ဦးသန့်ကျွန်း (ကမ္ဘာကျော်အထင်ကရ အိမ်ခြံမြေများ)

ဦးသန့်ကျွန်း (ကမ္ဘာကျော်အထင်ကရ အိမ်ခြံမြေများ) - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 11:21 am တွင် တင်ခဲ့သည်
5234 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအဆောက်အအုံနှင့် လောင်းအိုင်းလန်းမြို့ အကြားတွင် ပေ ၁၀၀ x ၂၀၀ ရှိသော ကျွန်းငယ်ကလေးတစ်ခု တည်ရှိပြီး ဦးသန့်ကျွန်းဟု အမည်ပေးထားသည်။

ရုစဗဲ့ကျွန်း၏ တောင်ဘက်တွင်တည်ရှိပြီး တရားဝင်အားဖြင့် မန်ဟက်တန် ပိုင်နက်တွင် ပါဝင်သည်။

အဆိုပါ ကျွန်းသည် လူဖန်တီးသည့် ကျွန်းတစ်ခုဖြစ်ပြီး ၁၈၀၀ ပြည့်လွန်ကာလများအထိ တည်ရှိသေးခြင်းမရှိချေ။

ယခုနောက်ပိုင်းတွင် ဦးသန့်ကျွန်းကို ငှက်ဘေးမဲ့တောအဖြစ်သတ်မှတ်ထားပြီး အများပြည်သူတို့အား ဝင်ရောက်ကြည့်ရှုခွင့်မပြုချေ။

၁၈၉၀ ပြည့်လွန်ကာလများတွင် East မြစ်၏ အောက်ဘက်မှနေ့၍ မန်ဟက်တန် နှင့် ကွင်းစ်တို့ကို ဆက်သွယ်ပေးမည့် မြေအောက်ဥမင် နှစ်ခု ဖောက်လုပ်ခဲ့ရာ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှ မြေစာများကို ရေအောက်ကျောက်တန်းတစ်ခုပေါ်သို့  စွန့်ပစ်ခဲ့ရာမှ အဆိုပါကျွန်းပေါ်ပေါက်လာခြင်းဖြစ်သည်။

မြေအောက်ဥမင်လမ်းကို ဦးဆောင် ဖောက်လုပ်ခဲ့သူမှာ ဝီလျံစတိန်းဝေးဖြစ်ပြီး စီမံကိန်းမပြီးစီးမီတွင်ပင် ကွယ်လွန်သွားခဲ့ရာ သြဂတ်စ် ဘဲလ်မောင့်ဂျူနီယာက ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ ၎င်းကို အစွဲပြု၍ ဘဲလ်မောင့်ကျွန်းဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ဗုဒ္ဓဘာသာ အကြီးအကဲ သီရိချင်မွိုင်းတို့ ပါဝင်သည့် ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော Peace Meditation သည် ၁၉၇၇ ခုနှစ်တွင် အဆိုပါ ကျွန်းကို နယူးယောက် ပြည်နယ်အုပ်ချုပ်ရေးအဖွှဲ့ထံမှ ငှားရမ်းကာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ အမည်ကို ပြောင်းလဲခဲ့သည်။

သီရိချင်မွိုင်း သည် ဦးသန့်၏ မိတ်ဆွေရင်းဖြစ်၏။
တရားဝင်အမည်မှာ ဘဲလ်မောင့်ကျွန်းဖြစ်သော်လည်း အများခေါ်ဆိုကြသည်မှာ ဦးသန့်ကျွန်းဟုသာ ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ဒေသတွင်း အနုပညာရှင်တစ်ဦးဖြစ်သူ ဂျုဒ် ရီလေက ဦးသန့်ကျွန်းသို့ မိတ်ဆွေတစ်ဦးနှင့်အတူ လှေငယ်ကလေးတစ်ခုဖြင့် သွားရောက်ကြည့်ရှုကာ ဦးသန့်ကျွန်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရီလေတို့နှစ်ဦးက ကျွန်းပေါ်တွင် အလျား ၂၁ ပေရှိသည့် အလံတစ်ခု စိုက်ထူခဲ့ပြီးနောက် အမေရိကန်ကမ်းရိုးစောင့် တပ်ဖွဲ့က သင်္ကာမကင်းဖြစ်သောကြောင့် စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသော်လည်း ဖမ်းဆီးခြင်းမခံခဲ့ကြရ။

ကျွန်းပေါ်ရှိ ကျေးငှက်များနှင့် ကျွန်းဝန်းကျင်ရှိ ရေတိမ်ကျောက်တန်းများကို အကာအကွယ်ပေးရန်အတွက် ကျွန်းပေါ်သို့ အများပြည်သူသွားရောက်ခွင့်ပိတ်ပင်ထားရာ ဦးသန့်ကျွန်းမှာ ငါးဖမ်းသမားတို့ အကြိုက်တွေ့သည့်နေရာတစ်ခု ဖြစ်လာသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဦးသန့်ကျွန်း (ကမ္ဘာကျော်အထင်ကရ အိမ်ခြံမြေများ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service