ရန်ကုန်တွင် ဖောက်လုပ်မည့် မိုးပျံလမ်းစီမံကိန်းအတွက် IFC ကို အကြံပေး ခန့်အပ်

ရန်ကုန်တွင် ဖောက်လုပ်မည့် မိုးပျံလမ်းစီမံကိန်းအတွက် IFC ကို အကြံပေး ခန့်အပ် - Property News in Myanmar from iMyanmarHouse.com
12 Jan 2018 10:52 am တွင် တင်ခဲ့သည်
3690 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၉ နှစ်ဆန်းတွင် စတင်မည့် ရန်ကုန်မြို့အဆင့်မြင့်မိုးပျံ အမြန်လမ်းစီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာငွေကြေးကော်ပိုရေး ရှင်း(IFC)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဦးဆောင်အကြံပေးအဖြစ် ဇန်န၀ါရီ ၁၁ ရက်တွင် ခန့်အပ်သည်။

ရန်ကုန်တောင်ပိုင်းနှင့်မြောက်ပိုင်း ချိတ်ဆက်မည့် ၁၃ မိုင်ခန့်(၂၀ ဒသမ ၅ ကီလိုမီတာ) ရှည်လျားသော မြန်မာ့ပထမဆုံး လေးလမ်း သွား အဆင့်မြင့်မိုးပျံအမြန်လမ်းစီမံကိန်းကို ပုဂ္ဂလိက ကဏ္ဍမှ ကန် ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိအသုံးပြုမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရွေးချယ်ရန် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူမည်ဖြစ် သည်။ အဆိုပါစီမံကိန်းကို (PPP)အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး ပုဂ္ဂလိကအခန်းကဏ္ဍမှ ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိ အသုံးပြုရမည်ဆိုသော်လည်း အစိုးရ ထည့်ဝင်ရ မည့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို မသိရသေးပေ။ သို့သော် အစိုးရ ၏ဘတ်ဂျက်သုံးစွဲရမှုကို လျှော့ချ နိုင်မည်ဟုလည်း ကမ္ဘာ့ဘဏ်အုပ် စုအဖွဲ့အစည်း(IFC)ကမျှော်လင့် ထားကြောင်း ထုတ်ပြန်ထား သည်။

တင်ဒါရမည့် ဆောက်လုပ် ရေးကုမ္ပဏီသည် ပြီးပြည့်စုံသော တည်ဆောက်မှု၊ စီမံခန့်ခွဲမှု၊ လုပ် ငန်းလည်ပတ်မှုစသောဝန်ဆောင် မှုများကို စနစ်တကျပြုပြင်ထိန်း သိမ်းပေးနိုင်သော အတွေ့အကြုံ များရှိပြီး အရည်အသွေးပြည့်ဝ ရမည်ဖြစ်သည်။ တင်ဒါအောင် ပြီးပါက ၂၀၁၉ နှစ်ဆန်းပိုင်းတွင်စတင်အကောင်အထည်ဖော်နိုင် မည်ဖြစ်ပြီး စီမံကိန်းကာလသည်၂ နှစ်မှ သုံးနှစ်ဖြစ်သည်ဟု ထုတ် ပြန်သည်။ ထို့ကြောင့် ရည်မှန်း ချက်အတိုင်း အကောင်အထည် ဖော်နိုင်ပါက ၂၀၂၂ တွင် မိုးပျံ အမြန်လမ်းမ ပြီးစီးမည်ဖြစ်သည်။

အဆင့်မြင့်အခွန်ကောက်ခံ မှုဖြင့် ပြုပြင်ထိန်းသိမ်းမည့်အဆို ပါမိုးပျံအမြန်လမ်းကို ရန်ကုန်မြို့ တောင်ပိုင်းရှိ ရန်ကုန်ဆိပ်ကမ်းမှ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် မြောက်ပိုင်းရှိ ရန်ကုန်လေဆိပ်၊ ရန်ကုန်စက်မှုဥယျာဉ်နှင့် ရန်ကုန် -မန္တလေးအမြန်လမ်းတို့ကို ချိတ် ဆက်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုမည့်စီမံကိန်းတစ်ရပ်ဟု IFC က ဆိုသည်။

‘‘IFC က PPP လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ အကြံဉာဏ်နဲ့အတူ စီမံကိန်းကို နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အရည်အသွေးမြင့်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနိုင်သည့်ယှဉ်ပြိုင်မှုရှိသော ဈေးကွက်တစ်ရပ်ကို ဖန်တီးဆောင်ရွက်သွားပါမယ်’’ ဟု IFC မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Vikram Kumar က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ နက အဆိုပါစီမံကိန်းကို ဟံသာ ၀တီလေဆိပ်၊ မင်္ဂလာဒုံလေဆိပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတို့ နှင့် ချိတ်ဆက်ထားသော်လည်း IFC ၏ သတင်းထုတ်ပြန်ချက် တွင် ဟံသာဝတီလေဆိပ်စီမံကိန်း ပါဝင်ခြင်းမရှိပေ။

