ကျပ်သိန်း ၁ဝ၉ သိန်းမှ အမြင့်ဆုံး၁၇၃သိန်းရှိတိုက်ခန်းများ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ရောင်းချမည်

ကျပ်သိန်း ၁ဝ၉ သိန်းမှ အမြင့်ဆုံး၁၇၃သိန်းရှိတိုက်ခန်းများ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တိုက်ရိုက်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Jan 2018 9:57 am တွင် တင်ခဲ့သည်
6317 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိတစ်ခန်းလျှင်အနိမ့်ဆုံးကျပ်၁ဝ၉သိန်းမှ အမြင့်ဆုံးကျပ်၁၇၃သိန်းကြားရှိတိုက်ခန်းများ

အားလက်ငင်းငွေချေစနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတိုက်ရိုက်ရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်စက်မှုလမ်းနှင့်ပိတောက်လမ်းထောင့်ရွှေပြည်သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိရှစ်ခန်းတွဲခြောက်ထပ်တိုက်RC အဆောက်အအုံလေးလုံးမှ တစ်ခန်းလျှင်၄၉ဝစတုရန်းပေရှိ အခန်းများအားရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြေညီထပ်ရှိအခန်းတစ်ခန်းလျှင်ကျပ်၁၇၄သိန်း၊ပထမထပ်လျှင်၁၅၄သိန်း၊ဒုတိယထပ်မှာ ကျပ်၁၄၄သိန်း၊တတိယထပ်မှာကျပ်၁၃၃သိန်း၊စတုတ္ထထပ်တစ်ခန်းလျှင်၁၂၂သိန်း၊ပဉ္စမထပ်လျှင် ကျပ်၁ဝ၉သိန်းဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊တန်ဖိုးသင့်နှင့်တန်ဖိုးမျှတအိမ်ရာများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏မည်သည့်ဘဏ်ခွဲတွင်မဆိုအိမ်ရာစုဆောင်းငွေစာရင်း(Housing Saving Account)အားကျပ်ငွေ ၁ဝ,ဝဝဝနှင့်စတင်၍ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသောတိုက်ခန်းတန်ဖိုး၏ ၃ဝရာခိုင်နှုန်းအားပြည့်မီပြီး CHD ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

တန်ဖိုးနည်းအိမ်ရာများဝယ်ယူရန်အတွက် တိုက်ခန်းတန်ဖိုး၏ ကနဦးပေးသွင်းငွေအား ယခင်ရာခိုင်နှုန်း ၃ဝမှ လက်ရှိအချိန်တွင်ရာခိုင်နှုန်း ၂ဝအထိလျှော့ချပြီး ကျန်သည့်ရာခိုင်နှုန်း ၈ဝကိုနှစ်ရှည်ချေးငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လစဉ်စုဆောင်းရမည့် ငွေပမာဏအား သတ်မှတ်ထားခြင်းမရှိသည့် မိမိဝင်ငွေပေါ်မူတည်၍ လစဉ် ပုံမှန်စုဆောင်းရမည်ဖြစ်ကြောင်း၊စုဆောင်းထားစဉ်တွင်လည်းမိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ဒသမ၅ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။

အစိုးရနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ ဝန်ထမ်းများအတွက် အငှားအိမ်ရာနှင့် အခြားအရောင်းအိမ်ရာများပါဝင်ပြီး အိမ်အခန်းပေါင်း ၇ဝဝခန့်ရှိသည့်ကနဦးတန်ဖိုးနည်းအိမ်ရာစီမံကိန်း(Pilot Project)အားမြို့ကြီးသုံးခုတွင် စတင်ဆောင်ရွက်နေပြီး စီမံကိန်းလျာထားချက်ရာခိုင်နှုန်း ၅ဝသည် ၂ဝ၁၈ခုနှစ်အတွင်းပြီးစီးမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Credit :Daily Eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service