အပေါင်ပစ္စည်းမဲ့ ငွေချေးနိုင်ခြင်း မရှိသေးတဲ့ မြန်မာ့ဘဏ်လောက

အပေါင်ပစ္စည်းမဲ့ ငွေချေးနိုင်ခြင်း မရှိသေးတဲ့ မြန်မာ့ဘဏ်လောက - Property News in Myanmar from iMyanmarHouse.com
12 Jan 2018 11:16 am တွင် တင်ခဲ့သည်
4741 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ နာမကျန်းရောဂါဖြစ်နေသည်ဟု စီးပွားရေးပညာရှင် ဦးမြင့်က ပြီးခဲ့သော ဒီဇင်ဘာလက ထုတ်ဖော်မှတ်ချက်ပြုထားသည်။

ထိုနာမကျန်းစီးပွားရေးကို အမြန်ကုစားနိုင်ရေးအတွက် အစိုးရက မဟာဗျူဟာများ ချမှတ်ရန် လိုအပ်နေပြီဟု ၎င်းကဆိုပြီး ချမှတ်သင့်သော ဗျူဟာအချို့ကို အကြမ်းဖျင်း ခန့်မှန်းတွက်ဆပေးခဲ့ရာ ယင်းတို့အနက် လုပ်ငန်းများ၏ အရင်းအနှီးငွေကြေးရရှိမှု လွယ်ကူစေအောင် လုပ်ရန်မှာ အဓိကကျသောအချက်အဖြစ် ပါဝင်ခဲ့သည်။မြန်မာပြည်တွင် စီးပွားရေးလုပ်ငန်းလုပ်ရာတွင် လုပ်ငန်းစတင်ရန်နှင့် ချဲ့ထွင်ရန် လိုအပ်ချိန်တွင် ငွေချေးရန်ခက်ခဲခြင်းက ထိပ်တန်းပြဿနာသုံးခုစာရင်းတွင် ပါဝင်နေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာ ၃ဝ ရက်က ပြုလုပ်သည့် အစိုးရက ဖွဲ့ထားသော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များက ချေးငွေလွယ်လွယ်ရရန် ဆိုသည့်အချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

လုပ်ငန်းများက ဘဏ်ကငွေချေးရာတွင် ပေါင်နှံစရာပစ္စည်းရှိမှ ချေးပေးမည်ဟု ဘဏ်များက သတ်မှတ်ထားသည့် စံက လုပ်ငန်းရှင်များအတွက် ငွေချေးရန် အဓိကကျသော အဟန့်အတားဖြစ်သည်ဟု စီးပွားရေးအသိုင်းအဝိုင်းက မကြာခဏ ထုတ်ဖော်ညည်းညူလေ့ရှိသည်။

ယခင်က ဗဟိုဘဏ်က အပေါင်ပစ္စည်း မပေးနိုင်သူကို ငွေမချေးရန် ဘဏ်များကို စည်းကမ်းချပေးခဲ့သဖြင့် ငွေမချေးနိုင်ခြင်းဖြစ်သည်။ သို့သော်ယခုအခါ ဗဟိုဘဏ်က ထိုကိစ္စကို ဖြေလျှော့ပေးလိုက်ပြီး အခြေအနေပေါ်မူတည်၍ ပေါင်နှံပစ္စည်းမဲ့ချေးငွေစနစ်တစ်ရပ်ကို ပြည်တွင်းဘဏ်များလုပ်ဆောင်ရန် ခွင့်ပြုချက်ပေးထားပြီးဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌတစ်ဦးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတစ်ဦးက မြန်မာတိုင်း(မ်)ကို တရားဝင်ပြောကြားထားသည်။

အလားတူ ဗဟိုဘဏ်သည် လွယ်လွယ်ကူကူငွေချေးနိုင်ရန် သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက် ချေးငွေ (Term Loan) ကို ပြည်တွင်းဘဏ်များက ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းများ၏ သဘောသဘာဝနှင့် ငွေစီးဆင်းမှုပုံစံများအပေါ် အခြေပြု၍ ချေးငွေအသစ်များကို တိုးတက်ထုတ်ချေးသွားရန် ပြီးခဲ့သော နိုဝင်ဘာ ၂၄ ရက်က အမိန့်ညွှန်ကြားစာဖြင့် ထုတ်ပြန်ညွှန်ကြားခဲ့သည်။

