အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး

အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com
27 Dec 2017 10:34 am တွင် တင်ခဲ့သည်
4779 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း၊ လူဝီစီယားနားပြည်နယ်၏ အရှေ့တောင်ဘက်တွင် အိုင်းလ် ဒဂျီးန် ချားစ်အမည်ရှိ ကမ်းမြောင်ဒေသတစ်ခု တည်ရှိသည်။

အဆိုပါဒေသသည် ဘလော့စီ-ချီတီမားချာ-ချော့တော်အင်ဒီးယန်းမျိုးနွှယ်မှ အိုင်းလ် ဒဂျီး ချားစ်မျိုးနွှယ်စုတို့ လွန်ခဲ့သည့် နှစ်ပေါင်း ၁၇၀ ခန့်ကတည်းက အခြေချနေထိုင်ရာ ဒေသဖြစ်ခဲ့သည်။

၁၉၅၅ ခုနှစ်က မြေအကျယ်အဝန်းနှင့် နှိုင်းယှဉ်လျှင် ကျွန်း၏မြေနေရာ ၉၈ ရာခိုင်နှုန်းခန့်မှာ မြေပြိုကျခြင်း၊ ပင်လယ်ရေအောက်သို့ နစ်မြှုပ်သွားခြင်းတို့ကြောင့် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမြင့်တက်လာမှုအတွက် မကြာမီကာလအတွင်း အဆိုပါကျွန်းမှာ ပင်လယ်ရေအောက်သို့ လုံးဝနစ်မြုပ်ကွယ်ပျောက်သွားတော့မည်ဟု ခန့်မှန်းထားသည်။

ယင်းကမ်းမြောင်ဒေသသည် ယခင်က အကျယ် ၅ မိုင်နှင့် အလျား ၁၁ မိုင်ခဲ့ရှိခဲ့သော်လည်း ရေတိုက်စားမှု၊ မြေပြိုမှု၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနောက်ပိုင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုများကြောင့် အကျယ်မှာ တစ်မိုင်၏ လေးပုံတစ်ပုံခန့်သာ ရှိတော့ပြီး အလျားမှာလည်း ၂ မိုင်ခန့်သာ ရှိတော့သည်။

ပင်လယ်ရေမျက်နှာပြင် ဆက်လက်မြင့်တက်နေမှုနှင့် မြေပြိုကျမှုများ အမြဲဖြစ်ပွားနေမှုကြောင့် များမကြာမီကာလအတွင်း အဆိုပါ ကမ်းမြောင်ဒေသမှာ ပင်လယ်ရေပြင်အောက်သို့ နစ်မြုပ်ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ယခုအခါ လူဝီစီယားနားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ပြည်ထောင်စုရန်ပုံငွေကို အသုံးချကာ ကြံစိုက်ခင်းတစ်ခုကို ဝယ်ယူပြီး အိုင်းလ် ဒဂျီးန် ချားစ်မျိုးနွှယ်စုတို့ကို ပြောင်းရွှေ့ပေးရန် စီစဉ်လျက်ရှိသည်။

ပြောင်းရွှေ့ပေးမည့်နေရာမှာ ယခုကမ်းမြောင်ဒေသ၏ အနောက်မြောက်ဘက် မိုင် ၄၀ ခန့် ဝေးကွာသော ဒေသသို့ဖြစ်သည်။

ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူရန်ဆွေးနွေးလျက်ရှိသည်မှာ ၂၀၈ ဟက်တာ ( ၅၁၅ ဧက) ခန့် ကျယ်ဝန်းသည့် မြေနေရာဖြစ်ပြီး စတိုးဆိုင်များ၊ စာသင်ကျောင်းများ၊ ဆေးခန်းများနှင့် နီးကပ်စွာတည်ရှိသည့်နေရာဖြစ်ပြီး လက်ရှိနေရာထက် ပိုမိုမြင့်မားသည့် ကုန်းမြင့်ဒေသဖြစ်သည်ဟု ဆိုသည်။

လာမည့် သီတင်းပတ်များအတွင်း အပြီးသတ်အရောင်းအဝယ်လုပ်နိုင်ရန် လူဝီစီယားနား လူ့အသိုက်အဝန်းဖွံ့ဖြိုးရေးရုံးက မျှော်မှန်းထားသည်။

အသစ်ဝယ်ယူမည့် မြေနေရာပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လာမည့် ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၉ ခုနှစ်၊ နှစ်စပိုင်းတွင် စတင်ရန် စီစဉ်ထားရာ ကျွန်းသူကျွန်းသားများအနေဖြင့် ဟာရီကိန်းမုန်တိုင်းရာသီ အနည်းဆုံးတစ်ခုခန့် ကြံ့ကြံ့ခံကာ ဆက်လက်နေထိုင်ကြရဦးမည် ဖြစ်သည်။

အိုင်းလ် ဒဂျီးန် ချားစ်သည် အမေရိကန်ဗဟိုအစိုးရက သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများကို ကုစားရန်အတွက် ပထမဆုံး ထောက်ပံ့ငွေချထားပေးခြင်းခံရသည့် ဒေသဖြစ်လာသည်။

လက်ရှိကျွန်းပေါ်တွင် အမြဲနေထိုင်သူဦးရေမှာ ၈၀ ဦးခန့်သာရှိပြီး အဆိုပါဒေသခံများအတွက် မြေနေရာဝယ်ယူပေးခြင်း၊ နေအိမ်များဆောက်လုပ်ပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားပေးခြင်းတို့အတွက် ကန်ဒေါ်လာ ၄၈ သန်း ခွင့်ပြုထားသည်။

ဝယ်ယူပေးမည့် မြေနေရာကို Acadia Agricultural Holdings မှ ပိုင်ဆိုင်ပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၉ ဒသမ ၁ သန်းခန့် ရှိသော်လည်း အမှန်တကယ်ဝယ်ယူသည့် ဈေးနှုန်းမှာမူ တစ်ဝက်ခန့်သာရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ပြည် အရှေ့တောင်ပိုင်းတွင် ကျွန်းတစ်ကျွန်း ပင်လယ်ရေအောက်သို့ နစ်မြှုပ်လျက်ရှိရာ ကျွန်းသူကျွန်းသားများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အစိုးရက ကန်ဒေါ်လာ ၄၈ သန်း ချထားပေး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service