ကမ္ဘာကျော် အကျော်အမော်တို့၏ နေအိမ်များမှာ အများအားဖြင့် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်ကြလေ့ရှိသည့်နေရာများတွင် ပါဝင်လေ့ရှိ၏။
လူတိုင်းသည် မိမိချစ်ခင်လေးစားသူတို့၏ နေအိမ်ကို ကြည့်လို၊ မြင်လိုကြသည်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်မလေး ဆလီနာဂိုမက်ဇ်၏ နေအိမ်တည်ရှိပြီး ကန်ဒေါ်လာ ၃ သန်း တန်ကြေးရှိသည်။
ဆလီနာဂိုမက်ဇ်သည် အဆိုပါနေအိမ်ကို ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးဘဲ ဆက်လက်ပိုင်ဆိုင်ထားသည်။
အောက်ဖော်ပြပါ ဓာတ်ပုံများတွင် ဆလီနာဂိုမက်ဇ်၏ အံ့အားသင့်ဖွယ် နေအိမ်အတွင်းအပြင်ပုံများကို တွေ့မြင်ရမည် ဖြစ်သည်။
၁။ စတုရန်းပေ ၁၀၀၀၀ အကျယ်အဝန်းရှိသည့် နေအိမ်တံခါးကိုဖွင့်ကာ ဆလီနာဂိုမက်ဇ် အပြင်ထွက်လာပုံ
၂။ နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်း၊ ကျယ်ပြောသည့် အိမ်နောက်ဘက်ခြံဝန်း၊ ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။
၃။ ဆလီနာဂိုမက်ဇ်၏ တက္ကဆပ်နေအိမ်ကို ကောင်းကင်မှ တွေ့မြင်ရသည့်ပုံ ဖြစ်သည်။
၎။ တက္ကဆပ်ပြည်နယ်မြောက်ပိုင်းတွင် တည်ရှိသည့် ယခုနေအိမ်ကို ဆလီနာဂိုမက်ဇ်က ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဝယ်ယူခဲ့သည်။ တက္ကဆပ်သည် ဆလီနာဂိုမက်ဇ်၏ ဇာတိမြေလည်း ဖြစ်၏။
၅။ ဆလီနာဂိုမက်ဇ်၏ နေအိမ်ရှိရာသို့ ဝင်ရောက်နိုင်သည့်လမ်းပေါင်းများစွာ ရှိ၏။
၆။ မြေကွက်လပ်အလယ်တွင် ရေတံခွန်ငယ်တစ်ခုတည်ရှိပြီး အဆောက်အအုံနံရံနှင့် လူသွားလမ်းနေရာတို့ကို ကျောက်တုံးပြား အရောင်တူများဖြင့် ပုံစံတူ ဆောက်လုပ်ထားသည်။
၇။ ကျယ်ဝန်းသည့် ခြံနောက်ဘက်တွင် ပြာလဲ့လဲ့ရေကန်ငယ်တစ်ခုရှိပြီး ကျောက်တုံးတို့ဖြင့် ဝန်းပတ်ဆောက်လုပ်ထားသည့် မီးဖိုတစ်ခုလည်း ထားရှိသည်။
၈။ စကျင်ကျောက်ပြားများဖြင့် ခင်းကျင်းထားသည့် လူသွားလမ်းမှာ ခြံနောက်ဘက် မြက်ခင်းအလယ်ကို ဖြတ်သန်းသွားသည်။
၉။ အပြာရောင်အောက်ခြေမျက်နှာပြင်ရှိသည့် တင်းနစ်ကွင်းမှာ ဘတ်စ်ကက်ဘောကွင်းတမျှ ကျယ်ပြန့်လှသည်။
၁၀။ အဖြူရောင်နံရံများ၊ မျက်နှာကြက်များနှင့် ဖိတ်ဖိတ်လက်နေသည့် ကျွန်းလှေကားကြီးက ဧည့်သည်တော်များကို နွေးထွေးစွာ ကြိုလင့်လျက်ရှိ၏။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)