တန်ဖိုးတက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ မန္တလေးမြို့ အရှေ့မြောက်ဘက်ခြမ်းရွာတွေက မြေယာတွေမှာ ဝယ်လက်တွေ ဝယ်ယူနေကြတယ်လို့ နယ်ခံ မြေအကျိုးဆောင်အချို့ က ပြောပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက် မြို့တွင်းမှာရော မြို့ပြင်မှာပါ အရောင်းအဝယ်အေးစက်ကျဆင်းနေတဲ့အချိန်မှာ မန္တလေးမြို့ နဲ့ မလှမ်းမကမ်းမှာတည်ရှိပြီး လမ်း၊ လျှပ်စစ်မီး စတဲ့အခြေခံ အချက်တွေ ပြည့်စုံပြီး ဈေးနှုန်းသက်သာတဲ့အတွက် အဲသည် မြေယာတွေမှာ ဝယ်လက်တွေ ရင်းနှီးမြှုပ်နှံနေတာလို့ အကျိုးဆောင်အချို့နဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံသူ အချို့ဆီ က သိရပါတယ်။
မန္တလေးမြို့ကနေ ပြင်ဦးလွင်သွားကားလမ်းနံဘေးပတ်ဝန်ကျင်က မြေယာတွေ ၊ ပုသိမ်ကြီးမြို့နယ်သွားကားလမ်းနံဘေးပတ်ဝန်းကျင်ကမြေယာတွေ ၊ မတ္တရာသွားကားလမ်းနံဘေးပတ်ဝန်းကျင်က မြေယာတွေ ၊ ရန်ကုန်မန္တလေးသွား ကားလမ်းနံဘေးပတ်ဝန်းကျင်က မြေယာတွေ ဟာ လက်ရှိအချိန်မှာ တစ်ဧကကို အနည်းဆုံး ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း သောင်းချီအထိ ပေါက်ဈေးရှိပါတယ်။ မန္တလေးမြို့ အရှေ့မြောက်ဘက်ခြမ်း ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာတော့ တစ်ဧက ကျပ်သိန်း ၅၀၀ ဝန်းကျင်ခန့်ပေါက်ဈေးရှိတယ်။
သည်အတွက် ယင်းမြေယာတွေပေါ်မှာ ရင်းနှီးမြှုပ်နှံတဲ့ ပုံစံကိုပြောင်းလဲတာဖြစ်တယ်။
ဝယ်ယူရရှိတဲ့ မြေနေရာတွေမှာ ရေတွင်းတူတာ ၊ လျှပ်စစ်မီသွယ်တန်းတာ ပြုလုပ်ပြီးအကွက်ရိုက်တာမျိုး စတဲ့ လူနေထိုင်နိုင်မယ့် အခြေအနေတွေကို အများဆုံးပြုလုပ်တယ်လို့ နယ်ခံ အိမ်ခြံမြေပွဲစားအချို့က ပြောပါတယ်။
မြို့ရဲ့ လူဦးရေတိုးတက်လာတာနဲ့ အမျှမြို့ပြ သတ်မှတ်မှုအတိုင်းအတာတွေ ကျယ်ဝန်လာနိုင်ပြီး ရွာမြေကနေမြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးတာ ၊ ရွာပတ်ဝန်းကျင်က လယ်ယာတွေကို အခြားနည်းနဲ့ အသုံးချခွင့်ပေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လို့ ခန့်မှန်ပြီး ယခုလို ဝယ်ယူနေတာဖြစ်တယ်လို့ ကျွမ်းကျင်သူ အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောပါတယ်။
Credit: The Modern