အိမ်ခြံမြေဈေးကွက် အေးနေခြင်းကြောင့် ရတနာနှင့်ဧရာဝဏ်အိမ်ရာစီမံကိန်း ကြန့်ကြာနေဟု အိုးအိမ်ညွှန်ချုပ်ပြော

အိမ်ခြံမြေဈေးကွက် အေးနေခြင်းကြောင့် ရတနာနှင့်ဧရာဝဏ်အိမ်ရာစီမံကိန်း ကြန့်ကြာနေဟု အိုးအိမ်ညွှန်ချုပ်ပြော - Property News in Myanmar from iMyanmarHouse.com
29 Dec 2017 11:49 am တွင် တင်ခဲ့သည်
5690 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ် အေးနေခြင်း ကြောင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက အကောင်အထည်ဖော် တည်ဆောက်နေသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်း တည် ဆောက်မှုအပိုင်း ကြန့်ကြာနေ ကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က ပြောကြားသည်။

၂၀၁၃ ကစ၍ သုံးနှစ်အ တွင်း အပြီးတည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီ စဉ်ခဲ့သော်လည်း ၂၀၁၄ နှစ်ကုန် ပိုင်းကစ၍ အိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းများ အရောင်းအဝယ် နှေးကွေးပြီး ဈေးနှုန်းကျဆင်းခဲ့ သဖြင့် တည်ဆောက်ရေးလုပ်ငန်း ကို အချိန်ယူလုပ်ကိုင်နေရသည် ဟု ၎င်းက ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၃ က စတင်အကောင်အ ထည်ဖော် တည်ဆောက်နေသည့် ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်း အဆောက်အအုံ ၄၉ လုံး၊ တိုက်ခန်းပေါင်း ၄၆,၆၀၀ ပါဝင် သည့် တိုက်ခန်းတစ်ခန်း၏ တန် ဖိုးသည် ကျပ်သိန်း ၆၀၀ ခန့်ရှိပြီး ဈေးနှုန်းကြီးမြင့်မှု၊ ရန်ကုန်မြို့ လယ်နှင့် သွားလာရေးအခက်အ ခဲတို့ကြောင့် မြို့ပြဖွံ့ဖြိုးရေးပညာ ရှင်အချို့က ဝေဖန်ခဲ့သည်။

‘‘သုံးနှစ်နဲ့ဆောက်ဖို့ ရည်မှန်း ထားတာပါ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးတာရယ်၊ ဝယ်လို အား ကျဆင်းသွားတာရယ် ကြောင့် အချိန်ပိုကြာသွားတာပါ’’ ဟု ဦးမင်းထိန်က ပြောသည်။

လက်ရှိအိမ်ခြံမြေ၊ ကွန်ဒို၊ တိုက်ခန်းဈေးကွက်အေးပြီး အရောင်းအဝယ် ကျဆင်းနေချိန်တွင် စီမံကိန်းပြီးစီးမည့် အချိန်အတိအ ကျကို မပြောနိုင်သေးကြောင်း ဦးမင်းထိန်ကပြောသည်။

ဝယ်လိုအား ကျဆင်းနေ ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂ နှစ်အချိန် သတ်မှတ်ထားသော တိုက်ခန်းများကို လေးနှစ်အထိ အချိန်နှစ်ဆယူပြီး တည်ဆောက်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦး နေလင်းဇင်က ပြောသည်။

မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) နည်း ဥပဒေကို ဒီဇင်ဘာအတွင်း ပြဋ္ဌာန်းနိုင်ခဲ့ခြင်းကြောင့် အရောင်းအဝယ်ကျဆင်းနေသည့် အိမ်ခြံမြေ၊ ဈေး ကွက်အတွက် တွန်းအားတစ်ခု ဖြစ်စေသည်ဟုလည်း မဏ္ဍိုင်အိမ် ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန် နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

လက်ရှိကွန်ဒိုတိုက်ခန်းဈေး သည် ၂၀၁၃ အိမ်ခြံမြေဈေးကွက် ကောင်းချိန်က ဈေးနှုန်းနှင့် နှိုင်း ယှဉ်ပါက တစ်ခန်းလျှင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးကျခဲ့ကြောင်း iMyanmar House.comမန်နေဂျင်းဒါရိုက်တာ ဦးနေမင်း သူက သုံးသပ်ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service