အလွယ်မပေးလိုက်ပါနှင့် နောင်ရေးစိတ်မအေးနိုင်သည့်အထွေထွေကိုယ်စားလှယ်လွှဲစာ

အလွယ်မပေးလိုက်ပါနှင့် နောင်ရေးစိတ်မအေးနိုင်သည့်အထွေထွေကိုယ်စားလှယ်လွှဲစာ - Property News in Myanmar from iMyanmarHouse.com
27 Dec 2017 11:52 am တွင် တင်ခဲ့သည်
4047 ကြိမ် ကြည့်ရှု့ပြီး
စာရေးသူမှာ အိမ်ခြံမြေများ ဈေးကောင်းသည့် လွန်ခဲ့ သော (၂၀)နှစ်ခန့်မှစ၍ အမှုလိုက်ရှေ့နေဘ၀ မှ အိမ်ခြံမြေ အရောင်းအ၀ယ် စာချုပ် ချုပ်ပေးသည့် လောကသို့ ၀ါသနာအရ ကူးပြောင်းလာခဲ့သူဖြစ်ပါသည်။ စေတနာ အရင်းခံဖြင့် ရိုးသားစွာ

ဆောင်ရွက်ပေး သည့်အတွက် မိတ်ကောင်းဆွေကောင်း များ၊ မိတ်သစ် ဆွေသစ်များ တိုးပွားလျက် ရှိပါသည်။ “အိမ်ခြံမြေစာချုပ်”နှင့် ပတ် သက်၍ တတ်သိနားလည်သလောက် ကူညီပေးခွင့်ရရှိနေသဖြင့် ၀မ်းသာပီတိ ဖြစ်လျက်ရှိနေပါသည်။

လွန်ခဲ့သော ၁၉၉၄-၁၉၉၇ ခုနှစ်ခန့်က ဈေးကောင်းခဲ့သော အိမ်ခြံ မြေဈေးကွက်မှာ ယနေ့အထိ လူအများ စိတ်ဝင်စားနေသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်နေသည်။

လွန်ခဲ့သောနှစ်များက အိမ်ခြံ မြေအရောင်းအ၀ယ်လုပ်ငန်းဖြစ်ထွန်းမှု ကြောင့် ရန်ကုန်မြို့၏ မြို့သစ်များတွင် နေထိုင်ကြသူ “၀ယ်ရောင်းပွဲစားအချို့” သည် ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွား သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရ သည်။ လက်ရှိအချိန်တွင် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားများဖြင့် မော်ကြွားနေနိုင် ကြသည်ကို တွေ့ရသည်။ ယင်းသို့ အပြောင်းအလဲမြန်လွန်းသဖြင့် အတော် ပင် အံ့သြနေမိသည်။

တစ်ရပ်ကွက်ထဲ အတူနေ “၀ယ် ရောင်းပွဲစား” အချို့သည်ပင် ရွှေလက် ကောက် တချွင်ချွင်၊ ဆွဲကြိုးဟဲဗီးနှင့် လက်ကိုင်ဖုန်းနှစ်လုံး သုံးလုံး ဘယ်ညာ ကိုင်ကာ “ဟဲလို...ဟဲလို” ဖုန်းအော် ဆက်၍ အလုပ်ရှုပ်နေသည်ကိုကြည့် ခြင်းဖြင့်
အတော်အလုပ်ဖြစ်ခဲ့သည်ကို သက်သေပြလျက်ရှိသည်။ အချို့ပွဲစားများ မှာ တိုက်ဆောက်၊ ကားဝယ်စီးနိုင်သည် သာမက မြေကွက်များကို ၀ယ်အောင်း ထားနိုင်သည်အထိ တွေ့ရသည်။ ရပ်ကွက် အတွင်း၌လည်း ကိုယ်ပိုင်ကားတ၀ီဝီဖြင့် အတော်ပင် ဟုတ်နေကြသည်။ နတ် သိကြားများ၊ ဘိုးတော် ဘွားတော်များ မ,လိုက်သည် ထင်ရသည်။

