ဧရာဝတီတွင် သဘာဝဘေး ခိုလှုံနိုင်သော အဆောက်အအုံ ၅၇ လုံးဆောက်မည်

ဧရာဝတီတွင် သဘာဝဘေး ခိုလှုံနိုင်သော အဆောက်အအုံ ၅၇ လုံးဆောက်မည် - Property News in Myanmar from iMyanmarHouse.com
15 Jan 2018 11:03 am တွင် တင်ခဲ့သည်
6336 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းတွင် သဘာဝဘေးဒဏ် အမျိုးမျိုးနှင့် တွေ့ကြုံရပါက ခိုလှုံနိုင်ရန်အတွက် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၅၇ လုံးကို တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနရုံးထံမှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ပြင်စလူမြို့နယ်တွင် ၁၅လုံး၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် ၆ လုံး၊ ငပုတောမြို့နယ်တွင် ၃ လုံး၊ ဖျာပုံမြို့နယ်တွင် ၅ လုံး၊ ဒေးဒရဲမြို့နယ်တွင် ၅ လုံး၊ ဘိုကလေးမြို့နယ်တွင် ၁၀ လုံး၊ ပုသိမ်မြို့နယ်တွင် ၁ လုံး၊ သာပေါင်းမြို့နယ်တွင် ၂ လုံး၊ ရေကြည် မြို့နယ်တွင် ၅ လုံး၊ ကျောင်းကုန်းမြို့နယ်တွင် ၁ လုံး၊ လပွတ္တာမြို့နယ်တွင် ၂ လုံးနှင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁လုံး စုစုပေါင်း Cyclone Shelter ၅၇ လုံးကို ဆောက်လုပ်မည်ဖြစ်သည်။

လတ်တလောတွင် အဆောက်အအုံ လေးလုံး ဆောက်လုပ်နေပြီး ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယဦးစားပေးစသည်ဖြင့် အပိုင်းသုံးပိုင်း ခွဲခြားကာ ဆောင်ရွက်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ တောင်းခံ ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦးစိုးသန်းက ရှင်းပြသည်။

“တကယ် လိုအပ်တဲ့ အဆောက်အအုံတွေ ဖြစ်တဲ့အတွက် မဖြစ်မနေ တည်ဆောက်ရမှာပါ၊ ဒုသမ္မတရဲ့ ပြည်ထောင်စု သဘာဝ ဘေးဒဏ်စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့ တည်ဆောက်တာပါ။ ၂၀၀၈ ခုနှစ်က တိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းကို နမူနာယူပြီး အဲ့ဒီလိုမျိုး သဘာဝဘေးဒဏ်တွေ ကျရောက်လာတဲ့အခါမှာ ပြည်သူတွေ ခိုလှုံဖို့ အဆင်သင့်ရှိအောင်ပါ”ဟု ၎င်းကရှင်းပြသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ခိုလှုံရန် အဆောက်အအုံများ အခိုင်အမာ မရှိခြင်း မိုးလေဝသ သတင်းများ မကြားသိခဲ့ခြင်း၊ ပြေးရှောင်ကာကွယ်ရမည်ကိုမသိခြင်း၊ ကုန်းလမ်းခရီးများ မကောင်းမွန်ခြင်းတို့ကြောင့် မိမိဆွေမျိုးများ သေဆုံးခဲ့ရကြောင်း လပွတ္တာမြို့ သုံးမိုင်ရှိ ဒေသခံ ဦးတင်အောင်ကဆိုသည်။

အဆောက်အအုံများ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၂၀၀ ရှိသော လူဦး ၅၀၀ ခိုလှုံနိုင်သည့် အမိုးအခင်းပါ သုံးထပ် ကွန်ကရစ် အဆောက်အအုံများ ဖြစ်ကြောင်း မြန်မာနိုင်ငံအနှံ့ တည်ဆောက်မည့် Cyclone Shelter အဆောက်အအုံပေါင်း ၈၃ လုံးရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ချင်းပြည်နယ်တွင် ၂ လုံး၊ ရှမ်းပြည်နယ်တွင် ၁ လုံး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၅၇ လုံး တည်ဆောက်မည်ဖြစ်ရာ အများဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service