သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး

သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
15 Jan 2018 12:12 pm တွင် တင်ခဲ့သည်
5975 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

“ဆင်းရဲသည့်ဘဝဖြင့် မွေးဖွားလာရခြင်းသည် သင်၏အပြစ်မဟုတ်၊ သို့ရာတွင် ဆင်းဆင်းရဲရဲဘဝဖြင့် ဘဝနိဂုံးချုပ်ရလျှင်ကား သင့်အပြစ်သာ ဖြစ်ပေသည်” ဟု မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်က ဆိုသည်။

ကျွန်ုပ်တို့သည် စိတ်ဓာတ်ခွန်အားရလိုသည့်အခါမျိုးတွင် အလွန်ဆင်းရဲလှသည့် သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ အလွန်ချမ်းသာ ကြွယ်ဝသွားသူတို့အကြောင်း သိလိုကြသည်။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်များအနက် အောက်တွင် ဖော်ပြထားသည့် ပုဂ္ဂိုလ်များ၏ ဘဝဖြစ်ရပ်များက ကျွန်ုပ်တို့အား မီးမောင်းထိုးပြသနေသည်မှာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချရဲသည့်သတ္တိရှိကာ ကံကြမ္မာကောင်းအနည်းငယ်မျှ ရှိရုံဖြင့် ကြီးမားသည့် အောင်မြင်မှုများ ရရှိနိုင်ကြောင်း ပြသလျက်ရှိသည်။

၁။ ရိုမန် အဗရာမိုဗစ်ခ်ျ

ရုရှားရေနံသူဌေးကြီး၊ ကမ္ဘာကျော်ချယ်လ်ဆီးဘောလုံးအသင်းပိုင်ရှင် ရိုမန် အဗရာမိုဗစ်ခ်ျသည် ရုရှားနိုင်ငံတောင်ပိုင်းရှိ ဆင်းရဲသားမိသားစုတွင် မွေးဖွားလာခဲ့ပြီးနောက် အသက် ၂ နှစ်အရွယ်ကပင် မိဘမဲ့ဖြစ်သွားခဲ့သည်။
ဦးလေးဖြစ်သူက အဗရာမိုဗစ်ခ်ျကို စောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည်။

မော်စကိုတွင်ကျောင်းတက်နေစဉ် ၁၉၈၇ ခုနှစ်အတွင်း အဗရာမိုဗစ်ခ်ျသည် ပလတ်စတစ်အရုပ်များထုတ်လုပ်သည့် ကုမ္ပဏီငယ်တစ်ခုကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် Sibneft ကုမ္ပဏီ၏ sole leader ဖြစ်လာပြီးနောက် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးမားဆုံး ရေနံကုမ္ပဏီဖြစ်လာခဲ့သည်။

နောင်အခါတွင် နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Gazprom ထံသို့ ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၃ ဘီလီယံဖြင့် ရောင်းချခဲ့သည်။ အဗရာမိုဗစ်ခ်ျသည် ၂၀၀၃ ခုနှစ်တွင် ချယ်လ်ဆီးဘောလုံးအသင်းကို ဝယ်ယူခဲ့သည်။ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံခန့်ဖြစ်သည်ဟု ခန့်မှန်းရသည်။

၂။ မောင့်ပယ်လီယာ ရပ်ဂ်ဘီကလပ်အသင်းဥက္ကဌ မိုဟက်ဒ် အယ်လ်ထရက်ဒ်

မောင့်ပယ်လီယာ ရပ်ဂ်ဘီကလပ်အသင်းဥက္ကဌ မိုဟက်ဒ် အယ်လ်ထရက်ဒ်သည် ပြင်သစ်သို့ ပြောင်းရွှေ့အခြေချစက တစ်နပ်သာ စားသောက်ကာ ရှင်သန်ခဲ့ရသည်။

ယခုအခါ သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဘီလီယံခန့်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

ဆီးရီးယားသဲကန္တာရတစ်ခုအတွင်း မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲသူဖြစ်ပြီး အယ်လ်ထရက်ဒ်၏ ဖခင်က အဓမ္မပြုကျင့်ကာ မွေးဖွားလာခဲ့ခြင်းဖြစ်ကာ အယ်လ်ထရက်ဒ်ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ခဲ့သော်လည်း ရက္ကာမြို့တွင် ကျောင်းတက်လိုခြင်းကို တားမြစ်ဟန့်တားခဲ့သည်။
(ရက္ကာသည် ယခုအခါ အိုင်အက်စ်စစ်သွေးကြွတို့၏ အခြေစိုက်မြို့တော်ဖြစ်သည်။)

