ဗဟုသုတ | Posted by ရွှေစင်ဝင်း
အိမ်ခြံမြေ အရောင်းအဝယ်လုပ်တဲ့အခါ ပထမဆုံးချုပ်ဆိုတဲ့ ရောင်းသူဝယ်သူကြားမှားလေ့ရှိတဲ့ အချက်ကရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေရဲ့ နှစ်ဆဆိုသော အချက်ပင်ဖြစ်တယ်လို့ Myanmar Builders Guid ကသိရပါတယ်။
အိမ်ခြံမြေ ရောင်းဝယ်သူနှစ်ဦးကြားမှာ တွေ့ကြုံရတဲ့ အများစုမှာ အလွယ်တကူစာချုပ်ထဲမှာ ရောင်းသူဘက်က ပျက်ကွက်ရင် စရန်ငွေရဲ့ နှစ်ဆကို ပေးလျော်ရမှာဖြစ်ပြီး ဝယ်သူဘက်က ပျက်ကွက်ရင် စရန်ငွေ အဆုံးဆိုပြီး စာချုပ်ချုပ်တာတွေ ရှိပါတယ်။
ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေနှစ်ဆဆိုတဲ့ အချက်က စရန်ငွေရဲ့ နှစ်ဆကိုလား ၊ စရန်ငွေအပါအဝင် နှစ်ဆဆိုတဲ့ သဘောတရားကို အငြင်းပွားမှုဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဥပမာအရောင်းအဝယ် တစ်ခုကို စရန်ငွေကျပ် ၅၀၀, ၀၀၀ ချထားပြီး ပွဲပျက်သွားရင် ဝယ်ယူသူမှ စရန်ငွေအပြင် နှစ်ဆကို တောင်းပြီး ရောင်းသူမှ ကျပ် ၁၀သိန်းသာ ပေးကြောင်း သိရပါတယ် ။ စရန်ငွေရဲ့ နှစ်ဆချင်းတူပေမဲ့ သတ်မှတ်ယူဆထားမူတွေကွဲလွဲခြင်းဖြစ်တာကြောင့် သတိပြုသင့်ကြောင့် သိရပါတယ်။
ဒါကြောင့် စာချုပ်စပြီးချုပ်ဆိုချိန်ကတည်းက ရှင်းလင်းလွယ်ကူစွာ တိတိကျကျထည့်သွင်းချုပ်ဆိုသင့်ကြောင်း သိရပါတယ် ။ဒါကြောင့် စာချုပ်ထဲမှာ အရောင်းအဝယ်ကို ရောင်းသူဘက်က ပျက်ကွက်ရင်ရယူထားတဲ့ စရန်ငွေရဲ့ နှစ်ဆဖြစ်တဲ့ ငွေကျပ်ဘယ်လောက်အပါအဝင် စုစုပေါင်းငွေကျပ် ဘယ်လောက်ကိုပါပေးလျော်ရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းရေးသားသင်းကြောင့် သိရပါတယ်။
Credit: Myanmar Builders Guid