လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်ချိုး

လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်ချိုး - Property News in Myanmar from iMyanmarHouse.com
28 Dec 2017 11:22 am တွင် တင်ခဲ့သည်
2746 ကြိမ် ကြည့်ရှု့ပြီး
၁၉၆၀ ပြည့်လွန် ကာလများက ထုတ်လွှင့်ပြသခဲ့သည့် “The Beverly Hillbillies” ဇာတ်ကားကို ရိုက်ကူးခဲ့ရာ လော့စ်အိန်ဂျလိရှိ ခမ်းနားလှသော နေအိမ်ကြီးတစ်လုံးသည် ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကန်ပြည်ထောင်စုတွင် ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်ခဲ့သည်။

ပင်မနေအိမ်ကို နီယိုးကလပ်စစ်ကယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ဘီလျံနာကြီး ဂျာရီ ပီရန်ချီယို နေထိုင်ခဲ့ကာ ယခုနှစ်မေလအတွင်း ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

ယခုစံအိမ်၏ ပင်မနေအိမ်ကို ယခင်က ၂ ကြိမ်သာ လက်ပြောင်းလက်လွှဲလုပ်ခဲ့ဖူးသည်။

ပီရန်ချီယိုသည် ဤနေအိမ်တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့ပြီး ကပ်လျက်တည်ရှိသော ၁၀ ဒသမ ၃ ဧကကျယ်ဝန်းသည့် မြေကွက်ကို ထပ်မံဝယ်ယူခဲ့ရာ ခြံဝန်းမှာ ပိုမိုကျယ်ဝန်းသွားခဲ့သည်။

ဗိသုကာပညာရှင် ဆမ်နာ စပေါလ်ဒင်းက နီယိုးကလပ်စစ်ကယ်၊ ပြင်သစ်ချာတူးဗိသုကာဟန်တို့ဖြင့် ပေါင်းစပ်ကာ ၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

၁၉၄၀ ပြည့်လွန်နှစ်များတွင် ဟိုတယ်လုပ်ငန်းရှင် အာနိုး ကာ့ခ်ကဘီထံသို့ ရောင်းချခဲ့သည်။

ကာ့ခ်ခဘီမိသားစုက “Beverly Hillbillies” ဇာတ်ကားရိုက်ကူးမည့် ရုပ်ရှင်အဖွဲ့သို့ နေအိမ်ကို အသုံးပြုခွင့်ငှားရမ်းပေးခဲ့ဖူးပြီး ယင်းနောက်ပိုင်း ၁၉၈၆ ခုနှစ်တွင် ပီရန်ချီယိုထံ ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ယခုနေအိမ်မတိုင်မီ အမေရိက၏ ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ထားသည်မှာ တက္ကဆပ်ပြည်နယ်ရှိ ဧကပေါင်း ၆၅၀၀၀ ကျော် ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးဖြစ်ပြီး ကန်ဒေါ်လာ သန်း ၂၅၀ ဖြင့် ဈေးကွက်တင်ခဲ့ခြင်းဖြစ်သည်။
(တက္ကဆပ်မွေးမြူရေးခြံ ဈေးကွက်တင်သည့်သတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/689389 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ပီရန်ချီယိုက စတုရန်းပေ ၂၅၀၀၀ ကျယ်ဝန်းသည့်နေအိမ်ကို “Chartwell” ဟု အမည်ပေးကာ ဒီဇိုင်နာ ဟင်နရီ ဆင်မြူရယ်အား ငှားရမ်းကာ ပြန်လည်မွမ်းမံခဲ့သည်။

ပီရန်ချီယိုသည် မီဒီယာလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူ၏ လုပ်ဆောင်ချက်များအနက် ၁၉၇၁ ခုနှစ်အတွင်း မိုဟာမက်အလီနှင့် ဂျိုးဖရာဇီယာတို့၏ လက်ဝှေ့ပွဲကို တာဝန်ယူခဲ့ခြင်းလည်း ပါဝင်သည့်အပြင် အရှုံးပေါ်နေသည့် စပိန်ရုပ်သံလိုင်း Univision ကို ဝယ်ယူကာ ၁၅ နှစ်အကြာတွင် ကန်ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းတို့မှာ ထင်ရှားသည်။
ကွယ်လွန်ချိန်တွင် သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့်ဖြစ်သည်ဟု ခန့်မှန်းကြသည်။

ယခုနေအိမ်တွင် ကမ္ဘာ့အဆင့်မီ ဝိုင်သိုလှောင်ခန်း၊ ကပွဲခန်းမ၊ စံမီ ဧည့်ခန်းဆောင်နှင့် ညစာစားခန်းတို့ ပါဝင်သည်။
ဆယ်စုနှစ် ၃ ခုအတွင်း ပီရန်ချီယိုသည် ကပ်လျက်မြေကွက် ၄ ခုကို ထပ်မံဖြည့်တင်းဝယ်ယူခဲ့ကာ နေအိမ်ခြံဝန်းနှင့် ပေါင်းစည်းခဲ့သည်။

နောက်ဆုံးဝယ်ယူခဲ့သည်မှာ ၂၀၀၉ ခုနှစ်အတွင်းဖြစ်ပြီး Nimes လမ်းပေါ်ရှိ ၁ ဒသမ ၃ ဧကကျယ်ဝန်းသည့်မြေကွက်ကို ကန်ဒေါ်လာ ၉ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်ကားလမ်း၊ ဗိသုကာပညာရှင် ဝေါလေ့စ် နက်ဖ်ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဧည့်ဂေဟာ၊ တင်းနစ်ကွင်းများ၊ ၇၅ ပေ ရှည်လျားသည့် ရေကန်၊ ပန်းဥယျာဉ်များ ပါဝင်သည့်အပြင် ကားအစင်း ၄၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်နေရာတို့လည်း ပါဝင်သည်။

ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၃၅၀ ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် အရောင်းဈေးကွက်ဝင်လာရာ အမေရိကတွင် ဈေးအကြီးဆုံးအဖြစ် စံချိန်ချိုး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service