မန္တလေးတိုင်းဒေသကြီးနှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ

မန္တလေးတိုင်းဒေသကြီးနှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
28 Dec 2017 10:40 am တွင် တင်ခဲ့သည်
4305 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဒုတိယအရေးပါဆုံးမြို့ဖြစ်သည်။ နိုင်ငံနှင့် အဓိက ကုန်သွယ်မှုပြုနေသော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် လမ်းပန်းဆက်သွယ်ရေးအရ နီးကပ်မူရှိနေခြင်းကြောင့် မန္တလေးမြို့၏ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ခြင်းက အထူးအရေးပါလှသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီး အစောပိုင်းကာလများတွင် ယခင်အစိုးရလက်ထက် သဘောတူချုပ်ဆိုခဲ့သော မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည့် စီမံကိန်းအများစု၏ လုပ်ကိုင်ခွင့်များကို ယာယီရပ်ဆိုင်းခဲ့သည်။ ဦးပိန်တံတားအနီး တည်ဆောက်မည့် တောင်သမန်သစ္စာ ကျေးလက်အပန်ဖြေစခန်း စီမံကိန်းအပါအဝင် စီမံကိန်းအများစုကို ပြန်လည်စိစစ်ရန် အကြောင်းပြချက်ဖြင့် ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရပ်နားထားသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်း တစ်ခုချင်းအလိုက် ဥပဒေနှင့် ညီ၊ မညီ ပြန်လည် စိစစ်ခြင်း၊ ပြည်သူလူထုကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်း ဟုတ်၊ မဟုတ်နှင့် စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိ စသည့် အချက်များပေါ် မူတည်၍ ပြန်လည် စိစစ်ခဲ့ပြီးနောက် စီမံကိန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထိုစီမံကိန်းများအနက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများရှိသကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များ ဆောင်ရွက်နေသည့် စီမံကိန်းများလည်း ပါဝင်လျက်ရှိသည်။ ၄င်းတို့အနက် လူအများစိတ်ဝင်စားသည့် စီမံကိန်းအချို့ကို ဖော်ပြလိုက်ရသည်။

တောင်သမန်သစ္စာ ကျေးလက်အပန်းဖြေစခန်း စီမံကိန်း

တောင်သမန်းသစ္စာ ကျေးလက်အပန်းဖြေစခန်းစီမံကိန်းသည် ဦးပိန်တံတားနှင့် ပေ ၁,၉ဝဝ မျှ ကွာဝေးပြီး တောင်သမန်အင်း၏ အရှေတောင်ထောင့် တောင်သမန်ကျေးရွာ၊ နွားနို့တော်စုကျေးရွာ၊ တဲနံ့သာ ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ကြား မြေဧက ၄ဝ ကျော်တွင် ဆောက်လုပ်နေသည့် စီမံကိန်းဖြစ်သည်။

မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပြကွက်များ၊ မြန်မာ့ရိုးရာ လက်မှုပစ္စည်းဈေးတန်း ဝန်ဆောင်မှု နယ်မြေ၊ ခရီးသွားလမ်းညွှန်နယ်မြေ၊ အပန်းဖြေနားနေဥယျာဉ်၊ ခရီးသွားဝန်ဆောင်မှုနယ်မြေ စသည့် ကဏ္ဍ ခြောက်ခုဖြင့် ၂ဝ၁၅ ဧပြီလက စတင်၍ ငါးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းဆောင်ရွက်နေခြင်းများကို မြို့တော်ဝန် ဒေါက်တာရဲလွင်က ဝင်ရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်း ဆောင်ရွက်မည့် မြေယာရာဇဝင်နှင့် မြေအသုံးချမှုဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုဆိုင်ရာများကို ပြန်လည်သုံးသပ်နိုင်ရန် လုပ်ငန်းအကောင်အထည်ဖော်ခြင်းကို ၂ဝ၁၆ ခုနှစ်၊ မေလအတွင်းတွင် ယာယီ ရပ်နားခဲ့သည်။ ထို့နောက် တစ်လခန့်အကြာတွင် လုပ်ငန်း လုပ်ကိုင်နိုင်ရန် အပိုင်းလိုက် ပြန်လည် ခွင့်ပြုပေးထားခြင်းဖြစ်သည်။

