လချုပ်ဖြင့် အိမ်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ

လချုပ်ဖြင့် အိမ်ခန်းဌားရမ်းခြင်းစာချုပ် နမူနာပုံစံ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2018 12:44 pm တွင် တင်ခဲ့သည်
5738 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လချုပ်ဖြင့်အိမ်ခန်းဌားရမ်းခြင်း နှစ်ဦးသဘောတူကတိစာချုပ်

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ.တွင် အောက်ပါအမည်ပါသူတို.သည်ဤအိမ်ခန်းကို နှစ်ချုပ်ဖြင့်ဌားရမ်းခြင်းကတိစာချုပ်တစ်ရပ်ကို ရန်ကုန်မြို.၌ ပြုလုပ်ချုပ်ဆိုကြပါသည်။

အိမ်ရှင် ။ ။ ဦးပြုံး (မှတ်ပုံတင် ……………)
အမှတ်( …..) အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

အိမ်ဌား ။ ။ ဒေါ်ရီ (မှတ်ပုံတင် …………..)
အမှတ် (……….) ၊ ဦးချစ်မောင်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊
ဗဟန်းမြို.နယ်၊ ရန်ကုန်မြို.။

(အထက်အမည်ပါ အိမ်ရှင်နှင့် အိမ်ဌားဟုဆိုရာ၌ ထိုစကားရပ်၏အဓိပ္ဗာယ်တွင် ၎င်းတို.အသီးသီးကိုယ်တိုင်အပြင် ၎င်းတို.၏ အမွေခံများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် လွှဲပြောင်းခြင်းခံရသူ အားလုံးပါဝင်သည်ဟု မှတ်ယူကြပါသည်)

၁။ အထက်အမည်ပါ အိမ်ရှင်နှင့်အိမ်ဌားတို.သည် အိမ်ရှင်ဥပဒေနှင့်အညီ တရားဝင်ပိုင်ဆိုင်ပြီး ဌားရမ်းပိုင်ခွင့်ရှိသည့် အောက်အညွှန်းဇယားတွင် တိကျစွာ ဖော်ပြထားသည့် နေအိမ်ခန်းအား လချုပ်စနစ်ဖြင့် အထက်အမည်ပါ အိမ်ဌားအား အောက်ပါစည်းကမ်းများနှင့်အညီ ဌားရမ်းရန် နှစ်ဦးသဘောတူညီကြပါသည်။

အိမ်ခန်းဌားရမ်းခြင်း စည်းကမ်းချက်များ

(၁) ဌားရမ်းသည့်အိမ်ခန်းကို တစ်လချင်းပေးစနစ်ဖြင့် တစ်လလျှင် ၂၀၀၀၀၀ (ကျပ် နှစ်သိန်းတိတိ) ဖြင့် (၁၅.၇.၂၀၁၅) မှ (၁၅.၇.၂၀၁၆) ထိ (၁၂)လ တိတိ ဌားရမ်းပါသည်။ ဌားရမ်းခများကို အိမ်ဌား၏ဆန္ဒအရ အိမ်ရှင်သို. ကြိုတင်၍ အပြီးပေးချေပါမည်။

(၂) နေအိမ်ခန်းအား လူနေထိုင်ရန် အိမ်ရှင်မှ သဘောတူပါသည်။ လူဦးရေ (……..) ဦးသာ နေထိုင်ခွင့်ရှိပါသည်။

(၃) အိမ်ဌားဖြစ်သူသည် အခြားသူအားထပ်ဆင့်ဌားရမ်းခြင်း၊ အခမဲ့ထားရှိခြင်း မပြုလုပ်ရပါ။

(၄) အိမ်ဌားသည် အိမ်ရှင်၏ ခွင့်ပြုချက်မဘဲ နေအိမ်အား ပြင်ဆင်ခြင်း၊ တိုးချဲ.ခြင်း၊ တစ်ဆင့်ဌားရမ်းခြင်း မပြုလုပ်ရပါ။
(၅) အိမ်ဌားမှ ဥပဒေနှင့်မညီသောကိစ္စများ မပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။

(၆) အိမ်ဌားမှ ဌားရမ်းသည့်ကာလအတွင်း မိမိသုံးစွဲ.သည့် လျှပ်စစ်မီတာခများ၊ ရေခွန်တို.ကို ပေးဆောင်ရန် သဘောတူညီပါသည်။

(၇) အိမ်ဌား၏ ပေါ့ဆမှုကြောင့် ဌားရမ်းသည့်နေအိမ်အိမ်ခန်း၊ ရေပိုက်၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးပါက တန်ဖိုးကိုပေးလျှော်ခြင်း (သို.) ပြန်လည်ပြုလုပ်ပေးရန်

(၈) အိမ်ရှင်မှ ဌားရမ်းထားသည့် ဖော်ပြပါအိမ်ခန်းအတွင်းသို. ဝင်ရောက်စစ်ဆေးလိုပါက အိမ်ဌားမှနံနက် ၆ နာရီမှ ည ၆ နာရီအတွင်း ခွင့်ပြုရန်။

