၅၀၀ ကျပ်တန်ထီလက်မှတ် ကျပ်သိန်းထောင်ချီဆုနှင့် အိမ်ပိုင်ဆိုင်ရေး မျှော်လင့်ချက်

၅၀၀ ကျပ်တန်ထီလက်မှတ် ကျပ်သိန်းထောင်ချီဆုနှင့် အိမ်ပိုင်ဆိုင်ရေး မျှော်လင့်ချက် - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 11:29 am တွင် တင်ခဲ့သည်
5383 ကြိမ် ကြည့်ရှု့ပြီး
အစိုးရ ထီလက်မှတ်တစ် စောင်ကို ငွေကျပ် ၅၀၀ အထိ တန်ဖိုးတိုးမြှင့်လိုက်သည့် အချိန်တွင် ပေါက်မဲဆုကိုလည်း ကျပ်သိန်းပေါင်း ၁၀၀၀၀ အထိ တိုးမြှင့်ခဲ့သည်။အခြား ဆုတွေကိုလည်း ကျပ် သိန်း ၅၀၀၀၊ ကျပ် သိန်း ၃၀၀၀ အစရှိသဖြင့် တိုးမြှင့်ခဲ့သည်။ ပေးအပ်ထားသည့် ဆုကြေးငွေများက သာမန်လူတစ်ဦးအတွက် နေ့ချင်း ညချင်း ဘ၀ပြောင်းသွားစေနိုင်သည့် ငွေကြေး တွေပင်ဖြစ်သည်။

ထို့အတွက် သာမာန် လူတန်းစား အတော်များများနှင့် အစိုးရ ၀န်ထမ်း အတော်များများက အစိုးရထီ ကို လစဉ် မပျက်မကွက် အားပေးကြသည်။ငွေကျပ် ၅၀၀ တစ်စောင်တည်း ထိုးခဲ့ဦး တော့ ကျပ်သိန်းပေါင်း ၁၀၀၀၀ ဆုကို ပင် စိတ်ကူးယဉ်ခွင့်ရှိသည်။ အိပ်မက် မက်ခွင့်ရှိသည်။ အဲဒီလို စိတ်ကူးယဉ် အိပ်မက် မက်သူတွေထဲမှာ ကျွန်တော် လည်း အပါအ၀င်ဖြစ်သည်။၂၀၀ ကျပ်တန် ထီခေတ်တည်းက လစဉ် ထိုးလာခဲ့သည် က ကာလအတော်ကြာခဲ့ပြီ။ ၅၀၀၀၀ ကျပ် ဆုတစ်ခုတည်းသာ ရခဲ့ဖူးသည်။သို့သော်လည်း ယခု အချိန်ထိတော့ ဇွဲ မလျော့သေး။ လစဉ် မပျက်မကွက် ထိုး သည်။ ပြီးလျှင် စိတ်ကူးယဉ်သည်။မျှော်လင့်ချက်ထားသည်။ အိပ်မက်တွေ မက်သည်။ ယခုအချိန်ထိတော့ စိတ်ကူး အိပ်မက် မျှော်လင့်ချက်တွေက အကောင် အထည်မပေါ်သေး။ တစ်နေ့နေ့တော့ ဖြစ်လာကောင်းပါရဲ့ ဆိုသည့် မျှော်လင့် ချက်တစ်ခုနှင့်ပင် အသက်ဆက်ရှင်သန် ခဲ့သည်။ ထီတစ်စောင် ၅၀၀ ကျပ်နှင့် သိန်း ၁၀၀၀၀ ဆုအထိ မျှော်လင့်ရင်ခုန်၍ ရပေမယ့် ကျွန်တော် ကိုယ်တိုင်က အဲဒီ ပမာဏလောက်အထိ မမျှော်လင့်ခဲ့။ကျွန်တော် မျှော်လင့်သည်က အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် နေနိုင်ထိုင်နိုင် သည့် ပမာဏကိုသာ ဖြစ်သည်။ အိမ်တစ် ဆောင် မီးတစ်ပြောင်ဆိုပေမယ့်လည်း အိမ်ဈေး မြေဈေးတွေက အတော့်ကို မြင့်မားလွန်းသည်။

