ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ တိုက်ခန်းကွန်ဒိုတွေရဲ့ ငွေပေးချေစနစ်

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ တိုက်ခန်းကွန်ဒိုတွေရဲ့ ငွေပေးချေစနစ် - Property News in Myanmar from iMyanmarHouse.com
9 Jan 2018 11:00 am တွင် တင်ခဲ့သည်
7506 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်ဆဲဖြစ်တဲ့ တိုက်ခန်းပြီးစီးမှုနဲ့ ငွေပေးချေမှုပုံစံကို Myanmar Builders Guide က သိရပါတယ်။

Lanmadaw River View Tower

ငွေပေးချေမှုစနစ်က downpayment ဖြစ်ပြီး ၅၀ ရာခိုင်နှုန်းကို ၂၄ လ အရစ်ကျနဲ့ ၅၀ ရာခိုင်နှုန်းကို ၃၆ လ ဒါမှမဟုတ် လ ၆၀ ကို  ဘဏ်နဲ့ချိတ်ဆက်ပြီး   ဝယ်ယူနိုင်တယ် လို့ သိရပါတယ်။

အဲသည် တာဝါမှာ Unit A နဲ့ Unit B ဆောက်လုပ်မှာ ဖြစ်ပါတယ်။ အ ထပ်ပေါင်း ၁၂ ထပ် ရှိပြီး တစ်လွှာကို နှစ်ခန်း ပါဝင်ပါတယ်။ ပန့်ဟောက်စ်တစ်ခန်းရှိပြီး အခန်းအကျယ်အဝန်းမှာ    Unit A မှာ ၂၅ပေ x ၄၇ ပေ ခြောက်လက်မ  ဖြစ်ပြီး Unit B အကျယ် အဝန်းက ၂၅ ပေ x ၆၂ ပေ ဖြစ်တယ်လို့ သိရပါတယ်။

အခန်းဈေးနှုန်းမှာ Unit  A ၁၀ လွှာ ကနေ ၁၂ လွှာအထိ   တစ်ခန်းသိန်း ၂၇၀ဝ၊ Unit B ငါးလွှာကနေ ၁၂ လွှာအထိ သိန်း ၃၂၀ဝ နဲ့ ပန့်ဟောက်စ်က သိန်း ၄၇၀ဝ ဖြစ် တယ်လို့သိရပါတယ်။ Basement မှာ ကားပါကင်ထားရှိပြီး ဓာတ်လှေကား တစ် စင်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲသည် တာဝါကို အမှတ် (၅၄၄/ ၅၄၆) ကမ်းနားလမ်း၊  လမ်းမတော် မြို့နယ်မှာ  MMM Construction က တာဝန်ယူဆောက်လုပ်နေပြီး အခုချိန်မှာ pile foundation ဆောက်ရွက် နေပြီဖြစ်ပါတယ်။
၂၄ နာရီလုံခြုံရေးစနစ်၊ မီးဖိုချောင်ခန်း၊  pile foundation , generator for lift, cabinet စတဲ့ facilities တွေ ပါဝင်မှာ ဖြစ်ပါတယ်။

No.46 Myinthar Apartment

သည် Apartment အခန်း အကျယ် အ ဝန်း က ၁၃ ပေ x ၅၁ ပေ ဖြစ်ပြီး အခန်း ဈေးနှုန်းတွေက မြေညီထပ်ခိုးပါ သိန်း ၉၇၀၊ ပ ထမ ထပ်  နှစ်လွှာ သိန်း ၄၂၀၊ ဒုတိယထပ် သုံးလွှာ သိန်း ၃၉၀၊ တတိယ ထပ် လေးလွှာ သိန်း ၃၆၀၊ စတုတ္ထထပ် ငါးလွှာ သိန်း ၃၃၀၊  ပဉ္စမထပ် ခြောက်လွှာ သိန်း ၃၀ဝ ဖြစ်တယ်လို့ သိရပါတယ်။