ထိုသို့ ဗဟိုဘဏ်က ချေးငွေဆိုင်ရာစည်းကမ်းများကို ဖြေလျှော့ပေးသလို အပေါင်ပစ္စည်းမပေးနိုင်လျှင်လည်း ငွေချေးခွင့်ရှိသည်ဟု ခွင့်ပြုလိုက်သော်ငြား ဘဏ်များက ယခုထိ အပေါင်ပစ္စည်းမရှိလျှင် ငွေမချေးနိုင်ကြသေးပေ။ ထို့ကြောင့် ချေးငွေယူလိုသည့် လုပ်ငန်းရှင်များအဖို့ မူလအခြေအနေတွင်သာရှိသေးသည်ဟု ဆိုရမည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ပွင့်လင်းလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းငယ် များစွာလည်း ပေါ်ထွက်လာနေသည်။ သို့အတွက် လုပ်ငန်းသစ်များနှင့် လုပ်ငန်းချဲ့မည့်သူများအတွက် ငွေကြေးအရင်းအနှီးပံ့ပိုးမှု အခန်းကဏ္ဍသည် နိုင်ငံ၏ ကြီးမားသော လိုအပ်ချက်တစ်ရပ်ဖြစ်နေသည်။ ဘဏ်ချေးငွေရမှ ၎င်းတို့သည် ကောင်းမွန်စွာလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဟု ပညာရှင်တို့က ပြောကြသည်။

ငွေကြေးအရင်းအနှီးပံ့ပိုးမှုပိုင်းကို ပိုမိုတွင်ကျယ် လွယ်ကူစွာ ဆောင်ရွက်နိုင်လျှင် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို ပိုမိုမြှင့်တင်နိုင်မည်ဟုလည်း စီးပွားရေးပညာရှင်များက ပြောသည်။

''လက်ရှိဖြစ်နေတဲ့ စီးပွားရေးကဏ္ဍရဲ့အနေအထားအရ secured loan (ပေါင်နှံပစ္စည်းဖြင့် ချေးငွေ) တွေရော၊ unsecured loan (ပေါင်နှံပစ္စည်းမဲ့ချေးငွေ) တွေရောဖြစ်လာဖို့ လိုအပ်နေပါပြီ''ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးကုမ္ပဏီ သူရဆွစ်၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောသည်။

''တကယ်တမ်း စီးပွားရေးတိုးတက်လာဖို့ အတွက်ဆိုရင်တော့ တကယ်စီးပွားရေးလုပ်တဲ့သူတွေကို အဆင်ပြေဖို့၊ အရင်းအနှီးပံ့ပိုးပေးနိုင်ဖို့ secured loan တွေအပြင် unsecured loan တွေလည်း ဖြစ်လာဖို့လိုတယ်''ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များက ငွေချေးရာတွင် အတိုး ၁၃ ရာခိုင်နှုန်းချေးငွေနှင့် အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းယူသည့် အသေးစားလုပ်ငန်းများဆိုင်ရာ ချေးငွေများကို ထုတ်ချေးကြသည်။

တကယ်တမ်းတွင် ယခင်က အတိုး ၁၃ ရာခိုင်နှုန်း ချေးငွေသာ ထုတ်ချေးခဲ့ကြခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှသာ အသေးစားလုပ်ငန်းများကို ဘဏ်အချို့က ငွေစချေးလာကြခြင်းဖြစ်သည်။ ယခုအခါ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ)၊ ဂျာမနီနိုင်ငံမှ ကေအက်ဖ်ဒဗ္ဗလျူ ဒဲဗလော့မန့်ဘဏ်ကဲ့သို့ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီဖြင့် အသေးစားလုပ်ငန်းများအတွက် ချေးငွေကို ဆောင်ရွက်လာကြသည်လည်း ရှိသည်။