ကျွန်တော့်လို အစိုးရ ၀န်ထမ်းတွေ၊ သာမန်လူတန်းစားတွေ အဖို့ မမျှော်လင့်ရဲသည့် ပမာဏတွေ ပင်ဖြစ်သည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှာရှိသည့် မြေဈေးတွေက အိပ်မက်ပင် မမက်ဖူးသည့် ကိန်းဂဏန်း တွေဖြစ်သည်။ လူမှုကွန်ယက်စာမျက်နှာ ထက်က အိမ် ခြံ မြေ ၀န်ဆောင်မှုလုပ်ငန်း ကြော်ငြာတွေမှာ ဈေးနှုန်း ကိန်းဂဏန်း တွေကို ဖတ်ရှုရသည်။ ထိုအခါ ရင်မောရ သည်။ အိုးပိုင် အိမ်ပိုင်လေးနှင့် နေနိုင်ပါ ဦးမလားဆိုသည့် အတွေးကလည်း တစ်ခါ တစ်ရံ မဖိတ်ခေါ်ပဲ ရောက်ရောက်လာ သည်။

ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ဦး စလုံး အစိုးရ၀န်ထမ်းဖြစ်သည့်အတွက် နိုင်ငံတော်က ပေးအပ်သည့် လစာသာ ရှိသည်။ အပိုဝင်ငွေဆိုသည်ကလည်း လိုက်လေပြေးလေ အနေအထားမျိုး ဖြစ် သည်။ မိသားစုဟူ၍ ဖြစ်တည်လာခဲ့သည့် အခါ ကိုယ့်အိမ် ကိုယ့်ယာလေးနှင့်နေချင် မိသည်။ နေချင်မိသည်က စိတ်ဆန္ဒသာ ရှိသည်။ လက်ဆုပ်လက်ကိုင်ပြစရာအနေ ဖြင့် ဘာမှမဆောက်လုပ်ရသေးသည့် ဗလာကျင်းသည့် မြေကွက်ပင် မပိုင်ဆိုင် သေး။ သို့သော်လည်း အိမ်ပုံစံ လှလှလေး တွေကို မြင် တွေ့ရသည့်အခါ ငေးမော ကြည့်ရှုမိသည်။ ငါသာ အိမ်ဆောက်ခဲ့ရင် ဒီလိုမျိုးလေးဆောက်မယ်ဆိုသည့် အတွေး တစ်စ တွေးထားခဲ့လိုက်သည်။ စိတ်ကူး အိပ်မက်ထဲမှာတော့ ကျွန်တော်နေမည့် အိမ်လေးကို အလှပဆုံး ထုဆစ်ပုံဖော် ဖြစ်ခဲ့သည်။ လက်တွေ့ဘ၀ကို ဖြတ်သန်း ရသည့်အခါ စိတ်ကူး အိပ်မက်တွေက လွင့်ပြယ်သွားရပြန်သည်။ အစိုးရ ၀န်ထမ်း တွေဖြစ်၍ အစိုးရက ဆောက်လုပ်ပေး မည့် တန်ဖိုးနည်း ၀န်ထမ်းအိမ်ရာလေး ကို ပိုင်ဆိုင်ဖို့ မျှော်လင့်မိသည်။ အိပ်ခန်း တစ်ခန်းတည်းသာပါစေဦးတော့ ထိုအ၀န်း အ၀ိုင်းနေရာလေးကို အိမ်ဟု သတ်မှတ် ထားနိုင်သည်။ သိုပေမယ့် အစိုးရ၀န်ထမ်း အိမ်ရာတွေကလည်း များများစားစား မရှိသေး။ တန်ဖိုးနည်းအိမ်ရာဟု အမည် တပ်ခဲ့သော်လည်း ရောင်းချသည့် နှုန်းထား က သိန်းရာဂဏန်းကို ကျော်လွန်သည်။ကနဦး ပေးသွင်းရမည့် နှုန်းထားက တိုက်ခန်းတန်ဖိုး၏ ၃၀ရာခိုင်နှုန်းဆို သည့်အတွက် ငွေပေးသွင်းရန် အခက် အခဲ ဖြစ်ကြသည်။ အဲဒီ တန်ဖိုးနည်းတိုက် ခန်းကလည်း မဲနှိုက်၍ ချထားပေးသည့် အခန်းများသာဖြစ်သည်။ မိမိစိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်လည်းမရှိ။ မဲနှိုက်ရန် လာရောက်သူများသည်လည်း နောက်ဆုံး ပေါ်ကိုယ်ပိုင်ကားစီး၍ လူမနေသည့် အိမ်ပေါင်းများစွာကို ပိုင်ဆိုင်ထားကြသူ တွေပင် ဖြစ်သည်။ ထို့အတွက် ရာထူးရာခံ မမြင့်မားသည့် အစိုးရ၀န်ထမ်းများနှင့် သာမန်ပြည်သူများ၏ အိုးပိုင် အိမ်ပိုင် ဖြစ်ရေး မျှော်လင့်ချက်သည် လိုက်လေ ဝေးလေ၊ လိုက်လေ ပြေးလေပင် ဖြစ်နေခဲ့ ရသည်။

