မန္တလေးရှိ ဟိုတယ်များကို စည်ပင်ခွန်စိစစ်ကောက်ခံရန် ကွင်းဆင်းစစ်ဆေးမည်

မန္တလေးရှိ ဟိုတယ်များကို စည်ပင်ခွန်စိစစ်ကောက်ခံရန် ကွင်းဆင်းစစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
15 Jan 2018 10:22 am တွင် တင်ခဲ့သည်
6348 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်းရှိ ဟိုတယ်များကို သတ်မှတ်ထား သည့် ပစ္စည်းခွန်နှုန်းထားများအတိုင်း အခွန်ကောက်ခံနိုင်ရန် ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ကော်မ တီဝင် ဦးကျော်ဇောအောင်က ပြောသည်။

လက်ရှိကောက်ခံနေသည့် ဟိုတယ်ပစ္စည်းခွန် နှုန်းထားများသည် ၁၉၉၆ ကတည်းက သတ်မှတ်ထားသည့် နှုန်းထားများဖြစ်နေ၍ ခေတ်ကာလနှင့်ကိုက်ညီသည့် အခွန်နှုန်းထားများ ကောက်ခံနိုင်ရန် ကွင်းဆင်းစိစစ်မည်ဟု ၎င်းက ဆိုသည်။

အချိန်ကြာသည်နှင့်အမျှ အချို့တည်းခိုခန်းများသည် ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ သော်လည်း စည်ပင်သာယာက ယခင်သတ်မှတ်ထားသည့် တည်းခိုခန်းနှုန်းထားအတိုင်း ဆက်လက်ကောက်ခံနေရသောကြောင့် အခွန်နစ်နာမှုများရှိနေကြောင်း ၎င်းကဥပမာပေး ပြောကြားသည်။

‘‘တည်းခိုခန်းဆိုရင် ဘယ် လောက်သတ်မှတ်ထားတယ်၊ ဟို တယ်ဆို ဘယ်လောက်ပေါ့။ လက်ရှိ မန္တလေးအဓိကလမ်းမတန်းမှာ ရှိနေတဲ့ ဟိုတယ်တွေက ဆောင် နေရတဲ့ အခွန်နှုန်းထားတွေကတည်းခိုခန်းဈေးပဲရှိနေတယ်’’ဟု
ဦးကျော်ဇောအောင်က ဆိုသည်။

ဟိုတယ်ပစ္စည်းခွန်ကောက် ခံရာတွင် တည်းခိုခန်း၊ အင်း၊ ဟိုတယ်စသည့်သတ်မှတ်ချက်များ အပြင်လမ်းတည်နေရာပေါ်မူတည်၍ နှုန်းထားမတူကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ အခွန်ဌာနတာဝန် ရှိသူက ရှင်းပြသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာန အနေဖြင့် အခွန်အခပြည့်ဝစွာရရှိ ရန်နှင့် အခွန်ပုန်း၊ အခွန်ကြွေးကျန်များရရှိရန် အဓိကထားဆောင်ရွက်နေကြောင်း​၎င်းကဆက်လက်ပြောကြားသည်။

ဟိုတယ်ပစ္စည်းခွန်များနည်းတူ အိမ်ခွန်များကိုလည်းလက်ရှိ အိမ်ပုံစံအရ သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ကောက်ခံ ရန်ကွင်းဆင်းစိစစ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအခွန် ဌာနက သတင်းထုတ်ပြန်ထားသည်။

ဟိုတယ်ပစ္စည်းခွန်ကောက်ခံရာတွင် တည်းခိုခန်း၊ အင်း၊ ဟိုတယ်စသည့်သတ်မှတ်ချက်များ အပြင်လမ်းတည်နေရာပေါ်မူတည်၍ အနည်းဆုံးကျပ် ၂,၀၀၀ မှ အများဆုံး ကျပ် ၁၂,၀၀၀ အထိ သတ်မှတ်ထားကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service