* အလွယ်နည်းသုံးကာ ရောင်းဝယ်နေကြ သူများ ကိုယ်စားရင်လေးနေသူ ကျွန်တော် ပါ

သို့သော် ယနေ့ခေတ်လူငယ် များသည် မိမိအကျိုးစီးပွားအတွက် စီးပွား ရေးများဆောင်ရွက်ရာတွင် အင်တာနက် ခေတ်ဖြစ်၍ ချက်ခြင်းဆောင်ရွက် ချက် ခြင်းပြီးချင်ကြသည့်ဆန္ဒပြင်းပြနေကြ သည်။ သိန်းရာထောင်ချီပြီး ၀ယ်ရောင်း
ပြုလုပ်သည့်ကိစ္စများပင် “ရော့ပတ္တမြား၊ ရော့နဂါး”အမြန်ဆောင်ရွက်နေကြသည်။ အချို့ဝယ်ရောင်းကိစ္စများတွင် စာရေးသူ မှာ ရှေ့နေအဖြစ် လိုက်ပါအကျိုးဆောင် ပေးခဲ့ရသည်များရှိသည်။ ဥပဒေသမားမို့ ရင်မအေးနိုင်သည်က မြေအရောင်းအ၀ယ် ကိစ္စကို အလွယ်ပြုလုပ်နေကြသည်ကို သူတို့ကိုယ်စား ရင်ဖိုနေမိသည်။

လွယ်လိုက်သည့်ဖြစ်ခြင်း အလွယ် တကူဝယ်လို့ရသည့် ၃၀၀ိ/-ကျပ်တန် အိမ်ခြံမြေအရောင်းအ၀ယ်ကတိစာချုပ် ပေါ်မှာ “တစ်ခြမ်းဝယ်ရောင်း” စနစ်ဆို တာ ရောင်းသူကသာ လက်မှတ်ရေးထိုး ပြီး ၀ယ်သူနှင့် သက်သေ(၂)ဦးတို့က

လက်မှတ်ရေးထိုးထားခြင်းမရှိသည့် စာချုပ် တစ်ခုဖြင့်သာ အရောင်းအ၀ယ်လုပ်နေ ကြသည်မှာ အံ့သြစရာပါ။

အိမ်မြေပိုင်ဆိုင်သည့် ဂရန်မူရင်း သို့မဟုတ် ပါမစ်မူရင်းပေးလိုက်ရုံဖြင့် သိန်း (၅၀၀)သိန်းခန့်တန်သည့် မြေကွက် တစ်ကွက်ကို လက်လွယ်လွယ်ဖြင့် ငွေ ချေကာ အရောင်းအ၀ယ်ပြုလုပ်နေသည် ကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရသည်။

စာချုပ်စာတမ်း ဥပဒေအရ ကျပ်တစ်ရာ (ယခု ကျပ်တစ်သိန်းအဆို တင်သွင်းထားသည်) တန်ဖိုးရှိသည့် မြေ ကွက်အရောင်းအ၀ယ်လုပ်လျှင် ရောင်း သူ၊ ၀ယ်သူနှင့် အသိသက်သေ(၂)ဦး လက်မှတ်ရေးထိုးပြီး မှတ်ပုံတင်စာချုပ်ရ မည်ဆိုသည့်အချက်ကို အချို့က အသေ အချာလေ့လာထားပုံ မတွေ့ရပေ။ တစ်ခါ တစ်ရံ ၀ယ်သူဖက်မှ ရှေ့နေခေါ်လာ သည်ကိုပင် အပိုငွေကုန်ကျကာ အလုပ် ရှုပ်သည်ဟု ရောင်းသူဘက်မှ နှာခေါင်း တရှုတ်ရှုတ် မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသည်ကိုလည်း မကြာခဏတွေ့ရ သည်။

* ရောင်းသူကိုယ်စား ရင်လေးနေသူက ရှေ့နေ

“အထူးကိုယ်စားလှယ်လွှဲစာ ထက်” စာရေးသူ ပို၍စိုးရိမ်သည်မှာ “အထွေထွေကိုယ်စားလှယ်လွှဲစာ '' General Power ပေါ်တွင် ရောင်းသူလက်မှတ် ရေးထိုးပေးခြင်းပင် ဖြစ်သည်။

