သမပိုင်မြေကွက်နှင့် အဆောက်အအုံများ ပြည်ထောင်စုအဆင့်က ပြန်လည်စိစစ်ရန် အကြံပြုမည်

သမပိုင်မြေကွက်နှင့် အဆောက်အအုံများ ပြည်ထောင်စုအဆင့်က ပြန်လည်စိစစ်ရန် အကြံပြုမည် - Property News in Myanmar from iMyanmarHouse.com
26 Jan 2018 10:54 am တွင် တင်ခဲ့သည်
6295 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမ အသင်းပိုင်အဖြစ် နိုင်ငံတော်က မြေငှားဂရန်၊ ယာယီမြေငှားဂရန်နှင့် မြေချပါမစ်များ အသီးသီးထုတ်ပေးထားသော မြေကွက်နှင့်အဆောက်အအုံများကို ပြည်ထောင်စုအဆင့်မှ ပြန်လည်စိစစ်ရန် အကြံပြုမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“သ/မ ဥပဒေမှာ ခေတ်စနစ်နဲ့မညီလို့ ပြင်ဆင်သင့်တဲ့အပိုင်းတွေ ရှိတယ်။ နိုင်ငံတော်က ပုံစံမျိုးစုံနဲ့ သမဝါယမအသင်းတွေကို မြေငှားဂရန်တွေ ထုတ်ပေးခဲ့တယ်။ အခုဆို အသုံးမပြုတဲ့ အဆောက်အအုံနဲ့ မြေကွက်တွေရှိတယ်။ ဒါတွေကို ပြန်စိစစ်ပြီးတော့ တခြားနေရာတွေမှာ အစားထိုးသုံးလို့ရတာပေါ့”ဟု တိုင်းအစိုးရအဖွဲ့မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်း ၄၄ မြို့နယ်ရှိ သမဝါယမအသင်း ၂၈၂၂ သင်းတွင် မြေကွက် စုစုပေါင်း ၇၁၄ ကွက်ပိုင်ဆိုင်သည့်အနက် ဂရန်အမည်ပေါက်သည့် မြေကွက် ၁၄၆ ကွက်၊ ယာယီမြေငှားဂရန်အနေနှင့် မြေကွက် ၆၅ ကွက်၊ မြေချပါမစ်အနေနှင့် မြေကွက် ၇၇ ကွက်အပြင် ဂရန်မရှိသေးသည့် မြေကွက် ၄၂၆ ကွက် ပါဝင်နေကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“မြေကွက်နဲ့ အဆောက်အအုံတွေက သမဝါယမအသင်းအနေနဲ့ အကုန် အမည်ပေါက် ပိုင်တာလား။ နိုင်ငံတော်က ဟိုးအရင် သမဝါယမလုပ်ငန်းတွေ လုပ်စဉ်က ခွင့်ပြုပေးထားတဲ့ နိုင်ငံတော်ပိုင်အခန်းတွေ ဖြစ်၊ မဖြစ်ပေါ့။ ဒါပဲ အဓိက မေးခဲ့တာပါ”ဟု ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

ထို့အပြင် သမဝါယမ အဆောက်အအုံများအဖြစ် အခြေစိုက်ဖွင့်ထားသော အဆောက်အအုံ ၁၅၈၈ ခုတွင် သမဝါယမအသင်းပိုင် အဆောက်အအုံအနေနှင့် ၁၃၈၁ ခုသာရှိပြီး အခြားမှပိုင်ဆိုင်သော အဆောက်အအုံ ၁၅၇ ခုအပြင် မြေငှားမှပိုင်ဆိုင်ထားသည့် အဆောက်အအုံ ၅၀ တို့ကို အသီးသီး စာရင်းကောက်ခံ ရရှိထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အဆိုပါမြေကွက်နှင့် အဆောက်အအုံများကို သမဝါယမအသင်းများက စီမံခန့်ခွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ဖြေကြားထားသည်။

သမဝါယအသင်း၊ အသင်းစုများကို သမဝါယမ ဦးစီးဌာနအနေနှင့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိန်းကျောင်းတည့်မတ်၍ အသင်းဖွဲ့စည်းပေးခြင်း၊ ပညာပေးခြင်းတို့သာ ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောကြားသည်။

“သမဝါယမအသင်းပိုင်နဲ့ ဦးစီးဌာနပိုင်ဆိုပြီးတော့ နှစ်မျိုးရှိတယ်၊ ၁၉၉၂ ဥပဒေအရ သမဝါယအသင်းအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်က အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာနဲ့ အသင်းသူ/အသင်းသား အားလုံး သဘောတူဆုံးဖြတ်ချက်နဲ့ သက်ဆိုင်တယ်။ တိုးတက်ရာ တိုးတက်ကြောင်းဆိုလည်း အသင်းသားတွေဆန္ဒနဲ့ဘဲ လွတ်လွတ်လပ်လပ် လုပ်ကြပါတယ်”ဟု ၎င်းက ရှင်းပြသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service