ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီးလီကာရှင်း ဟောင်ကောင်ရှိ မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ၂ လအတွင်း ကန်ဒေါ်လာ ၇ ဘီလီယံဖြင့် ရောင်းချလိုက်ပြီး ယခုအခါ အပန်းဖြေစခန်းကြီးတစ်ခုကို ရောင်းချပြန်ပြီ

ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီးလီကာရှင်း ဟောင်ကောင်ရှိ မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ၂ လအတွင်း ကန်ဒေါ်လာ ၇ ဘီလီယံဖြင့် ရောင်းချလိုက်ပြီး ယခုအခါ အပန်းဖြေစခန်းကြီးတစ်ခုကို ရောင်းချပြန်ပြီ - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 11:10 am တွင် တင်ခဲ့သည်
4994 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီးလီကာရှင်းသည် ဟောင်ကောင်ရှိ ၇၃ ထပ်မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ၂ လအတွင်း စုစုပေါင်း ကန်ဒေါ်လာ ၇ ဘီလီယံဖြင့် ရောင်းချလိုက်ပြီး ယခုအခါ ဘဟားမားရှိ အပန်းဖြေစခန်းကြီးတစ်ခုကို ရောင်းချလိုက်ပြန်ပြီ ဖြစ်သည်။

အပန်းဖြေစခန်းတည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် အရှေ့ဘက်၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ဘဟားမားကျွန်းအုပ်စုတွင် ပါဝင်သော ဂရန်းဘဟားမားကျွန်းပေါ်တွင် တည်ရှိသည်။

ဂရန်းဘဟားမားသည် အပန်းဖြေစခန်းများ၊ နာမည်ကျော်ပင်လယ်ကမ်းခြေများ၊ ဂေါက်ကွင်းများနှင့် ကမ္ဘာကျော်သည့် ကျွန်းတစ်ခုဖြစ်ပြီး နာမည်ကျော် ဇာနာဒူး ကမ်းခြေသည်လည်း အဆိုပါကျွန်းတွင် တည်ရှိသည်။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူဌေးကြီးဖြစ်သော ဘီလ်ဂိတ်က အဆိုပါကမ်းခြေအမည်ကို အစွဲပြု၍ သူ၏နေအိမ်ကြီးကို ဇာနာဒူးဟု အမည်ပေးထားသည်။

ယခုအခါ ဟောင်ကောင်၏ အချမ်းသာဆုံးသူဌေးကြီးလီကာရှင်းက ဘဟားမားကျွန်းပေါ်ရှိ ဂရန်းလူကာရန်အမည်ရှိ အပန်းဖြေစခန်းကို ရောင်းချတော့မည်ဖြစ်သည်။

(လီကာရှင်းက ဟောင်ကောင်ရှိ မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ရောင်းထုတ်ခဲ့ပုံသတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/676197 (၂) https://www.imyanmarhouse.com/news/read/681494 (၃) https://www.imyanmarhouse.com/news/read/694389 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

ဝယ်ယူမည့် ဝယ်လက်မှာ ကနေဒါနိုင်ငံ၊ တိုရွန်တိုအခြေစိုက် Wynn Group ဖြစ်ပြီး ကန်ဒေါ်လာ ၆၅ သန်းဖြင့် ဝယ်ယူမည်ဖြစ်ကာ ငွေပမာဏအားလုံးကို ငွေသားဖြင့် ပေးချေမည်ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း Wynn Group သည် လီကာရှင်း၏ Cheung Kong Property Holdings မှ ပိုင်ဆိုင်ထားသော ဂရန်းလူကာရန် အပန်းဖြေစခန်းကို ဝယ်ယူရန်ရည်ရွယ်ကြောင်း အတည်ပြုစာကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။

အပန်းဖြေစခန်း အပြီးသတ်အရောင်းအဝယ်ကို လာမည့် တစ်လ၊ နှစ်လအတွင်း လုပ်ဆောင်သွားဖွယ်ရာရှိသည်ဟု ဆိုသည်။
ယခင်ကမူ ဂရန်းဘဟားမားကျွန်း အုပ်ချုပ်ရေးအဖွဲ့က အပန်းဖြေစခန်းများစွာ ပိုင်ဆိုင်လည်ပတ်ခဲ့ဖူးသည်။

ယခုအပန်းဖြေစခန်းကိုလည်း မူလက ဘဟားမားအုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူရန်စီစဉ်ရာ ကျွန်းနေအခွန်ဆောင်ပြည်သူတို့က ပြည်သူပိုင်ဘဏ္ဍာငွေများဖြင့် ဝယ်ယူခြင်း၊ လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များ အလွန်များပြားမည်ကို ရတက်မအေးဖြစ်ခဲ့ကြသည်။

“ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနယ်မှာ အစိုးရကဝင်ပါတာဟာ အကျင့်ပျက်ခြစားမှုတွေ ပေါက်ဖွားစေပြီး လွတ်လပ်တဲ့ဈေးကွက်ပုံစံအပေါ် ထိခိုက်စေတယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပြီးပါပြီ” ဟု Callenders & Co. ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေတစ်ဦးဖြစ်သူ ဖရက်ဒ်စမစ်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီးလီကာရှင်း ဟောင်ကောင်ရှိ မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ၂ လအတွင်း ကန်ဒေါ်လာ ၇ ဘီလီယံဖြင့် ရောင်းချလိုက်ပြီး ယခုအခါ အပန်းဖြေစခန်းကြီးတစ်ခုကို ရောင်းချပြန်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောင်ကောင်အချမ်းသာဆုံးသူဌေးကြီးလီကာရှင်း ဟောင်ကောင်ရှိ မိုးမျှော်တိုက်ကြီးနှင့် ဈေးဝယ်စင်တာတို့ကို ၂ လအတွင်း ကန်ဒေါ်လာ ၇ ဘီလီယံဖြင့် ရောင်းချလိုက်ပြီး ယခုအခါ အပန်းဖြေစခန်းကြီးတစ်ခုကို ရောင်းချပြန်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service