အထွေထွေ ကိုယ်စားလှယ်လွှဲ စာကို နိုတြီပြုလုပ်ပြီး မြေကွက်အရောင်း အ၀ယ်အတွက် အဆင်ပြေအောင် ဆောင် ရွက်ခြင်းပင်ဖြစ်သည်ဟု ပြောကြသည်။ လွှဲစာပေါ်မှာပင် အင်္ဂလိပ်စာဖြင့် ရေး ထားသည်ကိုလည်း သေချာဘာသာပြန် ပြီး မကြည့်ကြ။ ဖတ်ဖို့လည်း စိတ်မ၀င် စား။ အရောင်းအ၀ယ်ဖြစ်ဖို့သာ အဓိက။ အချို့သူများသည် ပွဲစားများ၏ တိုက် တွန်းမှုကြောင့် စာချုပ်စာတမ်းမှတ်ပုံတင် ရုံးတွင် မှတ်ပုံတင် အထွေထွေကိုယ်စား လှယ်လွှဲစာကိုပင် အလွယ်တကူလွှဲပေး လိုက်ကြသည်။

ဤသို့ အလွယ်ပြုလုပ်နေသူ များသည် မိမိကိုယ်တိုင် လက်မှတ်ထိုး ပေးလိုက်သည့် အထွေထွေကိုယ်စားလှယ် လွှဲစာကို ယခုဖော်ပြသည့် ဘာသာပြန် ကြည့်လိုက်ပါက တသသဖြစ်ပြီး နောင်တ ရနေ ကြတော့မည်။ နောင်စာချုပ်မည့် သူများ

သတိထားနိုင်ရန်နှင့် လွှဲပေးပြီး သူများ အချိန်မီတားမြစ်နိုင်ရန် အထွေထွေ ကိုယ်စားလှယ်လွှဲစာ General Power ဘာသာပြန်ကို စာဖတ်သူများ အား သတိပြု နိုင်ရန် မေတ္တာလက်ဆောင် ပါးလိုက်ပါသည်။

* ““အထွေထွေ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် လွှဲစာ””

.....မြို့၊ .....လမ်း၊ အမှတ်( )နေ၊ သက်သေခံ ကတ်ပြား အမှတ် ...........ကိုင်ဆောင်သူ ........၏ သား/သမီးက အထွေ ထွေကိုယ်စားလှယ်စာလွှဲပေးသူအဖြစ် တစ်ဖက်နှင့် .......မြို့၊ ..... လမ်း၊ အမှတ် ( )နေ သက်သေခံကတ် ပြားအမှတ်

.......ကိုင်ဆောင်သူ ........၏ သား/သမီးဖြစ်သူ ..........က အထွေထွေကိုယ် စားလှယ်အဖြစ် ဆောင်ရွက်ရန် လက်ခံ သူအဖြစ် အခြားတစ်ဖက်တို့ အောက်ပါ အတိုင်း အထွေထွေကိုယ်စားလှယ်အဖြစ် လွှဲပြောင်းသည့် စာချုပ်ပြုလုပ်ကြပါသည်။

အထွေထွေကိုယ်စားလှယ်အဖြစ် လွှဲပြောင်းလက်ခံသူက အောက်ပါကိစ်္စ ရပ်များနှင့်တကွ ကိုယ်စားလှယ်အဖြစ် လွှဲပြောင်းပေးသူ၏ ကိစ်္စအ၀၀တို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။