ထိုအခြေအနေမျိုးတွင် မျှော် လင့်စရာရှိနေမိသည်က အစိုးရထီ တစ်ခု တည်းသာ ဖြစ်သည်။ ထီတစ်စောင် ငွေ ကျပ် ၅၀၀ ရင်း၍ ငွေကျပ် သိန်း ၁၀၀၀၀ အပါအ၀င် သိန်းထောင်ချီသည့် ဆုမဲ များကို ပိုင်ဆိုင်နိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ မျှော်လင့်ချက်၊ စိတ်ကူး၊ အိပ်မက်များ ဖြင့် အသက်ရှင်သန်နေသည်ကလည်း ကျွန်တော်တို့ လူပုဂ်္ဂိုလ်တွေပဲ ဖြစ်သည်။ ထို့ကြောင့် အစိုးရ ၀န်ထမ်းအတော်များ များနှင့် သာမန်ပြည်သူများက ၅၀၀ ကျပ်တန်ထီထိုးပြီး ကျပ် သိန်းထောင်ချီ ဆုတွေ ဆွတ်ခူးရရှိဖို့ မျှော်လင့်သည်။ပြီးလျှင် အိုးပိုင် အိမ်ပိုင် ဘ၀နှင့်နေနိုင် သည့် အဆင့်ထိပါ မျှော်လင့်ကြသည်။