ရတနာပုံမြို့သစ် စီမံကိန်း

ပြင်ဦးလွင်ခရိုင် မန္တလေးပြင်ဦးလွင် ကားလမ်းဘေးရှိ ရတနာပုံမြို့သစ်စီမံကိန်းကို အစိုးရသစ်လက်ထက် ၂ဝ၁၇ ခုနှစ်တွင် ပြန်လည်စတင်ရန် ပြင်ဆင်လာခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်ကာလအတွင်းက ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူဝင်ရောက်မှု အားနည်းချက်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းအကောင်အထည်ဖော်မှု ရပ်ဆိုင်းထားသည့် အချိန်ကာလများ ကြာမြင့်ခဲ့သော်လည်း ယခုနှစ်က စတင်ပြီး ပြန်လည်ဆောင်ရွက်နိုင်ရန် အစိုးရသစ်က လုပ်ဆောင်နေခြင်းဖြစ်သည်။

အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန်ဆောင်မှုမြို့သစ် ဖန်တီးရန်အတွက် မြေဧက ၁ဝ,ဝဝဝ ပေါ်တွင် ပြန်လည် အကောင်ထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဠအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က တာဝန်ယူထားပြီး ကော်မတီအရပ်ရပ်တွင် ပြည်ထောင်စုဝန်ကြီးများ ပါဝင်သည်။

စီမံကိန်းတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး အပိုင်းတစ်တွင် ဧက ၂,၂ဝဝ၊ အပိုင်းနှစ်တွင် ဧက ၂,၉၁၉၊ အပိုင်းသုံးတွင် ဧက ၄,၇၄၄ ကျယ်ဝန်းသည်။ စီမံကိန်းအတွင်း စက်မှုဇုန်များ၊ အဆင့်မြင့် လူနေအိမ်ရာများ၊ တန်ဖိုးမျှတအိမ်ရာ၊ ပညာရေးနှင့် ကျန်းမာရေးဇုန်များ၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုဇုန်များ ပါဝင်မည်ဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် စက်မှုဇုန်ကို အခြေခံ အဆောက်အအုံများ ဖြည့်စွက်ခြင်း၊ ကူညီပံ့ပိုးပေးခြင်း၊ စက်မှုမြေကွက်သစ်များ ဖော်ဆောင်ခြင်းများကို ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး ပြင်ဦးလွင် လမ်းသစ် စီမံကိန်း

မန္တလေးမြို့ အရှေ့ပြင် ၁၉ လမ်းနှင့် တစ်ဆက်တည်းဖြစ်သော ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ပတ်လမ်းမှတစ်ဆင့် လိန်ပင်ရွာမှ ပြင်ဦးလွင်မြို့နယ် အနီးစခန်း ဘူတာအထိ ရောက်ရှိမည့် ၂၂ မိုင် ရှည်လျားသော မန္တလေးပြင်ဦးလွင်ကားလမ်းသစ်ကို အေစီယွန် မန္တလေးဟိုင်းဝေး ကုမ္ပဏီက ယခင်အစိုးရလက်ထက်တွင် ဖောက်လုပ်ခွင့်ရရှိခဲ့သည်။

ယခင်အစိုးရနှင့် နှစ် ၅ဝ သက်တမ်းရှိ ဘီအိုတီ စာချုပ်ချုပ်ဆိုကာ စီမံကိန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းမိုင် ခုနစ်မိုင် တစ်ဖာလုံကျော် ဖောက်လုပ်ပြီးစီးချိန်တွင် အစိုးရသစ်လက်ထက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ကန့်ကွက်မှုဖြင့် ယခုနှစ်ဇွန်လမှ စတင်ပြီး လက်ရှိအချိန်အထိ ယာယီရပ်ဆိုင်းထားသည်။

အဆိုပါလမ်းသစ်သည် လက်ရှိ အသုံးပြုနေသည့် လမ်းဟောင်းထက် မိုင် ၂ဝ ခန့် တိုမည်ဖြစ်ကာ လမ်းသစ်ဖောက်လုပ်ရန် ရေးဆွဲထားသည့် မြေပုံအရ သစ်တောကြိုးဝိုင်းများကို ဖြတ်သန်းရမည်ဖြစ်ပြီး သစ်ပင်ပေါင်း ၇၃,ဝဝဝ ကျော် ခုတ်လှဲရမည်ဖြစ်ခြင်းကြောင့် စီမံကိန်းကို ဆိုင်းငံ့ထားခြင်းဖြစ်သည်။မန္တလေး ပြင်ဦးလွင် လမ်းပိုင်းသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် အဓိကကျတော လမ်းပိုင်းလည်း ဖြစ်သည်။