အထပ်ပေါင်း ခြောက်ထပ်ရှိပြီး တစ်လွှာစီမှာ နှစ်ခန်းပါဝင်တယ်လို့ သိရပါတယ်။ ၄င်းပရောဂျက်ကို အမှတ် ၄၆/၁၊ မြင်သာ ၄ လမ်း  (၁၄/၁) ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်မှာ တော်ဝင်အောင်မြန်မာ  ဆောက်လုပ်ရေးက ဆောက်လုပ်နေပြီး ၂၀၁၈ ဖေဖော်ဝါရီလလောက်မှာ ပြီးစီးမယ်လို့  ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ပြီး စီးဖို့ ၂၅ ရာခိုင်နှုန်းသာ လိုတယ်လို့ သိရပါတယ်။

ဧရာချမ်းသာကွန်ဒို
၃၀ ရာခိုင်နှုန်းကို ကျပ်ငွေ ၈၀ဝ,ဝ၀ဝ လပေါင်း ၃၆ လပေးသွင်းပြီး ကျန် ၇၀ ရာ ခိုင်နှုန်း ကို အိမ်ခန်းလက်ခံချိန်က စပြီး အိမ်ရာချေးငွေစနစ်နဲ့ လပေါင်း  ၄၈ လအထိ ပေးသွင်းဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
၆၀ဝ စတုရန်းပေ၊ ၁၂၀ဝ စတုရန်းပေ၊ အခန်းအကျယ် နှစ်မျိုးရှိပြီး ယခု နေထိုင်ဖို့အတွက် လိုအပ်ရင် ၃၀ ရာခိုင်နှုန်း တစ်ခါတည်းပေးချေ အိမ်ခန်းလက်ခံပြီး နေထိုင်ရင်း ကျန် ၇၀ ရာခိုင်နှုန်းကို အိမ်ရာချေးငွေပေးချေနိုင်ပါတယ်။ Unit  A,B,C,D ဆို ပြီး ၆၀ဝ၊၇၁၄ ၊၈၂၈၊၈၃၆၊၁၁၈၄၊၁၂၀ဝ၊ ၁၃၁၀၊၁၃၁၅ စတုရန်းပေ အကျယ်အဝန်းတွေရှိ ပြီး အိပ်ခန်း နှစ် ခန်းက လေးခန်းအထိ ရှိပါတယ်။

၂၆ ဧက  လောက်ကျယ်ပြီး အဆောက် အအုံပေါင်း ၁၆ လုံးပါရှိပါတယ်။ ၁၈ ထပ်အမြင့် ရှိ ပြီး ၂၄ နာရီ မီးအားပေးစနစ်၊ အဆောက် အအုံ တစ်လုံးစီမှာ ဓာတ်လှေကား  သုံးစီး ပါဝင်တယ်လို့ သိရပါတယ်။ မိမိ နေထိုင်တဲ့ အ လွှာက အမှိုက်စွန့်ပစ် ပြွန် အတွင်းကို  စွန့်ပစ်တဲ့ စနစ်၊ အိမ်ခန်းကနေတိုက်ရိုက်ချိတ် ဆက်နိုင်မယ့်တီဗီ၊ အင်တာနက်လိုင်းတွေ၊ အထပ်မြင့် အဆောက်အအုံ ထပ်ဆင်ရမယ့် မီးသတ် စနစ်တွေပါရှိ ပြီး လုံခြုံရေးအတွက် ကွန်ဒိုဝင်း လုံခြုံရေး အပြင် အိမ် ခန်းလုံခြုံရေးအတွက် ဧည့်သည်လာရင် အိမ်ခန်းက video intercom  system နဲ့ ဧည့်သည်ကို ခလုတ်ပေးမှ ဧည့် သည်က ဓာတ်လှေကား စီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒိုရဲ့ ပြီး ပြည့်စုံ တဲ့ facilities တွေ ပါဝင်မှာ ဖြစ်ပါ တယ်။

အစိုးရ အထက်တန်းကျောင်း၊  ကိုယ် ပိုင်အထက်တန်းကျောင်း ၊ နိုင်ငံတကာ စာ သင်ကျောင်းတွေအနီးမှာ ရှိပြီး ကွန်ဒိုဝင်းမှာ ကိုယ်ပိုင်ဆေးခန်းပါရှိသလို အနီးနား မှာ ပုဂ္ဂလိက ဆေးရုံကြီးရှိပါတယ်။အမှတ် ၆၁ ၊ ဧရာဝဏ်လမ်းမကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ရှိပါတယ်။

Credit: Myanmar Builders Guide

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service