အထက်ပါ မျှော်လင့်မှုများက အိုးပိုင် အိမ်ပိုင် မရှိကြသူများ၏ စိတ်ကူး၊ အိပ် မက်၊ မျှော်လင့်ချက်များပင် ဖြစ်သည်။အဲဒီ မျှော်လင့်ချက်များက ဖျက်ဆီး၍ လည်း မရ။ ဖျောက်ဖျက်၍လည်း မရ။မပျောက်မပျက် ရှင်သန်နေသည့် အမှန် တရား တစ်ခုလည်း ဖြစ်သည်။ အဲဒီလို မျှော်လင့်ချက်ထားရှိမှုသည် ကျွန်တော် တစ်ဦးတည်းသာမဟုတ်ခဲ့။ အခြားသော ကျွန်တော့်၏ မိတ်ဆွေများစွာလည်း ရှိ သည်။ အစိုးရထီ မဖွင့်ခင် တစ်ရက်၊ နှစ်ရက် အလိုရောက်ပြီဆိုသည်နှင့် လူမှု ကွန်ယက်စာမျက်နှာထက်တွင် ဒီတစ်လ တော့ သိန်းတစ်သောင်းဆုက ငါ့အတွက်၊ သိန်းဆုကြီးကြီးရရင် အိမ်လေး ခြံလေး အရင်ဝယ်ရမယ်၊ ဘာပဲဖြစ်ဖြစ် အသက် ရှုချောင်သွားအောင်လို့ သိန်းထီပေါက် ချင်တယ် အစရှိသဖြင့် တစ်ဦးချင်း ဖြစ် စေချင်သည့် ဆန်္ဒများ မျှဝေရေးသား ထားမှုများကို မြင်တွေ့ရသည်မှာ အမှန် ပဲ ဖြစ်သည်။ မှတ်မှတ်ရရဆိုရလျှင် နိုဝင်ဘာလ ၁ရက်နေ့က အစိုးရထီ ဖွင့် လှစ်သည့်နေ့ဖြစ်သည်။ အဲဒီနေ့က ရုံးဖွင့် ရက် ဗုဒ္ဓဟူးနေ့လည်း ဖြစ်သည်။ ရုံးဖွင့် ရက်ဖြစ်သည့်အတွက် စုပေါင်းတန်းစီ ကွင်းမှာ ကျွန်တော်တို့ အရာရှိ စစ်သည် အားလုံး တန်းစီကြရသည်။ တန်းစီသည့် အချိန်က နံနက် ၇ နာရီ ၄၀ မိနစ် အချိန် တွင်ဖြစ်သည်။ တန်းစီကွင်းနှင့်ကပ်လျက် တွင် ၀င်ထွက် သွားလာနိုင်သည့် လမ်း မကြီးတစ်ခုရှိသည်။ ထိုလမ်းမကြီးပေါ် ၊တန်းစီကွင်း၏ ဘေးဘက်တွင် အစိုးရထီ ရောင်းချသည့် ကားတစ်စီးက နေရာယူ ထားသည်။ တန်းစီပြီးသွားသည့်အခါ အရာရှိ၊ စစ်သည် အတော်များများက အဲဒီ ထီရောင်းချသည့် ကားနံဘေးမှာ ထီဂဏန်းတွေကို စိတ်ကြိုက်ရွေးချယ်ကြ ရင်း ကံစမ်းကြသည်။ တန်းစီခဲ့သည့် အင်အား ၃၀၀ကျော်၏ လေးပုံ တစ်ပုံ ခန့်ရှိသည့် အင်အားလည်း ဖြစ်သည်။ သူတို့အားလုံးတွင် တူညီသည့် အချက် တစ်ခုရှိသည်။ ထိုသည်က သိန်းထောင် ချီသည့်ဆု တစ်ခုခု ရရှိရေးပင် ဖြစ်သည်။ထိုကဲ့သို့ ရရှိလိုခြင်းမှာလည်း အိုးပိုင် အိမ်ပိုင်အဖြစ် အိမ်၊ခြံ၊မြေ ၀ယ်ယူလိုခြင်း အတွက်သာ ဖြစ်သည်။ ထို့အတွက် သူ တို့အားလုံးက အစိုးရထီ ဖွင့်လှစ်မည့် နေ့၊ ထီဖွင့်ပွဲ မတိုင်မီ နောက်ဆုံး နာရီ ၊နောက်ဆုံး မိနစ်အထိ ကံစမ်းခဲ့ကြခြင်း လည်း ဖြစ်သည်။

