တည်ဆောက်ရေးလုပ်ငန်းများအပေါ် ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကိုသာ ကျင့်သုံးသွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြင်ဆင်နေ

တည်ဆောက်ရေးလုပ်ငန်းများအပေါ် ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကိုသာ ကျင့်သုံးသွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြင်ဆင်နေ - Property News in Myanmar from iMyanmarHouse.com
26 Jan 2018 10:39 am တွင် တင်ခဲ့သည်
6081 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂ဝ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကိုသာ ကျင့်သုံးဆောင်ရွက်သွားရန် ပြင်ဆင်နေကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ဇန်နဝါရီလ ၂၄ ရက်နေ့က ပြောကြားလိုက်သည်။

အဆိုပါနေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရခိုင်ပြည်နယ်ရှိ ကင်းချောင်းတံတားတည်ဆောက်ရေးစီမံကိန်းအတွက် သြစတြေးလျနိုင်ငံမှ ငွေချေးယူမည့်ကိစ္စအပေါ် ရှင်းလင်းရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင် ရွက်တော့ဘဲ ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလအတွင်း ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းအတွက် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အချက်များကို ရေးဆွဲနေကြောင်း ၄င်းက ဆိုသည်။

“ Regulatory Bodyအတွက် လိုအပ်တဲ့ Rule and Regulationတွေ၊ Standatd Operation Procedure( SOP )တွေကို ရေးဆွဲလျက်ရှိပါတယ် ” ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကို စတင်ကျင့်သုံးမည့် ၂၀၂၀၊ ဒီဇင်ဘာလနောက်ပိုင်းတွင် ဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင်ရွက်တော့ဘဲ Privatizationအဖြစ် ပြောင်းလဲပြီး ပုဂ္ဂလိ က အခန်းကဏ္ဍကသာ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ အခုတည်ဆောက်ရေးပိုင်းနဲ့ ပတ်သက်ပြီး ပြင်ပဆောက်လုပ်ရေး ကုမ္ပဏီတွေကိုလည်း ရန်ကုန်မှာရှိတဲ့ သုဝဏ္ဏသင်တန်းကျောင်းနဲ့ နေပြည်တော်ရုံးချုပ်တွေမှာ နည်းပညာပိုင်းဆိုင်ရာ Transferတွေ လုပ်ပေးလျက်ရှိပါတယ် ” ဟု ဦးကျော်လင်းက ပြောသည်။

ယခုနောက်ပိုင်းတွင် အစိုးရက ပုဂ္ဂလိကကုမ္ပဏီများကို အလေးထားလာသော်လည်း တပ်မတော်အစိုးရ လက်ထက်ကတည်ထောင်ခဲ့သည့် ကုမ္ပဏီကြီးများကသာ လုပ်ကိုင်ခွင့်ရရှိမည်ကို စိုးရိမ်မိကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

“ ခရိုနီတွေတည်ထောင်တဲ့ ကုမ္ပဏီတွေကတော့ ရဖို့များပါတယ်၊ နောက်ပိုင်းမှာဖြစ်လာတဲ့ ကုမ္ပဏီတွေက တော့ အရင်းအနှီးမတတ်နိုင်ဘူးလေ၊ ဒါကြောင့် ဦးပိုင်( မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် )တို့လို့၊ တစ်ခြား အေးရှားဝေါလ်တို့လိုမျိုး ကုမ္ပဏီအကြီးကြီးတွေကပဲ ရဖို့များတယ်ဆိုတော့ လုပ်ငန်းရှင်တွေက ပိုပြီး ကြီးပွားလာမယ့်သဘောရှိတာပေါ့၊ အဲ့လိုလုပ်ငန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေကို လွှဲမယ်ဆိုရင်တော့ ငွေရေးကြေးရေးအားဖြင့်ရော၊ စက်ယန္တရားအားဖြင့်ရော လုပ်နိုင်တဲ့ ကုမ္ပဏီ အလွန်နည်းပါတယ်၊ ဒါကြောင့် ကြီးပွားမယ်ဆိုရင်တော့ ကုမ္ပဏီကြီးတွေပဲ ကြီးပွားလိမ့်မယ်၊ ဆိုလိုတာကတော့ အနည်းစုက ပိုပြီးတော့ ချမ်းသာလာမှာပေါ့ဗျာ ” ဟု ၄င်းက ပြောသည်။

တည်ဆောက်ရေးလုပ်ငန်းများကို ကိုယ်တိုင်မဆောင်ရွက်တော့မည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထိန်းသိမ်းကြီးကြပ်ရေးအပိုင်းကို ဆောင်ရွက်ရန်အတွက် အချိန်ကာလ သုံးနှစ်ခန့်ယူထားပြီး အရေးပေါ် ဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းများကို Standard Operation Procedure( SOP )တွင် ထည့် သွင်းရေးဆွဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ ၂၀၂၀ ဒီဇင်ဘာလ မတိုင်မီမှာ ဌာနကို Regulatory Bodyအဖြစ် ပြောင်းလဲသွားဖို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ် ” ဟု ၄င်းက ပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးနေ...

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျောင်းတက်ခဲ့ကာ အသက် ၂၅ နှစ်တွင် ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်လာသော လူငယ်တစ်ဦးအကြောင်း...

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အိမ်ရာချေးငွေစနစ်ဖြင့် ဝယ်ယူရန်လျှောက်ထားန...

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများစွာ လျှို့ဝှက်ထားရသည့်အဖြစ်သနစ်...

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ်ဦးအကြောင်း ဂျပန်တွင် ဟိုးလေးတကြော်ဖြစ်နေ...

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service