအတိုင်း တွက်ချက်ပေးဆောင်ရန် ပြဌာန်းထားသည်။

သို့ရာတွင် ယခင်က တားဆီးထားသော ပို့ကုန်အမည်စာရင်းတွင် ပါဝင်နေခြင်းကြောင့် ရွှေကို မည်သည့်နှုန်းဖြင့် ကောက်ခံမည်ကို လုပ်ငန်းရှင်များ မသိရသေးပေ။ သွင်းကုန်အနေဖြင့်မူ အကောက်ခွန် ၁၅ ရာခိုင်္ငနှုန်းရှိသည်။

''တင်ပို့တင်သွင်းဖို့ဆိုတာ စီးပွားရေးအရဖြစ်နိုင်တဲ့ အနေအထားဖြစ်အောင် အကောက်ခွန်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပြင်ပေးဖို့လိုသေးတယ်။ အခွန်အကောက်ဥပဒေမှာဆိုလည်း ရွှေထည်လက်ဝတ်ရတနာဆိုပြီးပဲ ပါတယ်၊ ကျန်တဲ့ ရွှေအမျိုးအစားတွေက မပါပြန်ဘူး၊ အခွန်အကောက်ဥပဒေမှာ ရွှေကို အုပ်စုတစ်ခုအနေဖြင့် ဖော်ပြပေးဖို့ တင်ပြထားတယ်။ ရွှေကို အုပ်စုတစ်ခုအနေနဲ့ ဖော်ပြရင် ပိုရှင်းသွားတာပေါ့''ဟု ဦးကျော်ဝင်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် တစ်ကြိမ် ပြင်ဆင်ပြဌာန်းသည်။

မြန်မာနိုင်ငံ၏ ရွှေထည်လက်ဝတ်ရတနာများအပေါ်မူ ပြည်ပဈေးကွက်က စိတ်ဝင်စားမှု မရှိနိုင်သော်လည်း ရွှေတုံး၊ ရွှေချောင်းများမှာမူ ကမ္ဘာ့ဈေးနှုန်းနှင့် ပြည်တွင်းဈေးနှုန်းများ အပေါ်မူတည်ပြီး အရောင်းအဝယ်များဖြစ်လာနိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂ဝ၁၇ နှစ်ကုန်ပိုင်းအထိ စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ရွှေသတ္တုအကြီးစားထုတ်လုပ်မှု ငါးခုခွင့်ပြုထားပြီး ရွှေသတ္တုအသေးစားထုတ်သည့်လုပ်ငန်း ၃၅ဝ ခွင့်ပြုထားသည်။ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တို့မှ ရွှေအဓိက ထုတ်လုပ်လျက်ရှိသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service