စစ်ကိုင်းတန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့် လာမည့်လ မဲနှိုက်မည်

စစ်ကိုင်းတန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့် လာမည့်လ မဲနှိုက်မည် - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 11:41 am တွင် တင်ခဲ့သည်
6447 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအနီးတွင် တည်ဆောက်နေသည့်တန်ဖိုးနည်းတိုက်ခန်းများတွင် နေထိုင်ခွင့်ကိုလာမည့်ဖေဖော်ဝါရီလတွင် မဲနှိုက်ချထားပေး
မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်
ဦးစီးမှူးဦးဇော်မင်းဌေးက ယခုလ ဒုတိယပတ်က ပြောသည်။

'' လာမယ့်လမှာ မဲနှိုက်ချထားပေးမှာဖြစ်ပါတယ်။ မဲနှိုက်ပြီး မကြာခင်အချိန်မှာ မဲပေါက်တဲ့ သူတွေအနေနဲ့ တက်ရောက်နေထိုင်ခွင့်ရမှာပါ။ အဓိကရည်ရွယ်တာက အိမ်မရှိ၊ဝင်းမရှိ၊ ဝင်ငွေနည်းတဲ့သူတွေနဲ့ အစိုးရဝန်ထမ်း လုပ်သက် ၂၅ နှစ်ရှိ ဝန်ထမ်းများနဲ့အငြိမ်းစားတွေ အတွက်ပါ ''ဟု ၄င်းက ပြောသည်။

မန္တလေး-မုံရွာကားလမ်းဘေးရှိ နွားပွဲဈေးအနီးရှိ အဆိုပါတန်းဖိုးနည်း အငှားတိုက်ခန်းများကို စစ်ကိုင်းမြို့နယ်စည်ပင်သာယာပိုင်မြေပေါ်တွင် တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေဖြင့် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လက စတင်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

'' ကျွန်တော်တို့လည်းလျှောက်ထားပါတယ်။ လျှောက်လွှာခေါ်တော့ အိမ်မရှိတဲ့လူတွေအတွက်ဆိုတာနဲ့ လျှောက်ဖြစ်သွားတာပါ။ ပေါက်မယ်လို့ မျှော်လင့်တယ်။ အပြင်မှာအိမ်ငှားနေရင် ကိုယ့်ရတဲ့ တစ်နေ့လုပ်အားခနဲ့ ဘယ်လိုမှမလောက်ဘူး ''ဟု စစ်ကိုင်းမြို့မဈေးတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သည့် ဦးသိန်းလှိုင်က ပြောသည်။

အဆိုပါအငှားတိုက်ခန်းများကို တစ်လလျှင် ကျပ် နှစ်သောင်းမှ ကျပ်သုံးသောင်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ်ပြီး ယခုလ ဒုတိယပတ်ထိ လာရောက်လျှောက်ထားသူဦးရေ ၃၅ဝ ကျော်ပြီဖြစ် ကြောင်း ဦးစီးမှူးထံမှသိရသည်။

အဆိုပါတန်ဖိုးနည်းအငှားတိုက်ခန်း၏ အိမ်ရာပုံစံကို ၁၂ ခန်းတွဲပါ အထပ်လေးထပ်ရှိ အဆောက်အအုံအဖြစ် တည်ဆောက်ထားပြီ ပုံစံတူအဆောက်အအုံနှစ်လုံးရှိသည်။ စုစုပေါင်း အခန်းအရေအတွက်မှာ ၉၆ ခန်းရှိကာ တစ်ခန်းလျှင် အနံ ၁၈ ပေ အလျား ၂၅ ပေ ကျယ်ဝန်းပြီး အခန်းတိုင်းတွင် ရေနှင့်မီး အပြည့်အစုံပါဝင်ကြောင်း ဦးစီးမှူး ဦးဇော်မင်းဌေးထံမှ သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service