သို့ရာတွင် စံနှုန်းများအရ ငွေချေးလိုသည့် လုပ်ငန်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန သို့မဟုတ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ အသင်းဝင်ဖြစ်ရန် လိုအပ်ချက်ရှိသည်။ ထို့ပြင် လုပ်ငန်းတစ်ခု၏ ကုမ္ပဏီသက်တမ်း အနည်းဆုံးနှစ်နှစ် ရှိရမည်ဖြစ်သည်။ ချေးငွေရရန် ထောက်ခံချက်ရရှိရန်အတွက်လည်း ကုမ္ပဏီ၏ စာရင်းဇယားပိုင်းနှင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို ပြသနိုင်ရန် လိုအပ်မည်လည်းဖြစ်သည်။ အဆိုပါအချက်အလက်များ ပြည့်စုံပါက Apex၊ ဧရာဝတီ၊ စီဘီ၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇနှင့် SMIDB ဘဏ် စသည့် ဘဏ်များမှတစ်ဆင့် ဂျိုက်ကာ၏ ချေးငွေ များကို လျှောက်ထားနိုင်သည်။

သို့သော် စံနှုန်းသတ်မှတ်ချက်အရ ယခုမှအစပြုသည့် လုပ်ငန်းသစ်များအတွက် ချေးငွေမရနိုင်ပေ။ ထို့ပြင် လုပ်ငန်းသက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း သတ်မှတ်ထားသည့် အသင်းများတွင် မဝင်မိသည့်အတွက် ချေးငွေရနိုင်သည့်အထောက်အထား စာရွက်စာတမ်းမရသည့် လုပ်ငန်းများလည်း အများအပြား ရှိနေကြသည်။ ထို့ကြောင့် လုပ်ငန်းငယ်များသည် အတိုးကြီးကြီးဖြင့် ရသည့်နေရာမှ ငွေချေးနေကြရကြောင်း လုပ်ငန်းရှင်ငယ်များထံမှ စုံစမ်းသိရှိရသည်။

ဘဏ်များဘက်တွင်လည်း အများပြည်သူ၏အပ်ငွေ လက်ခံကာ ချေးငွေပြန်ပေးရသည့် ဘဏ်များဖြစ်သဖြင့် ငွေချေးနိုင်မှုအားနည်းရကြောင်း စီဘီဘဏ်၏ အကြီးတန်းအကြံပေးတစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်းပညာရှင်ဖြစ်သည့် ဦးဖေမြင့်က ပြောသည်။

''ကော်မာရှယ်ဘဏ်တွေရဲ့ အဓိကအချက်က အများပြည်သူရဲ့ အပ်ငွေတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရတဲ့တာဝန်ရှိတယ်။ ဆိုတော့ ချေးငွေကို ထုတ်ပေးတဲ့အခါမှ ဆုံးရှုံးနိုင်ခြေဆိုတာ အမြဲစဉ်းစားဖို့လိုတယ်'' ဟု ၎င်းက ရှင်းပြသည်။

၎င်း၏အဆိုအရ ပေါင်နှံပစ္စည်း မပေးသော်လည်း ဆုံးရှုံးနိုင်ခြေမရှိသည့် လုပ်ငန်းကြီးများကိုမူ ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သိရသည်။ သို့သော်လုပ်ငန်းငယ်များကိုမူ ထုတ်မချေးသေးဟုလည်း ဆိုသည်။

''အခုဆိုရင်ပဲ အကြွေးဝယ်ကတ်တွေယူပြီး ပြန်မဆပ်လို့ တောင်းတဲ့စာတွေကို ဧရာဝတီဘဏ်က ထုတ်ပြန်နေရပြီ။ ဒါက မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ပြဿနာလို ဖြစ်နေတယ်။ လူတွေက ယူတဲ့အကြွေးကို ပြန်မပေးချင်ကြဘူး။ အကြွေးဝယ်ကတ်ဆိုတာကလည်း တစ်နည်းအားဖြင့် အပေါင်ပစ္စည်းယူထားတာမဟုတ်တဲ့ ချေးငွေတစ်ခုပါပဲ။ ငွေကြေးအရင်းအနှီးအတွက် ပေါင်နှံပစ္စည်းမဲ့ ချေးငွေဆိုတာက လိုအပ်တာမှန်ပေမဲ့ ဘဏ်တွေကလည်း စနစ်တကျလုပ်စရာတွေ အများကြီးရှိနေသေးတယ်''ဟု ဦးဖေမြင့်က ပြောသည်။

