မန္တလေးမြို့တော် နေအိမ်အဆောက်အအုံစာရင်း ပြန်ကောက်မည်

မန္တလေးမြို့တော် နေအိမ်အဆောက်အအုံစာရင်း ပြန်ကောက်မည် - Property News in Myanmar from iMyanmarHouse.com
2 Jan 2018 10:18 am တွင် တင်ခဲ့သည်
6985 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော်အတွင်း သတ်မှတ်အခွန် နှုန်းထားများအတိုင်း ကောက်ခံနိုင်ရန် နေအိမ်အဆောက်အအုံများစာရင်း ပြန်လည်ကောက်ခံမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မန္တလေးမြို့တော်အတွင်း အိမ်များ ပြောင်းလဲဆောက်လုပ်ထားသော်လည်း အခွန်ပေးဆောင်ရာတွင်မူ ယခင်အတိုင်း ပေးဆောင်နေသည့်အတွက် အခွန်ငွေ ဆုံးရှုံးနေရကြောင်း၊ စည်ပင်သာယာရေး ကော်မတီအနေနှင့် အဆောက်အအုံအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းထားများ ကောက်ခံနိုင်ရေး စာရင်းပြန်ကောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“ကျွန်တော်တို့က အိမ်ခွန်နှုန်းထား တိုးကောက်မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ခြောက်လတစ်ကြိမ်ကောက်တဲ့အခါမှာ အရင်က နံကပ်အိမ် ဆောက်ထားပေမယ့် သွားကောက်တဲ့အချိန်မှာ အာစီတိုက်ဖြစ်နေတယ်။ အဲ့ဒီလို ပြောင်းဆောက်တာကို အရင်က မကြပ်မတ်ခဲ့ဘူး။ ဒါကိုသတ်မှတ်နှုန်းထားအတိုင်း ရအောင်ကောက်ဖို့ လုပ်တာပါ”ဟု ၎င်းက ရှင်းပြသည်။

အဆောက်အအုံများ ပြောင်းလဲဆောက်လုပ်ရာတွင် စည်ပင်သာယာရေး ကော်မတီထံ ခွင့်ပြုချက်တင်ပြကာ ဆောက်လုပ်ရသော်လည်း စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနအနေနှင့် ဝန်ထမ်းအားနည်းခြင်း၊ စည်းကြပ်မှု အားနည်းခြင်း၊ အိမ်အရောင်းအဝယ်ပြုလုပ်ရာတွင် အိမ်ရှင်အမည် မပြောင်းလဲခြင်း စသည်တို့ကို အခွန်ဌာနကမသိခြင်းတို့ကြောင့် အခွန်ငွေများ အလိုအလျောက် ဆုံးရှုံးနေကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ ထပ်မံသိရသည်။

စည်ပင်သာယာရေး ကော်မတီအနေနှင့် နံကပ်အိမ်၊ အာစီတိုက် စသည်ဖြင့် အမျိုးအစားခွဲခြားထားပြီး လမ်းကျဉ်း၊ လမ်းကျယ်၊ လမ်းမကြီး စသည်ဖြင့် နေရာအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း နံကပ်အိမ်မှ အာစီတိုက်များအဖြစ် ပြောင်းလဲဆောက်လုပ်ထားသော်လည်း စည်ပင်သို့ အခွန်ပေးဆောင်ရာတွင် နံကပ်အိမ်အတွက် သတ်မှတ်ထားသည့်နှုန်းအတိုင်း ပေးဆောင်နေသည့် အိမ်တစ်ထောင်ကျော်ရှိနေရာ နှစ်စဉ် ကျပ်သိန်းတစ်ထောင်ခန့် အခွန်ငွေဆုံးရှုံးနေကြောင်း ဦးကျော်ဇောအောင်က ထပ်လောင်းပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service