အယ်လ်ထရက်ဒ်သည် မရမနေကျောင်းတက်ခဲ့ပြီး နောက်ပိုင်းတွင် တက္ကသိုလ်ပညာဆည်းပူးရန် ပြင်သစ်သို့ ရွှေ့ပြောင်းလာခဲ့သည်။
ပြင်သစ်တွင် အသိမိတ်ဆွေ တစ်ဦးမျှမရှိ။ တစ်နေ့လျှင် တစ်နပ်သာစားကာ အသက်ရှင်ရပ်တည်ခဲ့ရ၏။

သို့ဖြင့် ကွန်ပြူတာသိပ္ပံဖြင့် ပါရဂူဘွဲ့ရခဲ့ပြီး ပြင်သစ်ထိပ်တန်းကုမ္ပဏီများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။

အလုပ်လုပ်နေရင်းမှ အရှုံးပေါ်နေသည့် ကုမ္ပဏီတစ်ခုကို ဝယ်ယူနိုင်ခဲ့သည်။
အယ်လ်ထရက်ဒ်ဝယ်ယူပြီးနောက်ပိုင်း ကမ္ဘာပေါ်တွင် ကွန်ကရစ်ဖျော်စက်များ အကြီးမားဆုံးထုတ်လုပ်သည့် Altrad Group ကုမ္ပဏီ အဖြစ် အောင်မြင်လာခဲ့သည်။

၃။ Excel Communications တည်ထောင်သူ ကန်နီ ထရောက်ထ် ကန်နီ ထရောက်ထ်

ကန်နီထရောက်ထ်၏ ဖခင်မှာ အရက်ဘားဝန်ထမ်းတစ်ဦးဖြစ်သည်။ ကန်နီ ထရောက်ထ်သည် တောင်အီလီနွိုက်စ်တက္ကသိုလ် တက်ရောက်ရာတွင် ကျောင်းလခပေးရန်အတွက် အသက်အာမခံများ လိုက်လံရောင်းချသည့်အလုပ် လုပ်ခဲ့ရ၏။

၁၉၈၈ ခုနှစ်တွင်ကား Excel Communications အမည်ရှိ တယ်လီဖုန်းကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သည်။

သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းထားသည်။

ယခုအခါ ကန်နီထရောက်ထ်သည် လုပ်ငန်းများမှ အနားယူခဲ့ပြီးဖြစ်ကာ ပြိုင်မြင်းများ မွေးမြူလျက်ရှိသည်။

၎။ စတားဘတ်ခ် တည်ထောင်သူ Howard Schultz

Howard Schultz သည် ဆင်းရဲသားများ နေထိုင်ရာ အိမ်ရာဝန်းတစ်ခုအတွင်း မွေးဖွားကြီးပြင်းခဲ့သည်။

အိမ်ရာဝန်း၏ အခြားတစ်ဘက်တွင် နေထိုင်သူတို့မှာ ငွေကြေးချမ်းသာကြွယ်ဝကာ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝများကို ပိုင်ဆိုင်ထားကြသည်ကို Howard Schultz တွေ့မြင်နေရသည်။

ဆင်းရဲသည့်ဘဝ၏ ကြမ်းတမ်းခက်ထန်မှုများကို လက်တွေ့သိမြင်ကြုံတွေ့ခဲ့ရသူဖြစ်ခြင်းကြောင့် ချမ်းသာကြွယ်ဝလာစေရန် အပြင်းအထန် ကြိုးစားခဲ့သည့်အတွက် ယခုအခါ ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့် ချမ်းသာနေပြီဖြစ်သောလည်း Howard Schultz က မိမိမည်သည့်ဘဝက လာခဲ့သည်ကို မမေ့ချေ။

Howard Schultz သည် မြောက်ပိုင်းမီချီဂန်တက္ကသိုလ်တွင် ပညာဆည်းပူးရန် ပညာသင်ဆုရရှိခဲ့သည်။

ကျောင်းပြီးသောအခါ Xerox ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့၏။
၁၉၈၇ ခုနှစ်တွင် Starbucks ကော်ဖီဆိုင်အုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သည်။

Howard Schultz သည် Starbucks ဆိုင်များကို ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲပေါင်း ၁၆၀၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့သည်အထိ တိုးချဲ့နိုင်ခဲ့သည်။

၅။ ဂျွန် ပေါလ် ဒီဂျိုရီယာ

ဆံပင်နှင့်စပ်လျဉ်းသည့် အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့်အင်ပိုင်ယာကြီး တည်ထောင်ခဲ့သူ ဂျွန် ပေါလ် ဒီဂျိုရီယာသည် တစ်ချိန်ကမူ စောင့်ရှောက်ရေးဂေဟာနှင့် ကားပေါ်တွင် နေထိုင်ခဲ့ရသူတစ်ဦးဖြစ်သည်။