ဤအခြေအနေက ဈေး နှုန်းအဆမတန်မြင့်မားလွန်းသည့် အိမ် ခြံ မြေများ၊ ဈေးနှုန်းကြီးမြင့်နေသည့် အစိုးရ၀န်ထမ်းအိမ်ရာများအား ပိုင်ဆိုင် ရန် ခက်ခဲနေကြသည့် အစိုးရ၀န်ထမ်း များ၊ သာမန် ပြည်သူများအတွက် နောက် ဆုံး မျှော်လင့်ချက် ထွက်ပေါက်တစ်ခုဖြစ် သည်။ အစိုးရထီကိုကံစမ်းကြသည့် သန်း ပေါင်းများစွာသော လူများထဲမှ ဆယ် ဂဏန်းမျှသော သိန်းထောင်ချီသည့်ဆု၊ ရာဂဏန်းမျှသော သိန်းရာချီသည့် ဆုများ ကို ရရှိနိုင်ရေးဆိုသည်မှာလည်း လွယ်ကူ သည့် အရာတော့မဟုတ်ခဲ့။ ကုသိုလ်ကံ အတော်ကို ကောင်းမှသာ ရရှိနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

သို့သော်လည်း ကျွန်တော် အပါအ၀င် အိုးပိုင် အိမ်ပိုင် အဖြစ် ပိုင်ဆိုင်လိုသူများက ဇွဲမလျော့ကြ။ ဒီတစ်ကြိမ်မရခဲ့လျင် နောက်ထပ် ရောက် လာဦးမည့် အကြိမ်များစွာတွင် တစ်ဆုဆု ပိုင်ဆိုင်နိုင်ရမည်ဟု မျှော်လင့်၍ အစိုးရ ထီကို အားပေးကြဦးမှာပင် ဖြစ်သည်။ ၅၀၀ကျပ်တန် ထီတစ်ရွက်ဖြင့် ကျပ်သိန်း ၁၀၀၀၀ ဆုကြီးကို မျှော်လင့်နိုင်သည်။ကျပ်သိန်း ၁၀၀၀၀ ဆုကြီး ရခဲ့ပါက လူမှု ကွန်ယက်စာမျက်နှာထက်မှာ ကြော်ငြာ နေသည့် ကျပ် သိန်း ၂၀၀၀၊ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိသည့် လုံးချင်းအိမ်များ ကို ပိုင်ဆိုင်နိုင်သည်။ ကျပ် သိန်းထောင် ဂဏန်းဆုသာ ရရှိစေဦးတော့ ကျပ်ရာ ဂဏန်းရှိသည့် အိမ်၊ခြံ၊မြေကို ပိုင်ဆိုင်နိုင် မှာ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ကျွန်တော် အပါအ၀င် အစိုးရ၀န်ထမ်း အများစုနှင့် သာမန် ပြည်သူအများစုက ၅၀၀ ကျပ်တန် ထီလက်မှတ်၊ ကျပ်သိန်း ထောင်ချီဆုနှင့် အိမ်ပိုင်ဆိုင်ရေးမျှော်လင့် ချက်ကို အသက်သွင်းခဲ့ကြခြင်း ဖြစ်သည်။မျှော်လင့်ချက်ထားခဲ့ကြခြင်းလည်း ဖြစ် သည်။

ကျွန်တော် ညွှန်းဆိုခဲ့သည့် ၅၀၀ ကျပ်တန် ထီလက်မှတ်၊ ကျပ်သိန်းထောင် ချီဆုနှင့် အိမ်ပိုင်ဆိုင်ရေး မျှော်လင့်ချက် သည် စိတ်ကူးယဉ်ဝါဒတစ်ခုသာဖြစ် သည်ဟု တစ်စုံတစ်ယောက်က ပြောဆို ဝေဖန်ခဲ့စေဦးတော့၊ လူဆိုသည်က စိတ်ကူး၊ အိပ်မက် ၊ မျှော်လင့်ချက်နှင့် အသက်ရှင် သူများဖြစ်သည်ဟုသာ ကျွန်တော်က အဖြေပေးမိမှာ သေချာပါသည်။

ကိုမျိုးချစ် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service