ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်း ၁၃ မျိုး ထုတ်ပြန်ကြေညာ

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်း ၁၃ မျိုး ထုတ်ပြန်ကြေညာ - Property News in Myanmar from iMyanmarHouse.com
26 Dec 2017 11:47 am တွင် တင်ခဲ့သည်
2758 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း၊ ပြည်ပ ရင်း နှီးမြှုပ်နှံမှုများ မြှင့်တင်ရန် စားသုံးဆီထုတ်လုပ်ခြင်း အပါအဝင် သွင်းကုန်အစားထိုး လုပ်ငန်း ၁၃ ခု တွင် ရင်းနှီးမြှုပ်နှံပါက ခွင့်ပြုမိန့် အမြန် ထုတ်ပေးမည်ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုး မြင့်အောင်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကဏ္ဍဖြစ်၍ မြေ၊ လျှပ်စစ်မီးစ သည်တို့ ရရှိရန် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ နှင့် တိုင်ပင်ပြီး ကူညီမည်ဟု ၎င်းကပြောသည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် လုပ်ငန်းများသည် စက်မှုကဏ္ဍ ထုတ် ကုန်များဖြစ်သည့် မော်တော် ယာဉ်နှင့် မော်တော်ယာဉ်ဆက် စပ်ပစ္စည်း ထုတ်လုပ်ခြင်း၊ လယ် ထွန်စက်နှင့် လယ်ယာ နောက်တွဲ ယာဉ်ထုတ်လုပ်ခြင်း၊ တယ်လီ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်း ကိရိယာများ ထုတ်လုပ်ခြင်း၊ စက် နှင့် စက်ပစ္စည်း ထုတ်လုပ်ခြင်း၊ လျှစ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း နှင့် တပ်ဆင်ရေးပစ္စည်းများ ထုတ် လုပ်ခြင်း လုပ်ငန်း၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းထုတ်လုပ်ခြင်း၊ စက္ကူထုတ်လုပ်ခြင်း၊ ဓာတုဗေဒချည်ငင်များ ထုတ်လုပ်ခြင်း စသည်တို့ ပါဝင်သည်။

ထို့အပြင် တစ်လလျှင် တန် ချိန်သောင်းချီ တင်သွင်းနေရ သည့် စားသုံးဆီ ထုတ်လုပ်ခြင်းကိုလည်း ပြည်တွင်း၌ လုပ်ကိုင်ပါ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကူညီမည်ဟု ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာထားသည်။

ထို့အပြင် ဆေးဝါးပစ္စည်း ထုတ်လုပ်ခြင်းနှင့် အလှကုန် ပစ္စည်း ထုတ်လုပ်ခြင်းများလည်း အစိုးရ ဦးစားပေးရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပါဝင်သည်။

‘‘ပြည်ပသွင်းကုန်အစားထိုး နိုင်ရန် နိုင်ငံခြားငွေ အသုံးလျော့ သွားနိုင်တယ်။ လက်ရှိ အခြေအနေက နိုင်ငံခြားငွေ အသုံးများ နေ တယ်’’ ဟု ဦးစိုးမြင့်အောင်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကိုး လအတွင်း မြန်မာနိုင်ငံ၏ ကုန် သွယ်မှုတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက သုံးဘီလီယံ ကျော် ပိုများနေသည်။ ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၇ ဘီလီ ယံကျော်ရှိပြီး သွင်းကုန်ပမာဏ ၁၂ ဒသမ ၈ ဘီလီယံကျော်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာ ရင်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် သွင်းကုန်အစားထိုးရင်းနှီးမြှုပ်နှံမှုများ ဦးစား ပေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကြေညာချက် ထုတ်ပြန်သော်လည်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို အခွင့်အရေးပေးထားသည့် ဝင်ငွေခွန်၊ ကုန် သွယ်လုပ်ငန်းခွန် သက်သာခွင့်များ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းချက် အတိုင်း ခွင့်ပြု မည်ဟု ဦးစိုးမြင့်အောင်က ပြော ကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service