ဧရာဝတီဘဏ်သည် အကြွေးဝယ်ကတ်များဖြင့် ဈေးဝယ်ယူသုံးစွဲထားပြီး ပြန်လည်ပေးချေမှုမရှိသည့် ကတ်အသုံးပြုသူများကို ငွေပြန်လည်ပေးသွင်းကြရန် ယခုလ ၇ ရက်က ထုတ်ပြန်ခဲ့သည်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။ထိုသို့သူဌေးများကိုသာ ငွေချေးသလို ဖြစ်နေမှုကြောင့် တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟမှုကို ပိုအားပေးသလိုဖြစ်စေကြောင်း ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မြန်မာပြည်ရုံးခွဲ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးရေး အကြီးတန်းအကြံပေး ဦးစံသိန်းက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။

အခြားတစ်ဖက်တွင်လည်း ပေါင်နှံပစ္စည်းမဲ့ ချေးငွေဖြစ်လာရေးမှာ ပြည်တွင်းဘဏ်များအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများကို ပြင်ဆင်ရန်လိုအပ်မည်ဖြစ်သည်ဟုလည်း ငွေကြေးကျွမ်းကျင်သူများက ပြောသည်။

''unsecured loan (ပေါင်နှံပစ္စည်းမဲ့ချေးငွေ) တွေ ဖြစ်လာဖို့ဆိုတာက အဘက်ဘက်က လုပ်စရာတွေ အများကြီးရှိတယ်။ တကယ်တမ်း unsecured loan တွေ ဖြစ်လာရင်တော့ ဈေးကွက်က အများကြီးပိုကြီးလာမယ်။ secured loan (ပေါင်နှံပစ္စည်းဖြင့် ချေးငွေ)ကျတော့ ဈေးကွက်က သေးတယ်။ ဈေးကွက်ကြီးလာတာနဲ့အမျှ ဘဏ်တွေဘက်ကတော့ စွန့်စားမှုနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management) ကို သေသေသပ်သပ်လေးလုပ်ဖို့ လိုတယ်။ နည်းပညာပိုင်း၊ အတတ်ပညာပိုင်းတွေအများကြီး လိုအပ်လာတယ်''ဟု ဒေါက်တာအောင်သူရက ဆိုသည်။

''ဘဏ်တွေက ကုမ္ပဏီတစ်ခုရဲ့Blance Sheet (လက်ကျန်ငွေစာရင်းရှင်းတမ်း) တွေဖတ်နိုင်ရမယ်။ ကုမ္ပဏီရဲ့လုပ်ငန်းသဘာဝကိုကြည့်ပြီး ဆုံးရှုံးနိုင်ခြေဘာရှိလဲဆိုတာကို ကြည့်နိုင်ရမယ်ဆိုတာတွေ လိုအပ်လာတယ်''ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြည်တွင်းဘဏ်များ၌ ထိုကဲ့သို့သော ကျွမ်းကျင်မှုမှာ ယခင်ကတည်းက မလုပ်ခဲ့ဖူးသဖြင့် အတွေ့အကြုံရော၊ နည်းပညာပါ အလွန်အားနည်းနေကြသည်။

ဘဏ်များဘက်သာမက ငွေချေးလိုသည့် လုပ်ငန်းများဘက်ကလည်း ပြင်ဆင်ရန်လိုအပ်ချက်များစွာရှိနေသည်။ အထူးသဖြင့် ပြည်တွင်းလုပ်ငန်းများသည် စာရင်းဇယားပိုင်းတွင် အားနည်းချက်များစွာရှိနေကြသည်။

''ကုမ္ပဏီရဲ့ ငွေရေးကြေးရေးရှင်းတမ်းတွေကို သေချာပြင်ဆင်ထားနိုင်ရမယ်။ ပြင်ဆင်ရုံတင် မကဘူး၊ လိုအပ်လို့ ဘဏ်ကမေးလာရင် ကိုယ့်ရှင်းတမ်း Financial Statement အတိုင်း စနစ်တကျဖြေပေးနိုင်ဖို့အတွက်လည်း ပြင်ဆင်ထားဖို့လိုမယ်။ ဘဏ်တွေဘက်ကကြည့်ရင် Financial Statement ဟာ တကယ့်အခြေအနေရော ဟုတ်လား၊ ဖြစ်နိုင်ခြေမရှိတာတွေကို ရေးဆွဲထားတာလားဆိုတာ မသိရရင် ချေးရဲမှာမဟုတ်ဘူး''ဟု ဒေါက်တာအောင်သူရက ပြောသည်။

