မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအ၀င် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် ဒေါ်လာ သန်း ၂၃၃၀ သုံးစွဲရန်ခန့်မှန်း

မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအ၀င် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် ဒေါ်လာ သန်း ၂၃၃၀ သုံးစွဲရန်ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 12:19 pm တွင် တင်ခဲ့သည်
5189 ကြိမ် ကြည့်ရှု့ပြီး
မြို့သစ်စီမံကိန်းများ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်း
အိမ်ရာ စီမံကိန်းများ အပါ အ၀င် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ
ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၃၃၀
သုံးစွဲရန် ခန့်မှန်းထားကြောင်း မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအရ
သိရသည်။

မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံခန့်ခွဲရေးအတွက် ဒေါ်လာ သန်း ၆၃၀ သုံးစွဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဗဟိုခွဲများနှင့် အခြားဦးစားပေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဒေါ်လာ သန်း ၃၂၀၊ မြို့လယ်ဗဟိုစီးပွားရေးဇုန် ပြန်လည်ပြုပြင်ခြင်းအတွက် ဒေါ်လာ သန်း၂၉၀ နှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်၍ ဒေါ်လာသန်း ၂၀ သုံးစွဲရန်အပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဒေါ်လာ သန်း ၁၇၀၀ သုံး စွဲရန် ခန့်မှန်းထားခြင်းဖြစ်ပြီး အခြေခံအဆောက်အအုံ တိုးတက်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည် ရှိစေရေးအတွက် သုံးစွဲမည်ဖြစ်သည်။

မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းမှ ဦးစားပေးစီမံကိန်း ၄၁ ခုတွင် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၅ ခုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး စီမံကိန်း ၁၆ ခုအဖြစ် ခွဲခြားထားသည်။

အဆိုပါ စီမံကိန်းများမှာ မင်းဓမ္မ ဒုတိယ ဗဟိုစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရန်ကင်းဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ သီလ၀ါ အထူးစီးပွားရေး ဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ကြည့်မြင်တိုင်မြို့သစ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရန်ကုန်ဘူတာကြီးဧရိယာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဘူတာရုံခွဲ ဧရိယာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ မူလရှိပြီးသော စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အစိုးရပိုင်မြေများ ပြန်လည်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၊ ဆူးလေဘုရားနှင့် ပတ်ဝန်းကျင် စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ဘဏ်လမ်းစီမံကိန်း (မြို့လယ်ဗဟို စီးပွားရေးဇုန်)၊ ကမ်းနားလမ်းစီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ မြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (မြို့လယ်ဗဟို စီးပွားရေးဇုန်)၊ ဘက်စုံသုံး ပို့ဆောင်ဆက်သွယ်ရေး ၀န်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (မြို့လယ် ဗဟိုစီးပွားရေးဇုန်)၊ ကားရပ်နားသည့်နေရာ ရေးဆွဲခြင်း စီမံကိန်းနှင့် လမ်းများဈေးနှုန်း သတ်မှတ်ခြင်းနှင့် ကားရပ်နားသည့်စနစ် အစပြုမှု စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်) တို့ ပါဝင်သည်။

ထို့ပြင် ဘတ်စ်ကားစနစ်ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ပန်းခြံမြေအောက် ကားရပ်နားရန်နေရာများ စီမံကိန်း၊ မြို့ပြတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ငွေကြေးထောက်ပံ့မှု အစီအစဉ်၊ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ပန်းခြံသစ်များ ဆောက်လုပ်ခြင်းစီမံကိန်း၊ မသန်စွမ်းသူများအတွက် နေထိုင်သွားလာမှု အခက်အခဲ မရှိစေရေး စီမံကိန်း၊ ပညာရေးစနစ် ပိုမိုခိုင်ခံ့ရေးစီမံကိန်း၊ မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများအား ကူညီထောက်ပံ့ရေး စီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ကုက္ကိုလ်ဝ ရေသန့်စင်စက်ရုံနှင့် ရေပေးဝေရေး ပိုက်လိုင်းများ ဆောက်လုပ်ခြင်း စီမံကိန်း၊ ဇုန် (၁) ရေပေးဝေရေးပိုက်လိုင်း ကွန်ရက်အသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်း၊ မြို့လယ်ဗဟိုစီးပွားရေးဇုန် ရေဆိုးစနစ် တိုးတက်မှု ဆောင်ရွက်ရေး စီမံကိန်း (C1 + W1)၊ W1 ရေဆိုးစနစ် တိုးတက်မှု ဆောင်ရွက်ရေးစီမံကိန်း (လသာနှင့် လမ်းမတော်)၊ မြို့လယ် ဗဟိုစီးပွားရေးဇုန် မိုးရေစီးဆင်းမှု ကောင်းမွန်ရေး၊ တိုးတက်မှုဆောင်ရွက်နိုင်ရေး တို့ဖြစ်သည်။

ထို့ပြင် အခြားစီမံကိန်းများမှာ ရေဆိုးစီမံခန့်ခွဲမှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရေလွှမ်းမိုးမှု ပေါင်းစပ်ကွပ်ကဲရေး စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြု ပစ္စည်းများ စုဆောင်းခြင်း၊ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ဘေးအန္တရာယ်ဖြစ်စေသော အမှိုက်များ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အမှိုက်သရိုက် စီမံခန့်ခွဲရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ အမှိုက်မှ စွမ်းအင်စီမံကိန်း၊ လက်ရှိ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ ငလျင်ဒဏ်ခံနိုင်မှု စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြို့တော်စည်ပင်နေရောင်ခြည် ဆိုလာစနစ် စတင်ဆောင်ရွက်ခြင်း စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service