ကိုယ်စားလှယ်အဖြစ် လွှဲပြောင်း ပေးသူ ကျွန်တော်ပိုင်မြေများ၊ အဆောက် အအုံများ၊ လယ်ယာခြံမြေဥယျာဉ်များ၊ အိမ်များနှင့် အခြားပတ်သက်သည့် ပစ္စည်း များ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ကျွန်တော်၏ လက်ရှိပိုင်ဆိုင်မှုရှိသည့် ပစ္စည်းများကို ကျွန်တော်ကဲ့သို့ သိမ်း ဆည်းယူနိုင်ခြင်း၊ ကျွန်တော်က တရား ဥပဒေအရ ရသင့်ရထိုက်သည့် ပစ်္စည်း အ၀၀၊ ငွေကြေးများ၊ သိုလှောင်ထားသော အရာဝတ္ထုများ စုဆောင်းထားသည့် ငွေ များ၊ ကုန်ပစ္စည်းအ၀၀၊ ကျွန်တော် အနာဂတ်ကာလတွင် ပိုင်ဆိုင်မှုရသည့် ပစ္စည်းအ၀၀၊ ကျွန်တော်တရားဝင် ပိုင် ဆိုင်သည့် သက်သေခံ စာရွက်စာတမ်း များ၊ စာချုပ်များနှင့် ရွှေ့ပြောင်းနိုင်သည့် ပစ်္စည်း၊ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်း နှင့် ပြုလုပ်ထားသည့် ပဋိညာဉ်စာချုပ် များ၊ အစုစပါကိစ္စများ ၊ စာရင်းအင်းများ၊ ရှင်းတမ်းကိစ္စများ၊ ကျွန်တော်တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည့် စာရင်းအင်းများ။

ကျွန်တော်ပိုင်ဆိုင်သော ခြံမြေ ဥယျာဉ်၊ အစစ နေရာအဆောက်အအုံ အိမ်များနှင့် ကျွန်တော်ဆောင်ရွက်နေ သည့် ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ငှားရမ်းခြင်း၊ စီစဉ်ဆောင် ရွက်ခြင်း၊ အခါအားလျော်စွာ ပြုလုပ် ဆောင်ရွက်ခွင့်ရှိခြင်း၊ ကျွန်တော်တရား ၀င်ပိုင်ပစ္စည်းနှင့် အရာဝတ္ထုများကို ရောင်း ခြင်း၊ ၀ယ်ခြင်းလုပ်ငန်းအ၀၀ကို လက်ခံ ဆောင်ရွက်ခြင်း၊ ကျွန်တော်ပိုင်ရှင်အဖြစ် သော်လည်းကောင်း၊ အစုဝင်အဖြစ်သော် လည်းကောင်း၊ စာရေးအဖြစ်သော်လည်း ကောင်း၊ စာရင်းကိုင်အဖြစ်သော်လည်း ကောင်း၊ ကျွန်တော်ကိုယ်စားလှယ်လွှဲစာ ပေးထားသည့်ကာလပတ်လုံး ဆောင်ရွက် ပိုင်ခွင့်ရှိပါသည်။

ကျွန်တော်၏ ကိုယ်စားဝယ်ယူ ဖောက်ကားရောင်းဝယ်ခြင်းနှင့် လေလံ ဆွဲယူရေးအတွက် စာရင်းရှင်းတမ်းအတွက် အမိန့်ဒီဂရီအရ၊ တောင်းပိုင်ခွင့်ကြွေးများ၊ အစိုးရထံမှ တောင်းခံခြင်း၊ ဂရန်မြေ တောင်းခံခြင်း၊ အမိန့်လိုင်စင်လျှောက်ထား ခြင်း၊ ငှားရမ်းခြင်းနှင့် အခြားကိစ္စအ၀၀ ကို ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း။

ကျွန်တော်ပိုင်ငွေကြေးများကို မည်သည့်နေရာတွင်မဆို ဆောင်ရွက်နိုင် ခြင်း၊ ဘဏ်တိုက်များ၊ စာတိုက်များတွင် ငွေများသိမ်းခြင်းကိစ်္စ၊ လွှဲပြောင်းခံရသူ ၏ ဆန္ဒအရ ဆောင်ရွက်နိုင်ခြင်း၊ စာရင်း ပိတ်ခြင်း၊ စာရင်းထုတ်ဝေခြင်း၊ ချက် လက်မှတ်ကို လက်မှတ်ရေးထိုးခွင့်ရှိခြင်း၊ ချက်လက်မှတ်ထုတ်ပေးခြင်းနှင့် အခြား လက်ခံရရှိသည့် စာရင်းပြေစာများကို လက်မှတ်ရေးထိုးခွင့်ရှိခြင်း၊ ကျွန်တော် ပိုင်ငွေများကို မည်သူကိုဖြစ်စေ၊ ကုမ္ပဏီ လုပ်ငန်းကော်ပိုရေးရှင်းနှင့် အစိုးရဌာန များသို့ ပဋိညာဉ်ကို ပြုလုပ်၍ ထုတ်ချေး နိုင်ခြင်း၊ ငွေများကို ထုတ်၍ချေးခြင်း၊ ချေးယူခြင်း၊ ကိစ္စအ၀၀ကို သက်ဆိုင်ရာ ဌာနများတွင် ထုတ်ယူချေးငှားပိုင်ခွင့်ရှိ သည်။

