တံတားတည်ဆောက်ရန် ကျိန်းသေပြီဖြစ်သော်ငြား ဒလအိမ်ခြံမြေ ဈေးကွက်ငြိမ်သက်နေဆဲ

တံတားတည်ဆောက်ရန် ကျိန်းသေပြီဖြစ်သော်ငြား ဒလအိမ်ခြံမြေ ဈေးကွက်ငြိမ်သက်နေဆဲ - Property News in Myanmar from iMyanmarHouse.com
18 Jan 2018 11:25 am တွင် တင်ခဲ့သည်
5166 ကြိမ် ကြည့်ရှု့ပြီး
ကိုရီးယား မြန်မာချစ်ကြည်ရေးအဖြစ်တည်ဆောက်မည့် ဒလတံတားဆောက်လုပ်ရေးစီမံကန်းသည် တရားဝင် အတည်ပြုလိုက်ပြီဖြစ်သော်လည်း တံတားအနီးပတ်ဝန်းကျင်နှင့် ဒလမြို့နယ်ဘက်တွင် အိမ်ခြံမြေ ဈေးများလှုပ်လှုပ်ရှားရှားမရှိသေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

ဒလဘက်ကမ်းဖြစ်သော ကွမ်းခြံကုန်းမြို့နယ်ဘက်တွင် အိမ်ခြံမြေထက် လယ်ယာမြေဝယ်ယူသူများရှိနေ ကြောင်း၊ တံတားတည်ဆောက်မည့်နေရာနှင့် အနီးတစ်ဝိုက်ရှိ လယ်မြေများကို ဝယ်ယူလိုသူများရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပြီဆိုတော့ ရောင်းချင်တဲ့သူတွေကတော့ နဲနဲလှုပ်ချင်တယ်၊ ဒါပေမဲ့အဝယ်ကပါးနေတော့ သိပ်လှုပ်လှုပ်ခတ်ခတ်မရှိသေးဘူး၊ ဝယ်မယ့်သူလည်းမရှိတော့ ဈေးအများကြီးခေါ်လို့မရဘူး'' ဟု ဒေါ်မို့မို့အောင်က ဆိုသည်။

၂ဝ၁၄ ခုနှစ်ခန့်က ဒလဘက်ကမ်း လမ်းမနှင့်နီးသောနေရာရှိလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်သိန်း၁,ဝဝဝ ခန့်အထိ မြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင်ယင်းလယ်မြေများမှာ တစ်ဧကလျှင် ငွေကျပ်သိန်း ၅ဝဝ ခန့်ခေါ်ဈေးရှိကြောင်း လမ်းအတွင်းဘက်လယ်မြေများမှာ သိန်း ၁၅ဝမှ ၂ဝဝ ကြားရှိကြောင်း ၄င်းက ဆိုသည်။တံတားတည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မြို့ကိုအနီးဆုံးလာရောက်နိုင်မည်ဖြစ်သဖြင့် အထိုက်အလျောက်ဈေးတက်ခြင်းများရှိနိုင်ကြောင်း၊ သို့သော် လူနေမှုစနစ်အတွက်အရေးကြီးသော ရေ၊ မီး အဆင်ပြေမှ ဝယ်သူ များစိတ်ဝင်စားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

ယခင်က အစိုးရ၏ စီမံကိန်းတစ်ခုခု လုပ်မည်ဟုသတင်းထွက်သည်နှင့် မကြာမီမှာပင် အိမ်ခြံမြေဈေးများထိန်း၍မရနိုင်လောက်အောင် ထိုးတက်ခဲ့သည်များရှိသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်အခြေအနေ ငြိမ်သက်လျက်ရှိကြောင်း ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုဇော်က ပြောသည်။

''တံတားတည်ဆောက်ဖို့ သေချာသွားပေမဲ့ ဈေးကတော့ အရမ်းလှုပ်ခတ်နေတာ မရှိပါဘူး၊ နည်းနည်းတော့ ဈေးတက်လာတယ်၊ ဒါပေမဲ့ အရင်တုန်းကလိုတော့ ချက်ချင်းကြီး ထိုးတက်လာတာမျိုးမရှိပါဘူး''ဟု ကိုဇော်ကဆိုသည်။

ဈေးလှုပ်ခတ်မှု မရှိခြင်းမှာ အဝယ်အေးနေခြင်းကတစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက်မှာ ယခင်ကတည်းက အေးစက်နေခြင်းကြောင့်တစ်ကြောင်း ဖြစ်နိုင်ကြောင်းလည်း ၄င်းက မှတ်ချက်ပေးသည်။

ယခင်က ငွေကျပ် သိန်း ၃ဝဝ ခန့်ရှိသော ပေ ၂ဝ ပေ ၆ဝ ရှိသော မြေကွက်ကို ယခု သိန်း ၄ဝဝ နှင့် ၅ဝဝ ဝန်းကျင်ခန့် ဈေးခေါ်မှုများရှိကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က အိမ်ခြံမြေဈေးများ သုံးကြိမ်ခန့် ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့ပြီးနောက် အိမ်ခြံမြေဈေးများ ငြိမ်သက်သွားခဲ့ရာ ယခုအချိန်ထိပင် ဖြစ်ကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။

တံတားတည်ဆောက်ခြင်းကို ယခုလာမည့် ဧပြီလတွင် စတင်မည်ဖြစ်သည့်အတွက် တံတားပတ်ဝန်းကျင်ရှိ မြေယာလျော်ကြေးပေးခဲ့ပြီးသော အဆောက်အအုံများမှာ ယခုလကုန်တွင် အပြီးသတ်ရွှေ့ပြောင်းပေးရမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ထို့ပြင် တံတားစီမံကိန်းအူကြောင်း မီတာ ၄ဝ အတွင်း မလွတ်ကင်းသည့် အဆောက်အအုံနှင့် မြေကွက်များအတွက် မြေယာလျော်ကြေးများကိုလည်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒလမြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား ဖြစ်ပြီး တံတားခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီး ချင်း၇၅ တန်ရှိကြောင်း၊ စုစုပေါင်းတံတားအရှည်မှာ ၆,၁၄၄ပေရှည်လျားပြီး ပင်မတံတားအရှည်မှာ ၁,၉၃၆ ပေရှိကြောင်း၊ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၉ မီတာရှိပြီး အကျယ်မှာ ၃၂ဝ နှင့် တန်ချိန်တစ်သောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများအောက်မှ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း လမ်းတံတားဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ တံတားကို ကိုရီးယားနိုင်ငံစီးပွားဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၄၁ သန်း ကုန်ကျခံတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ တံတားကို ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service