ယခုအခါတွင်မူ ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့် ချမ်းသာကြွယ်ဝနေလေပြီ။

ပထမဆုံး အမေရိကန်မျိုးဆက်ဖြစ်သူ ဒီဂျိုရီယာသည် အသက် ၁၀ သားမတိုင်မီကပင် သတင်းစာနှင့် ခရစ္စမတ်ကတ်ဒ်များရောင်းကာ
မိသားစုကို တစ်ဖက်တစ်လမ်းမှထောက်ပံ့ကူညီခဲ့ရသည်။

နောက်ဆုံးတွင်ကား မိဘများက ဒီဂျိုရီယာကို စောင့်ရှောက်ရေးဂေဟာသို့ ပို့ခဲ့ကြသည်။

ဒီဂျိုရီယာသည် လူငယ်ဘဝတွင် ဒုစရိုက်ဂိုဏ်းတစ်ခု၌ ကာလအတန်ကြာ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ဘက်တွင် သွားရောက် အမှုထမ်းခဲ့၏။
ယင်းနောက်ပိုင်း တပ်မှထွက်ကာ ဒေါ်လာ ၇၀၀ ချေးငွေဖြင့် John Paul Mitchell Systems ကို တည်ထောင်ပြီး ခေါင်းလျှော်ရည်များကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့လေသည်။

ထိုစဉ်က နေစရာမရှိသဖြင့် သူ၏ကားပေါ်တွင်သာ နေထိုင်အိပ်စက်ခဲ့ရသည်။
ထို့နောက် Patron Tequila ကို တည်ထောင်လိုက်ပြန်ကာ ယခုအခါတွင်ကား စီးပွားရေးလုပ်ငန်း နယ်ပယ်များစွာတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားခဲ့ပြီးလည်း ဖြစ်သည်။

၆။ ရှာဟစ်ခန်

ကမ္ဘာကျော် ဖူဟမ်ဘောလုံးအသင်းပိုင်ရှင် ရှာဟစ်ခန်သည် တစ်ချိန်ကမူ တစ်နာရီလျှင် ၁ ဒသမ ၂၀ ဒေါ်လာဖြင့် ပန်းကန်ဆေးသူတစ်ဦး ဖြစ်ခဲ့ဖူးသည်။
ယနေ့အခါတွင်ကား ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံခန့် ချမ်းသာကြွယ်ဝနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင် ဖြစ်နေလေပြီ။

ပါကစ္စတန်မှ အမေရိကန်ပြည်ထောင်စုသို့ ကျောင်းတက်ရန် လာခဲ့ခြင်းဖြစ်ပြီး အီလီနွိုက်စ်တက္ကသိုလ်တွင် တက်ရောက်နေစဉ် ပန်းကန်ဆေးသမားအဖြစ် လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။

ယနေ့တွင်ကား ရှာဟစ်ခန်သည် အမေရိက၏ အကြီးမားဆုံးကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် Flex-n-Gate၊ အမေရိကန်ဘောလုံးကလပ်အသင်းဖြစ်သော Jacksonville Jaguars နှင့် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်သည့် ဖူဟမ်အသင်းတို့ကို ပိုင်ဆိုင်ထားသည်။

၇။ ဒူဝမ်ချန်း

ကမ္ဘာကျော်ဖက်ရှင် စတိုးဆိုင်အုပ်စု Forever 21 ပိုင်ရှင် ဒူဝမ်ချန်းသည် တစ်ချိန်က လုံခြုံရေးအစောင့်၊ ဓာတ်ငွေ့ဆိုင်ဝန်ထမ်း၊ ကော်ဖီဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။

၁၉၈၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လာချိန်တွင် နေ့စဉ်လူနေမှုဘဝလိုအပ်ချက်များ ပြည့်မီရန် အလုပ် ၃ ခုကို တပြိုင်တည်းဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။

ယနေ့တွင်ကား ကမ္ဘာအနှံ့အပြားတွင် Forever 21 ဆိုင်ခွဲပေါင်း ၄၈၀ ကျော် ဖွင့်လှစ်ထားနိုင်ခဲ့ပြီဖြစ်ကာ နှစ်စဉ်ရောင်းအားမှာ ကန်ဒေါ်လာ ၃ ဘီလီယံဖိုးခန့်အထိ ရှိနေပြီဖြစ်သည်။

ဒူဝမ်ချန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။

၈။ ရပ်ဖ် လော်ရန်

ရပ်ဖ် လော်ရန်သည် တစ်ချိန်က အမျိုးသားအဝတ်အထည်များ ထုတ်လုပ်သည့် နယူးယောက်အခြေစိုက် Brooks Brothers တွင် စာရေးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ရ၏။

