ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
5 Jan 2018 11:41 am တွင် တင်ခဲ့သည်
5065 ကြိမ် ကြည့်ရှု့ပြီး
ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ၏ ဒုတိယနှင့် စတုတ်္ထမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီိး လက်ရှိသမ္မတဖြစ်ကာ ကမ္ဘာပေါ်တွင် န၀မမြောက် လစာအမြင့်ဆုံး နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ် ပြီး ယခင်က ကေဂျီဘီထောက်လှမ်းရေးအဖွဲ့ကြီး၏ ညွှန်ကြားရေး မှူးလည်း ဖြစ်၏။

အားကစားဝါသနာထုံသူအဖြစ် နာမည်ကျော်ပြီး ကန်ဒေါ်လာ ၇၀ မှ ၂၀၀ ဘီလီယံကြား ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းခြင်းခံထားရသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်။

ကန်ဒေါ်လာ ၇၅၀၀၀ တန်ကြေးရှိ အိမ်သာ

ဗလာဒီမာပူတင်၏ အခြားပိုင်ဆိုင်မှုများကို မဆိုသေး။ သူ၏ အိမ်သာပင်လျှင် အလွန်တန်ဖိုးကြီးမားလှပြီး ကန်ဒေါ်လာ ၇၅၀၀၀ ခန့် တန်ကြေးရှိ၏။

အိမ်သာအတွင်း ရွှေထည်ပစ္စည်းများအသုံးပြုထား သည်ဟု သတင်းများရှိပြီး အိမ်သာခုံများမှာ အပူပေးစနစ်အသုံး ပြုထားသည်ဟု ဆိုသည်။

အိမ်သာအတွင်း တေးဂီတစနစ်ပါဝင်ခြင်းရှိ၊ မရှိနှင့် မည်သည့်နေရာတွင် တည်ဆောက်ထားသည်ဟူသည့် အချက် အလက်များကိုမူ မသိရသေးချေ။

ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် စံအိမ်များ

ဗလာဒီမာပူတင်သည် ဖင်လန်၊ ဥရောပ၊ အခြားနိုင်ငံ အချို့နှင့် ရုရှားနိုင်ငံတစ်ဝန်းတွင် နန်းတော်နှင့် စံအိမ်ပေါင်း ၂၀ ၀န်းကျင်ခန့် ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ယင်းတို့အနက်မှ ထင်ရှားသည်မှာ အီတလီဗိသုကာ ဟန်ဖြင့် ဆောက်လုပ်ထားပြီး ပူတင်နန်းတော The Putin Palace ဟု အမည်ပြောင် ပေးထားသည့် နန်းတော်ကြီးဖြစ် သည်။

အဆိုပါနန်းတော်ကို ထိပ်တန်းလျှို့ ဝှက်အဆင့်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးချိန်အထိ ဆောက် လုပ်ရေးလုပ်ငန်းခွင်အနီးသို့ မီဒီယာများကို ချဉ်းကပ်ခွင့် မပေး ခဲ့ချေ။

နန်းတော်၏ ပရ၀ုဏ်မှာ စတုရန်းမီတာ ၇၅၀၀၀၀ ခန့် ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၁ ဘီလီယံခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းရသည်။

စံအိမ်တော်ဝန်းအတွင်း ကာစီနို၊ အားကစားကွင်း၊ ဘုရားကျောင်း၊ ရေကူးကန်များ၊ ကစားကွင်းများ၊ ရဟတ်ယာဉ် ကွင်းများ၊ ၆၅ ဟက်တာခန့် ကျယ်ဝန်းသော ပန်းဥယျာဉ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ၀န်ထမ်းအိမ်ရာများ ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ နန်းတော်ကို ရုရှားဘာသာအားဖြင့် Pe3 ဟု ခေါ်ဆိုပြီး အိုင်ဒိုကိုပါ့စ် အငူရှိ နန်းတော်ဟု အဓိပ်္ပာယ်ရသည်။ မီဒီယာများတွင်မူ ပူတင်၏နန်းတော်၊ ပူတင်၏ကျေး လက်စံအိမ်ဟု ခေါ်ကြသည်။
ရုရှားနိုင်ငံ၊ ကရာ့စ်နိုဒါပြည်နယ်၊ ပရာ့စ်ကိုဗက်ကာကျေးရွာအနီး၊ ပင်လယ်နက်ကမ်းရိုးတန်းတွင် တည်ရှိသည်။

ဗလာဒီမာပူတင်၏ ပထမဆုံးသမ်္မတသက်တမ်းကာလ အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပူတင်သီးသန့် အသုံးပြုရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