မိုးပျံလမ်းဖောက်လုပ်မှုကို IFC က ၁၃ မိုင်ခန့်သာဖောက်လုပ် မည်ဟု ဖော်ပြထားသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှု ဇုန်အထိ ၁၃ မိုင်ကျော်၊ မင်္ဂလာ ဒုံစက်မှုဇုန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအထိ ကိုးမိုင်ကျော်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ် ၁ ဒသမ ၈ မိုင်ကျော် ချိတ်ဆက်ဖောက်လုပ်မည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာ နထုတ်ပြန်ချက်တွင် မိုးပျံအမြန် လမ်းစီမံကိန်းက ၂၅ မိုင်ကျော် ရှိပြီး ရန်ကုန်မြို့မှ ပဲခူးဟံသာဝတီ လေဆိပ်သို့ ၅၅ မိနစ်၊ ရန်ကုန် မြို့တွင်းမှ မင်္ဂလာဒုံလေဆိပ်သို့ မိနစ် ၂၀ ဖြင့်ရောက်ရှိနိုင်မည်ဟု ဖော်ပြထားသည်။

နိုင်ငံ၏ ဈေးကွက်ချိတ်ဆက် မှုနှင့် လူမှုရေးဆိုင်ရာဝန်ဆောင် မှုများ တိုးမြှင့်ရန် အခြေခံအ ဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံ မှု၊ အထူးသဖြင့် သယ်ယူပို့ဆောင် ရေးဧရိယာတွင် ရင်းနှီးမြှုပ်နှံခြင်း က ရေရှည်စီးပွားရေးဖွံ့ဖြိုးမှုအ တွက် အရေးပါသည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကြည်ဇော် မြင့်က ပြောသည်။

မိုးပျံလမ်း၊ နှစ်ထပ်လမ်း များတည်ဆောက်ရေးသည် မြန် မာနိုင်ငံရှိ ဆောက်လုပ်ရေးလုပ် ငန်းများတွင် နည်းပညာပိုင်းလို အပ်ချက်ရှိနေသောကြောင့် ပြည် ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်း မြန် မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာ များအသင်း အတွင်းရေးမှူးဦး လားဇာက ပြောသည်။

အဆင့်မြင့်မိုးပျံအမြန်လမ်း ဖောက်လုပ်ပြီးပါက ရန်ကုန်မြို့ တွင် ကြုံတွေ့နေရသည့် ယာဉ် ကြောပိတ်ဆို့မှုများကို ဖြေရှင်းပြီး သားဖြစ်လိမ့်မည်ဟု ၎င်းကသုံး သပ်ပြောသည်။

IFC သည် အကျိုးအမြတ်အ တွက် စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာတွင် ဆောင်ရွက်နေ သော အဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့ဘဏ်တွင် နိုင်ငံအစိုးရအဖွဲ့ အစည်းများကို အကူအညီပေး ခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများပေးခြင်း၊ နည်းပညာ ပိုင်းတွင် အကူအညီပေးခြင်းစ သော ၀န်ဆောင်မှုများဆောင်ရွက် နေသကဲ့သို့ IFC က ပုဂ္ဂလိကလုပ် ငန်းများကို ငွေချေးခြင်း၊ အကျိုး အမြတ်အတွက် စီးပွားရေးလုပ် ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း တို့ ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားမလုံလောက်မှုကို ဖြေ ရှင်းနိုင်ရန် မြင်းခြံသဘာဝဓာတ် ငွေ့သုံးဓာတ်အားပေးစီမံကိန်း တွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်လာ နိုင်စေရန် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများဖြင့် အစိုးရ၊ ပုဂ္ဂလိ ကအခြေခံစီမံကိန်းဖြစ်အောင် IFC က ပြင်ဆင်ရေးဆွဲပေးခဲ့ သည်။ IFC သည် နိုင်ငံစုံမှ စီးပွား ရေးဆိုင်ရာအဖွဲ့အစည်း ၂,၀၀၀ ကျော်နှင့် ပူးပေါင်းပြီးစီးပွားရေး လုပ်ကိုင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ ၂၀၁၇ တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ကာလရှည်ရင်း နှီးမြှုပ်နှံမှုဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံကို IFC က ရင်းနှီးမြှုပ်နှံ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service