အမေရိကန်ဒေါ်လာတန်ဖိုး ငါးလဆက်တိုက် တည်ငြိမ်

အမေရိကန်ဒေါ်လာတန်ဖိုး ငါးလဆက်တိုက် တည်ငြိမ် - Property News in Myanmar from iMyanmarHouse.com
29 Dec 2017 11:44 am တွင် တင်ခဲ့သည်
7405 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းစီးပွားရေး အခြေအနေအေးပြီး နိုင်ငံခြားငွေအရောင်းအ၀ယ် ပြုလုပ်မှုနည်းခြင်းကြောင့် ၂၀၁၇ သြဂုတ်လကစ၍ ဒေါ်လာဈေးငါးလတိုင် အပြောင်းအလဲအလွန်နည်းခဲ့ပြီး တည်ငြိမ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်လာတန်ဖိုးသည် အချိန်ပိုင်း၊ ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၂၀၊ ၃၀ အပြောင်းအလဲရှိခဲ့သော်လည်း ယခုနှစ်လယ်ကစ၍ အများဆုံး တစ်ဒေါ်လာ ၅ ကျပ်ခန့်သာ အတက်အကျရှိခဲ့ပြီး ဈေးတည်ငြိမ်ခဲ့ကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

ကန်ဒေါ်လာ တန်ဖိုးသည် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ လျှင် ၁,၃၅၆ ကျပ်ဖြင့် ၂၀၁၇ ကို စတင်ဖွင့်လှစ်ပြီး နှစ်ကုန်ဆုံးရန် ကိုးရက်ခန့်အလို ဒီဇင်ဘာ ၂၂ ရက်တွင် တစ်ဒေါ်လာ ၁,၃၅၆ ကျပ် ဈေးရှိသည်။

၂၀၁၇ ကို နိုင်ငံခြားငွေလဲ နှုန်းတည်ငြိမ်သော နှစ်တစ်နှစ်ဟု စီးပွားရေး လုပ်ငန်းရှင်များက သတ်မှတ်ကြသော်လည်း ကမ္ဘာ့ ရွှေဈေး အပြောင်းအလဲကြောင့် ဖေဖော်ဝါရီ၊ ဇွန်၊ ဇူလိုင် အချို့ သောရက်များတွင် ဈေးနှုန်းအပြောင်းအလဲ ရှိခဲ့သည်။

ဒေါ်လာငွေကြေးအရောင်း အ၀ယ်ပြုလုပ်ပြီး ကစားလိုသူများ က ကမ္ဘာ့ရွှေဈေးမြင့်တက်မှုအ ပေါ် အခွင့်ကောင်းယူပြီးဈေးနှုန်း ဆွဲတင်ကာ ပြည်တွင်းစီးပွားရေး အခြေအနေကြောင့် ရက်ပိုင်းအတွင်း ပြန်လည်ကျဆင်းခဲ့ရသည် ဟု ပြင်ပငွေလဲလှယ်လုပ်ကိုင်သူ အချို့က ပြောသည်။

ကန်ဒေါ်လာ တန်ဖိုးသည် ဖေဖော်ဝါရီတွင် ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် တစ်ဒေါ်လာလျှင်၁,၃၇၆ ကျပ်သို့ မြင့်တက် ခဲ့သည်။ ထို့နောက် ဇွန်လတွင် တစ်ဒေါ်လာ ၁,၃၆၂ ကျပ်၊ ဇူလိုင် တွင် ၁,၃၆၁ ကျပ်ရှိသည်။

‘‘ဒီနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေက မကောင်းတော့ ဆောက်လုပ်ရေးပစ္စည်းတင်သွင်း မှုက ကျတယ်။ ၀ယ်လိုအား ကြောင့် ကားတင်သွင်းမှုကလည်း ကျလာတော့ ဒေါ်လာအသုံးနည်း တာလည်းပါမယ်’’ ဟု ပို့ကုန်၊ သွင်းကုန်စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သူ၏အမြင် ကို ပြောသည်။

ပြည်တွင်းဒေါ်လာ တန်ဖိုး သည် ယခုနှစ်တွင် တည်ငြိမ်သည် ဟု ဆိုသော်လည်း ပြီးခဲ့သည့် ၂၀၁၆ ဒေါ်လာတန်ဖိုးနှင့်နှိုင်းယှဉ် ပါက အမြင့်ပိုင်းတွင်ရှိနေကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။

အစိုးရဘတ်ဂျက်လိုငွေများ နေခြင်း၊ သွင်းကုန်ပမာဏလျော့ ကျမှုမရှိခြင်း၊ မူးယစ်ဆေးဝါးဖမ်း ဆီးရမိမှုများကြောင့် ယင်းရောင်းချမှုမှ နိုင်ငံခြားငွေအ၀င်နည်းခြင်း တို့က ပြည်တွင်းဒေါ်လာဈေး ကျ သင့်သလောက် မကျဆင်းခြင်း ဖြစ်နေရသည်ဟု ဦးလှမောင်က သူ၏အမြင်ကို ပြောသည်။

‘‘ဒေါ်လာဈေးငြိမ်တာ ကျွန် တော်တို့ကတော့ ကြိုက်တယ်။ ဒေါ်လာဈေးမငြိမ်ရင် လုပ်ရကိုင် ရခက်တယ်။ ပထမရောင်းတဲ့ဈေး နဲ့ နောက်ထပ်ပြန်ဝယ်ရင်တန်ဖိုး တက်တာနဲ့ အလုပ်ကိုမဖြစ်ဘူး’’ ဟု ပြည်ပသို့ ဆန်တင်ပို့သည့်လုပ် ငန်းရှင်ဦးနေလင်းဇော်က ပြော သည်။ ပြင်ပဈေးကွက်တွင်ဒေါ်လာ ပေါက်ဈေး ယခုနှစ် လည်ကစ၍ တည်ငြိမ်လာသကဲ့သို့ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း လည်း ၁,၃၆၀ ကျပ်မှ ၁,၃၆၅ ကျပ်အတွင်း ဈေးနှုန်းအပြောင်းအလဲရှိသည်။

ကန်ဒေါ်လာတန်ဖိုး တည် ငြိမ်နေခြင်းကြောင့် ၂၀၁၇ တွင် ပို့ကုန် လုပ်ငန်းရှင်များသာမက သွင်းကုန် လုပ်ငန်းရှင်များလည်း လုပ်ငန်းများတိုးချဲ့ရန် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု လှိုင်သာယာစက်မှုဇုန်မှ ပြည်ပမှကုန်ပစ္စည်းတင်သွင်းပြီး ပြည်တွင်း၌ ပြန်လည်ထုတ်လုပ် ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service