ကျွန်တော်ပိုင်ပစ္စည်းအ၀၀ကို ခွဲဝေပိုင်းခြားခြင်း၊ ရောင်းခြင်း၊ လွှဲပြောင်း ခြင်း၊ ကိစ္စအ၀၀များကို သက်ဆိုင်သည့် ဌာနများ၊ အစိုးရဌာနများ၊ ကော်ပိုရေး ရှင်းများနှင့် မည်သည့်နေရာတွင်မဆို ကျွန်တော်၏ကိုယ်စားဆောင်ရွက်ပိုင်ခွင့် ရှိခြင်း၊ ထုတ်ယူခြင်း၊ လက်မှတ်ရေးထိုး ခြင်း၊ ဆက်သွယ်ခြင်း၊ တောင်းဆိုထုတ် ယူခြင်း ကိစ္စအ၀၀ကို သက်ဆိုင်ရာဌာန များတွင် ဆောင်ရွက်နိုင်ပါသည်။

ကျွန်တော်နှင့်ပတ်သက်သည့် ရသင့်ရထိုက်သော ငွေများကို မည်သည့် နေရာတွင်မဆို ဆောင်ရွက်ခွင့်မရှိခြင်း၊ ကျွန်တော်နှင့်ပတ်သက်သည့် အမှုကိစ်္စ အ၀၀ကို တရားစွဲဆိုတင်သွင်းနိုင်ခြင်း၊ ဆောင်ရွက်နိုင်ခြင်းနှင့် ခုခံကာကွယ်ခြင်း ကိစ္စအ၀၀ကို ဥပဒေကခွင့်ပြုထားသည့် အတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊ သက် သာခွင့်များတောင်းဆိုပိုင်ခွင့်နှင့် ရှေ့နေ ရှေ့ရပ်များ ပြုလုပ်ဆေင်ရွက်ပိုင်ခွင့်ရှိ ခြင်း။

ကျွန်တော်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာ ကိစ်္စရပ်များအတွက် ကြေအေးခြင်း၊ ပြေငြိမ်းခြင်း၊ ညှိနှိုင်းခြင်း ကိစ်္စအ၀၀ကို ဆောင်ရွက်ခြင်းနှင့် သက် ဆိုင်ရာ ရုံးဌာနများအတွင်း အချိန်မရွေး ချမှတ်ထားသော အမိန့်ဒီဂရီများကို တရားဥပဒေအရ ရုပ်သိမ်းပြေငြိမ်းခွင့်ရှိ ခြင်း၊ မှတ်ပုံတင်စာချုပ်များကို ဆောင် ရွက်နိုင်ခြင်း။

ဤအထွေထွေကိုယ်စားလှယ် အဖြစ် ခန့်အပ်သော ကိုယ်စားလှယ်လွှဲ စာကို ....ခု .....လ.....ရက် နေ့တွင် အောက်စုံရာ လူကြီးများ ရှေ့ တွင် လက်မှတ်ရေးထိုးမှတ်ပုံတင်ခြင်း ပြုပါသည်။

အသိသက်သေများ
၁။........ ...........
၂။........ အထွေထွေ ကိုယ်စား
လှယ်လွှဲအပ်သူ
မှတ်ချက်

ကိုယ်စားလှယ်လွှဲစာကို သတင်း စာမှ ကြော်ငြာ၍ ပြန်လည်ရုပ်သိမ်းနိုင် သည့်။ (ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁

ကိုးကား-

ဝင်းမြင့်အောင် ပြစ်မှု/တရားမမှု/ မှတ်ပုံတင်စာချုပ်နှင့် အထွေထွေလျှောက် လွှာရေးနည်း။ (၁၉၈၂) (ဒုတိယအကြိမ်)

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service