လော်ရန်သည် နယူးယောက်မြို့၊ ဘရွန့်ဇ်အရပ်ရှိ အထက်တန်းအောင်မြင်ပြီးနောက် ကောလိပ်သို့ တက်ရောက်ခဲ့သော်လည်း ကျောင်းထွက်ကာ စစ်ဘက်သို့ ဝင်ရောက်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင်ကား အမျိုးသားများ၏ လည်စီး နက္ကတိုင်များနှင့် စပ်လျဉ်း၍ ၎င်း၏ဖက်ရှင်ဒီဇိုင်းအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ပြီး ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ရာ ဒေါ်လာ ၅၀၀၀၀၀ ဖိုးခန့် ရောင်းချခဲ့ရ၏။

နောင်နှစ် ၁၉၆၈ တွင် Polo အမှတ်တံဆိပ်ကို စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့လေသည်။

ရပ်ဖ် လော်ရန်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံခန့်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

၉။ ဖရန်ဆွာ ပီးနော့ထ်

ဇိမ်ခံပစ္စည်းများထုတ်လုပ်သည့် သူဌေးကြီး ဖရန်ဆွာ ပီးနော့ထ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၂ ဘီလီယံခန့်ဖြစ်ပြီး ကမ္ဘာကျော်သူဌေးကြီးဖြစ်သော်လည်း တစ်ချိန်ကမူ အလွန်ဆင်းရဲလှသူဖြစ်ပြီး ဆင်းရဲလွန်းခြင်းအပေါ် ကျောင်းတွင် လှောင်ပြောင်ခံရ သောကြောင့် အထက်တန်းမပြီးဆုံးမီတွင် ကျောင်းထွက်ခဲ့သူတစ်ဦး ဖြစ်သည်။

ဖရန်ဆွာပီးနော့ထ်သည် သူ၏ predator ဟုခေါ်သော စီးပွားရေးနည်းဗျူဟာကြောင့်လည်း နာမည်ကျော်သည်။

ပီးနော့ထ်သည် စီးပွားရေးမကောင်းသည့်ကာလမျိုးအတွင်း အရှုံးပေါ်နေသည့် လုပ်ငန်းငယ်လေးများကို ဝယ်ယူခဲ့ခြင်းမျိုး ဖြစ်၏။

နောက်ပိုင်းတွင် PPR အမည်ရှိ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး တန်ဖိုးကြီးဖက်ရှင်အမှတ်တံဆိပ်များစွာ ထုတ်လုပ်ခဲ့ရာ Gucci, Stella McCartney, Alexander McQueen နှင့် Yves Saint Laurent တို့ အပါအဝင် ဖြစ်သည်။

၁၀။ လီယိုနာဒို ဒယ်လ် ဘက်ချီယို

ကမ္ဘာကျော် Ray-Ban မျက်မှန်ကို ထုတ်လုပ်ခဲ့သည့် သူဌေးကြီး လီယိုနာဒို ဒယ်လ် ဘက်ချီယိုသည် မိဘမဲ့ကလေးတစ်ဦးအဖြစ် ကြီးပြင်းခဲ့ရသူဖြစ်သည်။
ဒယ်လ်ဘက်ချီယိုတွင် မွေးချင်း ၅ ဦးရှိပြီး မုဆိုးမဖြစ်သူ မိခင်ကြီးက ကျွေးမွေးစောင့်ရှောက်မှု မပေးနိုင်တော့သောကြောင့် မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။

နောက်ပိုင်းတွင် ဒယ်လ် ဘက်ချီယိုသည် မော်တော်ကားပစ္စည်းအစိတ်အပိုင်းများနှင့် မျက်မှန်ဖရိန်များ မိုလောင်းထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရင်း လက်ချောင်းတချို့ပြတ်တောက်ခဲ့ရသည်။

အသက် ၂၃ နှစ်အရွယ်တွင် ဒယ်လ် ဘက်ချီယိုသည် ကိုယ်ပိုင်မိုလောင်းပုံသွင်းဆိုင်ငယ်တစ်ခု ဖွင့်လှစ်ခဲ့သည်။

အဆိုပါဆိုင်ကလေးသည် နောင်အခါတွင် ကမ္ဘာ့အကြီးမားဆုံး မျက်မှန်ကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီး ရေဘင် Ray-Ban နှင့် Oakley တို့ အပါအဝင် မျက်မှန်အမှတ်တံဆိပ်များစွာ ထုတ်လုပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com
သုညဘဝမှ ကိုယ့်ဒူးကိုယ်ချွန်ကာ ချမ်းသာကြွယ်ဝသွားကြသည့် ကမ္ဘာကျော်သူဌေးကြီး ၁၀ ဦး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service