ထားဝယ်၊ မြိတ် ကျူးကျော်များကို ဖေဖော်ဝါရီလဆန်းတွင် အငှားအိမ်ရာချပေးမည်

ထားဝယ်၊ မြိတ် ကျူးကျော်များကို ဖေဖော်ဝါရီလဆန်းတွင် အငှားအိမ်ရာချပေးမည် - Property News in Myanmar from iMyanmarHouse.com
3 Jan 2018 10:07 am တွင် တင်ခဲ့သည်
4981 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်နှင့်မြိတ်မှ တရားဝင် စာရင်းကောက်ယူထားသော ကျူးကျော်များအား ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မတိုင်မီ အစိုးရ အငှားအိမ်ရာများတွင် နေရာချထားပေးရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

ခရိုင်အုပ်ချုပ်ရေးမှူးများ စိစစ်စာရင်းကောက်ခံထားသည့် ထားဝယ်လေယာဉ်ကွင်းနံဘေးနှင့် မြိတ်အား/ကာဝင်းအတွင်းမှ တရားဝင်ကျူးကျော်များကို အငှားစနစ်ဖြင့် ပေးအပ်နေထိုင်စေမည်ဖြစ်ပြီး အမှန်တကယ်နေထိုင်မည့် ကျူးကျော်များကိုသာ ပေးအပ်သွားမည်ဟု ဦးသိန်းအောင်က ပြောသည်။

“စီမံကိန်းလုပ်မယ့်နေရာ၊ အမှန်တကယ်လည်း နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်တဲ့ ကျူးပေါ့။ ပြီးတော့ ဒေသခံတွေကို ဦးစားပေးမယ်၊ ကုမ္ပဏီကနေပြီးရင် အလုပ်သမားလာလုပ်ပြီးတော့ မပြန်တော့ဘဲနဲ့ နေနေတဲ့သူတွေကို မစဉ်းစားဘူး” ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရအဖွဲ့မှ ယင်းကျူးကျော်များအတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် ပြီးစီးပြီဖြစ်သော ထားဝယ်နှင့်မြိတ်ရှိ အခန်း ၂၄ ခန်းပါ အိမ်ရာနှစ်လုံးစီတွင် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် အခန်းငှားခကို မသတ်မှတ်ရသေးပေ။

ဒေသနှင့် သင့်တင့်သော ဈေးနှုန်းဖြင့် (ရန်ကုန်နှင့် မန္တလေးမှ ကျူးကျော် အငှားအိမ်ရာဈေးနှုန်းများကို စံနမူပြု ဈေးနှုန်းသတ်မှတ်) ငှားရမ်းသွားမည်ဟု သိရသည်။

ကျူးကျော်များကို နေရာချထားပေးသည်ကို ကြိုဆိုသော်လည်း ရသည့်လစာနှင့် မလုံလောက်ဘဲ နေစရာအခက်တွေ့နေသည့် ဝန်ထမ်းအိမ်ရာတွင် နေခွင့်မရသော ဝန်ထမ်းများအတွက်ကိုလည်း အစိုးရက စဉ်းစားပေးစေလိုကြောင်း ထားဝယ်မြို့နေ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ဝေးက လာတာဝန်ထမ်းဆောင်ပြီး နေစရာ ဝန်ထမ်းအိမ်ရာမရလို့ အပြင်မှာ ဈေးကြီးပေးငှားနေရတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်။ အမှန်ပဲ နေစရာအခက်အခဲရှိတဲ့ ဒေသတွင်းဝန်ထမ်းတွေကိုလည်း လှည့်ကြည့်စေချင်တယ်၊ ဒါမှလည်း သဘာဝကျမယ် ထင်ပါတယ်” ဟု ၎င်းအမျိုးသမီးဝန်ထမ်းက ပြောသည်။

တိုင်းအတွင်း ကျူးကျော်များကို ယင်းသို့နေရာပေးမည်ဆိုပါက တနင်္သာရီတိုင်းသို့ ကျူးကျော်များ ထပ်မံရောက်လာစေရန် ဖိတ်ခေါ်သကဲ့သို့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်သည်ဟု ထောက်ပြပြောဆိုမှုများ ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service