တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ

တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Jan 2018 11:28 am တွင် တင်ခဲ့သည်
5128 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် နှစ်စဉ်ဝင်ငွေ ပေါင် ၇၀၀၀၀ (မြန်မာငွေ သန်း ၁၃၀၀ ကျော်) ရရှိနေသည့် ရေစင်ကြီးတစ်ခုကို ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း အင်္ဂလန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လန်ဒန်မြို့အရှေ့တောင်ပိုင်း Lewisham အရပ်တွင် တည်ရှိပြီး ပေ ၁၂၀ မြင့်မားသည်။

ရေစင်တွင် အထပ် ၇ ထပ်ပါဝင်ပြီး ရုံးခန်းတစ်ခုလည်း ပါဝင်ကာ အဆောက်အအုံထိပ်တွင် တယ်လီဖုန်းတိုင်တစ်ခု တပ်ဆင်ထားသည်။
ခေါ်ဈေးမှာ ပေါင် ၁ ဒသမ ၂၅ သန်းဖြစ်သည်။ အပေါ်ဆုံးရှိ အထပ် ၂ ထပ်ကို တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ ၂ ခုထံ အငှားချထားပြီး ယင်းကုမ္ပဏီများက အဆောက်အအုံထိပ်တွင် ဖုန်းတာဝါတိုင်များ တပ်ဆင်ထားကြသည်။

ဝိတိုရိယတာဝါဟု အမည်ပေးထားသည့် အဆိုပါရေစင်တွင် မြေအောက်ခန်းလည်း ပါဝင်ပြီး လက်ရှိငှားရမ်းနေထိုင်သူက ဂီတအသံဖမ်းစတူဒီယိုအဖြစ် အသုံးပြုထားသည်။

မျှော်စင်ဘေးတွင် ကပ်လျက် ငါးထပ်အမြင့်ရှိ မျှော်စင်ငယ်တစ်ခု ထပ်မံဆောက်လုပ်ထားပြီး ပင်မမျှော်စင်နှင့် စင်္ကြန်တံတားဖြင့် ဆက်သွယ်ထားသည်။
ရေစင်၏ အထပ် ၄ ခုမှာ နှစ်စဉ်အငှားချထားပြီး အခြား ၃ ထပ်ကိုမူ ကာလတို ငှားရမ်းထားသည်။

အဆိုပါငှားရမ်းခစုစုပေါင်းမှာ တစ်နှစ်လျှင် ပေါင် ၇၁၀၀၀ ကျော်ရှိပြီး တယ်လီဖုန်းကုမ္ပဏီများကို အငှားချထားမှုမှ ရရှိငွေ ပေါင် ၃၁၅၀၀ လည်း အပါအဝင် ဖြစ်လေသည်။

“ ဒါက တော်တော်ရှားတဲ့ အရောင်းအဝယ်မျိုးပါ။ ကျွန်တော်အရင်က ဒါမျိုးတစ်ခုမျှ အရောင်းအဝယ်လုပ်မပေးခဲ့ဖူးဘူး။ ရေစင်ကို မွမ်းမံပြောင်းလဲထားတဲ့ အဆောက်အအုံမျိုးဆိုတာ ဈေးကွက်မှာ ခဏခဏတွေ့နိုင်တာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေတဲ့ အရောင်းအဝယ်မျိုးက ပိုပြီးရှားပါးပါတယ်”ဟု ဈေးကွက်တင်ပေးသည့်ကုမ္ပဏီ SHW မှ ဒါရိုက်တာ ရစ်ချတ် ပီလိုက ပြောကြားသည်။

အဆိုပါ ရေစင်ကို ၁၈၉၈ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်များအကြား Art Workers Guild တည်ထောင်သူ အားနက်စ် နယူးမန်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Art Workers Guild သည် ပန်းချီ၊ ပန်းပုနှင့် ဗိသုကာပညာရှင်များဆိုင်ရာ အဖွဲ့ဖြစ်ပြီး ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အောက်ခံကျောက်တုံးကြီးပေါ်တွင် အနီရောင်အုတ်များဖြင့် ဆောက်လုပ်ထားကာ အစိမ်းရောင်သုတ်ထားသည့် သံရေစည်ကြီးလည်း ပါဝင်သည်။
မူလက အနီးဝန်းကျင်ရှိ နေအိမ်များကို ရေပေးဝေခဲ့သည်ဟု ဆိုသည်။

အဆောက်အအုံ၏ ဖြတ်သန်းခဲ့သောနှစ်ကာလများစွာအတွင်း ပိုင်ရှင်မျိုးစုံပြောင်းလဲခဲ့ရာ ပိုင်ရှင်တစ်ဦးက ပင်မရေစင်ဘေးတွင် ကပ်လျက် ၅ ထပ်အမြင့်ရှိ မျှော်စင်တစ်ခု ထပ်မံဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
တစ်နှစ်လျှင် ဝင်ငွေ ပေါင် ၇၀၀၀၀ ကျော် ရရှိနေသည့် လန်ဒန်ရှိ ရေစင်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service