အဆင့်မြင့် စက်သုံးဆီသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း

အမြင့် ၃၅ ပေ၊ အကျယ်အဝန်း ၁ဝ၅ ပေ ၁ဝ လက်မရှိ စက်သုံးဆီသိုလှောင်ကန်တွေကို စစ်ကိုင်းတံတားအနီး အိုးတုတ္တန်းလမ်းနှင့် ဧရာဝတီမြစ်အကြား၊ ဒုဌာဝတီမြစ်နှင့် သပြေတန်းခံတပ်အကြား မြေဧက၃၈ ဧကပေါ်တွင် တည်ဆောက်နိုင်ရန် မြန်မာစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်တွင် ခွင့်ပြုချက် ရရှိခဲ့သည်။ အဆိုပါ ကုမ္ပဏီသည် ဆီဂါလန် နှစ်သန်းဆံ့ သိုလှောင်ကန် ၃၂ ကန်ကို တည်ဆောက်မည်ဖြစ်သည်။

စီမံကိန်းတည်ဆောက်မည့် မြေနေရာသည် သဲမြေဖြစ်ပြီးအင်ဂျင်နီယာပိုင်းဆိုင်ရာများနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုပိုင်းဆိုင်ရာများတွင် ပြန်လည်စိစစ်ရန်အကြောင်းပြချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် စီမံကိန်းကို ယာယီဆိုင်းငံ့ထားခဲ့သည်။ ယခုနှစ် အစောပိုင်းတွင် ကနဦး စီမံချက်ဖြင့် ဆောက်လုပ်ပြီးစီးထားသည့် စက်သုံးဆီ ကန်တစ်ကန်ကို ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့သည်။

အမရပူရမြို့ပြ စီမံကိန်း

အမရပူရမြို့ပြစီမံကိန်းသည် ဧရာဝတီမြစ်ကမ်း တစ်လျှောက်မြေနုကျွန်းနှင့်ကိုင်းမြေများ ဧက ၂,ဝဝဝ ကျော်ခန့်ရှိ ရေဝပ်နေရာများကိုမြေဖို့ကာ Mandalay Business Capital City Development Ltd. အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။

စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့် လေ့လာမှုများကို ကုမ္ပဏီက ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။ ကုမ္ပဏီ၏အဆိုအရ ပတ်ဝန်းကျင်ထိခိုက်မှုအပေါ် ပြုပြင်ထိန်းသိမ်းခြင်း အစီရင်ခံစာကို ပညာရှင်များနှင့် ရေးဆွဲပြီး ဝန်ကြီးဌာနများသို့ တင်ပြထားကြောင်း၊ စီမံကိန်းအတွက် ကနဦးရင်းနှီးမြှုပ်နှံမှု ကျပ် ၅ဝဝ ဘီလျံ ထည့်သွင်းရန် လျာထားကြောင်း သိရသည်။ ဟိုတယ်များ၊ ဆေးရုံများ၊ ကျောင်းများ၊ ဆိပ်ကမ်းများ၊ ဈေးဝယ်စင်တာများ၊ ပန်းခြံများ၊ လူနေတိုက်တန်းများပါဝင်မည့် ထိုစီမံကိန်းကာလကို၁ဝ နှစ် သတ်မှတ်ထားသည်။

စီမံကိန်းဧရိယာ မြေဧက ၂,ဝဝဝ ကျော်တွင် မြေဧက ၂ဝ ကိုသာ စီမံကိန်းနှင့်ဆိုင်သော ရုံးခန်း အဆောက်အအုံများ ဆောက်လုပ်ရန် မြေအမျိုးအစား ပြောင်းလဲအသုံးချခွင့်ကို တိုင်းဒေသကြီးအစိုးရက ယခုနှစ် အစောပိုင်းက ခွင့်ပြုပေးခဲ့သည်။ အခြားမြေများကို ပြောင်းလဲအသုံးချခွင့်ကို လက်ရှိအချိန်အထိ ခွင့်မပြုသေးပေ။

Mandalay Business Capital City Development Ltd. သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် ပါဝင်သည့်ကုမ္ပဏီဖြစ်သည်။
မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

မန္တလေးဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၈ သန်း အသုံးပြု၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) ဖြင့် ပူးပေါင်းကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးးဦးစီးဌာနက ယခုနှစ်အစောပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ စီမံကိန်းကို မန္တလေးမြို့၏ အနောက်ဘက် ၁ ကီလိုမီတာအကွာ၊ မြို့ပတ်လမ်းနှင့် ရွှေလှံဗိုလ် ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ မြေဧက ၂ဝ ပေါ်တွင် တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ဆိပ်ကမ်းအသစ်တည်ဆောက်ပြီး ထိုဆိပ်ကမ်း၌ ကွန်တိန်နာများနှင့် သိုလှောင်ရုံများ၊ ကုန်ပစ္စည်းထားသိုရန်မြေနေရာများ၊ ဆိပ်ခံတံတားများ၊ ချဉ်းကပ်တံတားများ၊ ကုန်ပစ္စည်းများ သင်္ဘောပေါ်တင်ဆောင်ရန် စက်ကိရိယာများ တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service