ကုမ္ပဏီများသည် ငွေချေးလိုသော်လည်း စာရင်းအင်းကို စနစ်တကျမလုပ်ကြသည်က များသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

''စာရင်းအင်းကို စနစ်တကျလုပ်ဖို့က ကုန်ကျစရိတ်တွေများမှာစိုးလို့ မလုပ်ကြဘူး။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုဟာ အပြင်ကရင်းနှီးမြှုပ်နှံသူတွေကိုပဲရှာရှာ၊ ဘဏ်တွေရဲ့ချေးငွေ ရယူလိုတာပဲဖြစ်ဖြစ် အဆင်ပြေဖို့က စာရင်းအင်းပိုင်းကို သေချာလုပ်ထားဖို့လိုတယ်''ဟု ၎င်းက ဆက်ပြောသည်။

ပြည်တွင်းအခြေအနေအရမူ ပေါင်နှံမဲ့ချေးငွေ ဖြစ်လာရေးသည် အဆင့်များစွာကို ကျော်ဖြတ်ရမည်ဖြစ်သည်။ ထို့အတွက် ပေါင်နှံပစ္စည်းမဲ့ချေးငွေစနစ်ဆိုသည်ကို ထူထောင်ခြင်းထက် ငွေလာချေးသည့်လုပ်ငန်းများ၏ သဘောသဘာဝများကို စိစစ်အကဲခတ်ကာ ချေးငွေဆောင်ရွက်သည့်စနစ်ကို ပိုမိုထူထောင်သင့်သည်ဟု ကျွမ်းကျင်သူအချို့က ထောက်ပြကြသည်။

''အရင်တုန်းကတော့ ဗဟိုဘဏ်က ပေါင်နှံပစ္စည်းမဲ့ချေးငွေ လုံးဝမပေးရဘူးလို့ ထိန်းချုပ်ထားခဲ့တယ်။ အခုတော့ ခွင့်ပြုချက်တွေရှိလာတယ်။ ဒါကိုဘဏ်တွေကလည်း ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေနဲ့ သွားဖို့လိုနေပြီ။ အဓိကက အသေးစားလုပ်ငန်းတွေဟာ အပေါင်ပစ္စည်း မပေးနိုင်ဘူး။ ဒါဆိုရင် လုပ်ငန်းရဲ့ အောင်မြင်နိုင်ခြေကိုကြည့်ပြီး စိစစ်အကဲခတ်မှုလုပ်ပြီး ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တွေ လိုအပ်တယ်''ဟု ဘဏ်လုပ်ငန်းပညာရှင် ဦးမြသန်းက ပြောသည်။

''စီးပွားရေးလုပ်ငန်းရဲ့ သဘောသဘာဝနဲ့ ငွေစီးဆင်းမှုပုံစံအပေါ် အခြေပြုတဲ့ချေးငွေ ဖြစ်လာဖို့ အများကြီးလိုတယ်။ အဲဒီအတွက် ဘဏ်တွေကလည်း ချေးငွေ စိစစ်အကဲဖြတ်နိုင်မှုစွမ်းရည် (Credit Analysis Skill) ကို တိုးတက်စေမယ့် သင်တန်းတွေ များများလုပ်ပေးဖို့ လိုတယ်''ဟု ဘဏ္ဍာရေးလုပ်ငန်းပညာရှင် ဦးစံသိန်းက ပြောသည်။

ဗဟိုဘဏ်က ဘဏ်များ လုပ်ငန်းများကို ငွေလွတ်လပ်စွာထုတ်ချေးခွင့်ပေးလာခြင်းက တိုးတက်မှုတစ်ရပ်ဖြစ်သည်။ သို့ရာတွင် လက်တွေ့မြေပြင်တွင် ပေါင်နှံပစ္စည်းမဲ့ ငွေထုတ်ချေးရန်မှာမူ ဘဏ်လုပ်ငန်းများအပြင် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကလည်း ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ယင်းကိစ္စမှာ အလှမ်းဝေးနေဆဲဟု ဆိုရမည်ဖြစ်သည်။ သို့သော် ဘဏ်လုပ်ငန်းများအနေဖြင့်မူ အပေါင်ပစ္စည်းပေးသူ လူတစ်စုတည်းကိုသာ ငွေချေးခြင်းကို လျှော့ချရန် လိုအပ်နေသည်မှာလည်း မြင်သာလွန်းလှသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service