(၉) အိမ်ဌား၏ ဥပဒေနှင့်မညီညွတ်သော လုပ်ဆောင်မှုကြောင့် အိမ်ရှင်၌ နစ်နာဆုံးရှုံးမှု ပေါ်ပေါက်က ပြန်လည်၍ ပေးလျှော်ပါမည်ဟု အိမ်ဌားမှ သဘောတူဝန်ခံကတိပြုပါသည်။

(၁၀) အိမ်ဌားမှ ဆက်လက်မနေလို၍သော်လည်းကောင်း၊ အိမ်ရှင်မှ ဆက်လက်၍ မဌားရမ်းလို၍သော်လည်းကောင်း၊ တစ်ဦးကိုတစ်ဦး ဌားရမ်းကာလ မစေ့ရောက်မီ (၁)လကြိုတင်၍ အသိပေး အကြောင်းကြားရန်။

(၁၁) အိမ်ရှင်နှင့် အိမ်ဌားတို.သည် ဖေါ်ပြပါ နေအိမ်ခန်းအား ဆက်လက်၍ ဌားရမ်းလိုပါက နှစ်ဦးညှိနှိုင်း၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည်။

(၁၂) အိမ်ဌားသည် ဌားရမ်းကာလ စေ့ရောက်သည့် (၁၅.၇.၂၀၁၆) နေ.ရက်မှ နောက်ဆုံးထား၍ ဖော်ပြပါနေအိမ်ခန်းအား အိမ်ရှင်သို. အေးချမ်းသာယာစွာဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်၍ ဖယ်ရှားထွက်ပေးရပါမည်။ အိမ်ရှင်မှ မိမိသော့ဖြင့်ခတ်၍ အခန်းလက်ရောက်ရယူရန် သဘောတူပါသည်။

(၁၃) ဌားရမ်းကာလစေ့ရောက်၍ အိမ်ဌားသည် နေအိမ်ခန်းမှ ဖယ်ရှားသည့်အခါ အပိုငွေကြေးတစ်စုံတစ်ရာ မတောင်းခံပါဟုဝန်ခံကတိပြုပါသည်။

(၁၄) ဌားရမ်းကာလ မစေ့ရောက်မီ အိမ်ဌားမှ အိမ်ပြန်အပ်က ငွေပြန်မအမ်းပါ။

(၁၅) အိမ်ဌားမှ ပတ်ဝန်ကျင်အားဆူညံခြင်း၊ နှောက်ယှက်ခြင်းမပြုလုပ်ပါဟု ဝန်ခံကတိပြုပါသည်။ ၎င်းအပြင် အိမ်ဌားစည်းကမ်းချက်နှင့်အညီ နေထိုင်ပါမည်ဟု ဝန်ခံကတိပြုပါသည်။ဌားရန်သည့် အိမ်ခန်းစာရင်းဇယား

ရန်ကုန်မြို.၊ ဗဟန်းမြို.နယ်၊ ဆရာစံတောင် (စံပြ) ရပ်ကွက်၊ ငွေလရောင်းလမ်း ၊ အမှတ် (……) (၆)ထပ်တိုက်၊ မြေညီထပ်၊ (၂၀’ x ၄၀’) ပေရှိ ရေးမီးစုံ တိုက်ခန်း (၁)ခန်း

၂။ သို.ဖြစ်ရာ အိမ်ဌားမှ (၁၂)လအတွက် ဌားရမ်းခငွေ စုစုပေါင်း ကျပ် ၂၄၀၀၀၀၀ိ/- (ကျပ်နှစ်ဆယ့်လေးသိန်းတိတိ) ကို ကနေ.တွင် ကြိုတင်၍ပေးချေရာ အိမ်ရှင်မှ အပြည့်အဝ လက်ခံရရှိပါကြောင်းဤစာချုပ်ဖြင့် ဝန်ခံပါသည်။

၃။ ထိုနည်းတူ အိမ်ဌားဖြစ်သူမှလည်း မိမိဌားရမ်းသည့် အထက်ဖော်ပြပါ နေအိမ်ခန်းအား နေအိမ်ခန်းအား လွှဲပြောင်းလက်ခံရရှိကြောင်း ဝန်ခံပါသည်။

၎။ အထက်စာချုပ်ပါ စကားရပ်များကို မိမိကိုယ်တိုင် သေချာစွာ ဖတ်ရှု၊ သိရှိ၊ နားလည်းသဘောပေါက်ကြပြီး အောက်ပါအသိသက်သေများ၏ ရှေ.တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။

(ဦးပြုံး) (ဒေါ်ရီ)
အိမ်ရှင် အိမ်ဌား

အသိသက်သေများ

၁။ အမည် …………
မှတ်ပုံတင် …………
နေရပ် …………………..

၂။ အမည် …………………
မှတ်ပုံတင် …………………
နေရပ် …………………..

Credit : U Myint Lwin ( Lawyer )

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service