သို့ရာတွင် ပူတင်၏ ပြောရေးဆိုခွင့်ရပုဂ်္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က ၂၀၁၀ ပြည့်နှစ်အတွင်း အဆိုပါသတင်းများကို တရားဝင်ငြင်းဆိုထားသည်။

တန်ဖိုးကြီး နာရီများ

ဗလာဒီမာပူတင်သည် စိတ်ဝင်စားဖွယ် တန်ဖိုးကြီးနာရီ များဝတ်ဆင်ကာ ရိုက်ကူးထားသည့် ဓာတ်ပုံပေါင်းများစွာရှိနေ ပြီး ဖြစ်သည်။

၎င်းပိုင်ဆိုင်ထားသည့် နာရီများ၏ စုစုပေါင်းတန် ကြေးမှာ ကန်ဒေါ်လာ ၁ သန်းဝန်းကျင်ခန့်ရှိသည်ဟု ဆိုသည်။
ပူတင်၏ နာရီများတွင် ရိုးလက်စ်နာရီများ၊ ကန်ဒေါ်လာ ၇၀၀၀၀ တန်ကြေးရှိ Patek Philippe Perpetual Calendar နာရီနှင့် ကန်ဒေါ်လာ ၁၅၀၀၀ တန်ကြေးရှိ Breguet Marine နာရီများလည်း ပါဝင်သည်။

ပူတင်ပိုင်ဆိုင်သော တန်ဖိုးအကြီးဆုံးနာရီများအနက် တစ်ခုမှာ Lange & Sohne နာရီဖြစ်ပြီး သလင်းမှန်ကို အသုံးပြုထားကာ နာရီလက်တံကို ရွှေဖြင့် ပြုလုပ်ထားသည်။

မော်တော်ကားများ

ဗလာဒီမာပူတင်သည် မော်တော်ကားပေါင်းများစွာ ပိုင်ဆိုင်ထားပြီး စုစုပေါင်း အစင်းရေ ၇၀၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

အများစုမှာ ဂျာမနီနှင့် ရုရှားလုပ်များဖြစ်ကာ Benz နှင့် LADA range အမျိုးအစားများ အပါအ၀င်ဖြစ်သည်။
ထို့အပြင် တန်ဖိုးကြီးမော်တော်ကားများဖြစ်သည့် Lamborghinic Ferrari, Bentley မော်တော်ကားများလည်း ပါဝင်ကာ Formula ၁ ကားတစ်စင်းပင် ယခင်က ပိုင်ဆိုင်ခဲ့ဖူးသေးသည်ဟု ဆိုသည်။

လေယာဉ်ပျံများ

အထက်တွင် ဖော်ပြခဲ့သည့် တန်ဖိုးကြီးအိမ်သာမှာ ပူတင်ပိုင်ဆိုင်သည့် များစွာသောလေယာဉ်ပျံများအနက်မှ တစ်စင်းပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ဗလာဒီမာပူတင်ပိုင်ဆိုင်ထားသည့် လေယာဉ်များ ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဘီလီယံနီးပါးရှိသည်။
ပူတင်ပိုင်ဆိုင်ထားသည့် လေယာဉ်များတွင် residential Jet, Ilyushin-96, Boeing 747 တို့လည်း ပါဝင်ပြီး Airbus A380 တစ်စင်းလည်း ပါဝင်သည်ဟူသည့် သတင်းများရှိသည်။

ရဟတ်ယာဉ်များ

ပူတင်သည် ရဟတ်ယာဉ်အမျိုးအစား ၁၅ မျိုးခန့် ပိုင်ဆိုင်ထားပြီး အချို့ ကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြု ကာ အချို့ ကိုမူ သမ္မတတာဝန်ထမ်းဆောင်ချိန်အချို့ အတွက် အသုံးပြုသည်။

အဆိုပါ ရဟတ်ယာဉ်များတွင် သမ်္မတ၏ အသက်အန်္တရာယ် ကို ရန်ပြုမည့်သူများရန်မှ ကာကွယ်ရန် နောက်ဆုံးပေါ်အဆင့် မြင့် ကာကွယ်ရေးလက်နက်ဆန်းများ တင်ဆင်ထားသည်။သူ ၏ ရဟတ်ယာဉ်များအနက် အထင်ရှားဆုံးမှာ Mi-8 ဖြစ်သည်။

ရွက်လှေများ

ဗလာဒီမာပူတင်သည် ရွက်လှေ ၄ စင်းပိုင်ဆိုင်ထား သည့်အနက် သမ္မတစီးရွက်လှေ Presidential Super Yachtမှာ အကောင်းဆုံးဖြစ်သည်။

