မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုများ လျှော့နည်းစေရေးအတွက် ဥပဒေတစ်ရပ် ပြဌာန်းဖို့ရှိ

မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုများ လျှော့နည်းစေရေးအတွက် ဥပဒေတစ်ရပ် ပြဌာန်းဖို့ရှိ - Property News in Myanmar from iMyanmarHouse.com
27 Dec 2017 11:37 am တွင် တင်ခဲ့သည်
2974 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြအိမ်ရာအဆောက်အအုံများတွင် မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုများ လျှော့နည်းစေရေးအတွက် ဥပဒေတစ်ရပ်ပြဌာန်းသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ အသင်းမှ သိရသည်။

ယင်းအတွက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းက တိုက်ခန်းအိမ်ရာအဆောက်အအုံ ဆိုင်ရာ ဥပဒေ (အဆိုပြုဥပဒေကြမ်း) ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၆ ရက်က မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များ အသင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းမှ အလုပ်အမှုဆောင် ဦးနန္ဒကျော်က “ တိုက်ခန်းတစ်ခန်းကို ငွေကြေး ရာဂဏန်း၊ ထောင်ဂဏန်းပေးဝယ်ပြီး သူတို့မှာ ပိုင်ဆိုင်မှု အထောက်အထားမရှိပါဘူး။ တကယ့် တကယ်နှစ်ပြည့်လို့ ပြန်ဖျက်တဲ့အခါ၊ နောက်တခါ ပြန်ဖျက်တာ မဟုတ်ပဲနဲ့ တခါပြန်ရောင်းတဲ့အခါ အဲဒီအခါမှာ သူတို့က ပိုင်ဆိုင်မှုမရှိတဲ့အခါကြတော့ သူတို့ကို ဥပဒေအရ ပိုင်ဆိုင်ကြောင်းထုတ်ပေးစေချင်တယ်။ ထုတ်ပေးနိုင်မယ်ဆိုရင် သူတို့အနေနဲ့ အိမ်ပိုင်ဆိုင်လာမယ်။ ဒီထက်ပိုမြင့်လာရင်သူတို့က တခြားနိုင်ငံတွေ လိုပေါ့ နေအိမ် တိုက်ခန်းဝယ်တဲ့အခါမှာ ဘဏ်အပေါင်နဲ့ဝယ် လို့ရတယ်။ သုံးရာတန် တိုက်ခန်းကို တစ်ရာရှိရင် တစ်ရာပေးမယ်။ ကျန်တဲ့နှစ်ရာကို ဘဏ်မှာ ပေါင်ပြီးပြန် ဆပ်မယ်။ အဲလိုဆိုရင် လူနေမှုအဆင့်အတန်းမြင့်လာမယ်“ ဟု ပြောသည်။

ယင်းဥပဒေအား အတည်ပြုပြဌာန်းနိုင်ရေးအတွက် အိမ်ရာကဏ္ဍနှင့် ဆက်နွယ်နေသည့် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် အဆိုပြုဥပဒေကြမ်း အား တင်သွင်းသည့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က “အဓိကတော့ အိမ်ရာကဏ္ဍမှာ ကွန်ဒို စုပေါင်းအိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေတွေ ထွက်လာတယ်။ ထွက်လာပြီးတော့ ဒီဥပဒေထဲမှာ အကြုံးမ၀င်တဲ့ အဆောက်အအုံတွေရှိတယ်။ ဒီအဆောက်အအုံတွေကိုလည်း ခိုင်မာတဲ့ အာမခံချက်ကလေးတွေ ပေါ်ပေါက်လာဖို့အတွက်ကို အဖွဲ့အစည်းတွေကနေပြီးတော့ အဆိုပြုလာတဲ့အတွက် ဒီဥပဒေလေးကလည်း ကျွန်တော်တို့ နိုင်ငံတော် အတွက်ရော ပြည်သူတွေအတွက်ရော အိမ်ရာကဏ္ဍအတွက်ရော လိုအပ်တဲ့ဥပဒေတစ်ရပ်ဖြစ်တဲ့အတွက် ကြောင့် မို့လို့ ဆွေးနွေးတာဖြစ်ပါတယ်" ဟုဆိုသည်။

ယင်းဥပဒေပေါ်ထွက်လာပါက တိုက်ခန်း အိမ်ရာ အဆောက်အအုံ၏ အိမ်ခန်းများကို ဥပဒေနှင့်အညီ တရားဝင် ပိုင်ဆိုင်လက်ရှိထားခွင့်၊ အကျိုးခံစားခွင့်နှင့် စနစ်တကျလွှဲပြောင်းခွင့်များ ရရှိစေရန် ရည်ရွယ်ထားကြောင်း သိရ သည်။

လက်ရှိ အိမ်းခန်းဝယ်ယူရာတွင် ဖြစ်ပေါ်နေသည့် ပြသာနာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရှိန်ဝင်းက " အခုလောလောဆယ် အခြေအနေမှာ တချို့ကိစ္စတွေမှာ ဖြေရှင်းလို့ မရတဲ့ ကိစ္စလေးတွေရှိတယ်။ အိမ်ရှင်၊ အိမ်ငှားနဲ့ဖြစ်တဲ့ ပြသာနာ တွေ အိမ်ခန်းပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အငြင်းပွားတဲ့ပြသာနာတွေ၊ အိမ်ခန်းပိုင်ဆိုင် ပြီးတော့ အိမ်ခန်းကို ရောင်းဝယ်တဲ့အခါမှာ အိမ်ရှင်နဲ့ အိမ်ငှားကြားထဲမှာ နာမည်ပြောင်းခဆိုတဲ့ပြသာနာတွေ အများကြီးပါ။ တရားရုံးမှာလည်း မလိုလားအပ်ပဲနဲ့ အမှုအခင်းတွေ အများကြီးဖြစ်နေတာကို တွေ့ရှိရတာဖြစ်ပါတယ်။ " ဟု ဆိုသည်။

ယင်းဥပဒေထွက်ပေါ်လာပါက လက်ရှိဖြစ်ပေါ်နေသော အိမ်ခန်းပိုင်ဆိုင်မှုအား စနစ်တကျ သတ်မှတ်ပြဌာန်း နိုင်မည် ဖြစ်သည့်အတွက် အိမ်ရှင်၊ အိမ်ငှားများအကြား ဖြစ်ပေါ်နေသည့်ပြသာနာများ အပါအ၀င် အိမ်ခန်း ပိုင်ဆိုင်မှု ပြသာနာများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Mizzima Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service