အဆိုပါရွက်လှေသည် အလျား ၅၈ မီတာခန့်ရှိပြီး ရေကူးကန်၊ ရေတံခွန်၊ BBQ နေရာနှင့် master bedroom ၄ ခန်း ပါဝင်သည်။

အခြားရွက်လှေ ၃ စင်းမှာ ရုရှားနိုင်ငံတစ်ဝန်း ဖြန့် ကျက်တည်ရှိပြီး သူအလည်အပတ်လာမည့် မည်သည့်အချိန် အတွက်မဆို အသင့်အနေအထားရှိသည်။

ရေနံနှင့်ဓာတ်ငွေ့ ကုမ္ဗဏီများ

ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများတွင် စီးပွားရေးထဲထဲဝင်ဝင် ပတ်သက်မှုများ ရှိသည်။

လက်ရှိအားဖြင့် ဥရောပတိုက်၏ နိုင်ငံအများစုကို သဘာဝဓာတ်ငွေ့ထောက်ပံ့ပေးလျက်ရှိသော ရုရှား၏ အကြီးမားဆုံး သဘာဝဓာတ်ငွေ့ ကုမ္ဗဏီဖြစ်သည့် Gazprom တွင် ရှယ်ယာ များစွာ ပိုင်ဆိုင်ထားသည်။

ထို့အပြင် Lukoil, Rosneft နှင့် Transneft ကုမ္ဗဏီ များတွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားသေးသည်။

အနုပညာလက်ရာများ

ဗလာဒီမာပူတင်သည် အနုပညာလက်ရာများလည်း များစွာ ၀ယ်ယူစုဆောင်းထားသည်ဟူသော သတင်းများ မကြာသေးမီက ထွက်ပေါ်လာသည်။

မော်စကိုမြို့တော် သာမန်လူနေရပ်ကွက်အတွင်းတွင် ပူတင်၏ အနုပညာလက်ရာများ စုဆောင်းထားသည့် နေအိမ်ခန်း တည်ရှိပြီး ၂၄ နာရီလုံး ရဲတပ်ဖွဲ့အပြင် ကိုယ်ပိုင်လုံခြုံရေးများ စောင့်ကြပ်လျက်ရှိသည်။

လီယိုနာဒိုဒါဗင်ချီနှင့် မိုက်ကယ်အိန်ဂျလိုတို့ အပါ အ၀င် အခြားကမ္ဘာကျော်ပန်းချီပညာရှင်တို့၏ လက်ရာပေါင်း ၁၀၀ ကျော်လည်း ပါဝင်သည်ဟု ဆိုသည်။

ယင်းအနုပညာလက်ရာအားလုံး၏ စုစုပေါင်းတန်ဖိုး မှာ ကန်ဒေါ်လာ ၂ ဘီလီယံဝန်းကျင် ရှိနိုင်ကြောင်း ခန့်မှန်းကြ သည်။

3.5 Ton limousine မော်တော်ကား

အဆိုပါမော်တော်ကားကို Porsche မှ ဒီဇိုင်းရေးဆွဲ ပြီး အမေရိကန်သမ္မတစီးနင်းသည့် Limousines မော်တော် ကားတွင် ပါဝင်သည့် လုပ်ဆောင်ချက်အားလုံး ထည့်သွင်းထား သည်။

ကျည်ကာကားကိုယ်ထည်၊ ကျည်ကာမှန်၊ ဗုံးဒဏ်ခံ အတွင်းပိုင်းအပြင်အဆင်၊ သမ်္မတအတွက် အရေးပေါ်ပေးသွင်း နိုင်မည့် သွေးအမျိုးအစား၊ ကိုယ်ပိုင်အောက်ဆီဂျင်ထောက်ပံ့မှု တို့ ပါဝင်ကာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်ဟု ဆိုသည်။

ယင်းမော်တော်ကားကို ကရင်မလင်နန်းတော်တစ်နေရာ တွင် လျှို့ ဝှက်စွာ သိမ်းဆည်းထားပြီး အသုံးပြုဖူးခြင်းမရှိသေးသကဲ့ သို့ မည်သူမျှလည်း မမြင်ဖူးကြချေ။

အဏုမြူလက်နက်ဖြင့် တိုက်ခိုက်ခံရမှု၊ သို့မဟုတ် အကြမ်းဖက်သမားတို့၏ တိုက်ခိုက်ခံရမှုများ ကြုံရချိန်တွင်သာ အသုံးပြုရန် ဖြစ်သည်။


အိအိအေးအောင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service