ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး

ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
22 Dec 2017 10:58 am တွင် တင်ခဲ့သည်
1054 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ်လူသုံးအများဆုံး အိမ်ခြံမြေ ရောင်းဝယ်ငှား ၀ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီးကို သတ္တမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ဒီဇင်ဘာလ ( ၁၅)ရက်နေ့ မှ (၁၇)ရက်နေ့အထိ ၃ ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲကြီးအတွင်းတွင် တန်ဖိုးနည်း အိမ်ရာမှ နိုင်ငံတကာ အဆင့်မီ အိမ်ရာ အထိ အမျိုးအစားစုံလင်စွာ တနေရာတည်း လေ့လာ ဝယ်ယူရန်အတွက် ဆောက်လုပ်ရေးကုမ္ပဏီ (၆၀) ကျော်မှ ရန်ကုန် ၊ ပုသိမ်နှင့် တောင်ကြီးမြို့များရှိ ဆောက်လုပ်ဆဲ ၊ဆောက်လုပ်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းနှင့် မြေကွက်များကို အထူးလျှော့ဈေးနှုန်းများ၊ (၁)နှစ်မှ (၁၅)နှစ်အထိ အရစ်ကျငွေချေစနစ်များ ဖြင့် ပါဝင် ရောင်းချခဲ့ကြရာ လာရောက် လေ့လာဝယ်ယူသူ လွန်စွာများပြားခဲ့ပြီး ပြပွဲ(၃)ရက်အတွင်း တိုက်ခန်းနှင့် ကွန်ဒိုများကို မြန်မာ ကျပ်ငွေ (၁၈.၄) ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃.၆ သန်းကျော်) တန်ဖိုးအထိရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် ပြပွဲသို့လာရောက်သူများအနေဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်များဖြစ်သည့် စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ဗဟန်း၊ တာမွေ ၊ လှိုင်၊ အင်းစိန်၊ ကမာရွတ်၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ဒေါပုံ၊ သာကေတ ၊ သံလျှင် စသည့် မြို့နယ်များရှိ ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၅၀၀၀ အတွင်း တိုက်ခန်း ၊ ကွန်ဒို နှင့် လုံးချင်းပေါင်းများစွာကို တစ်နေရာတည်း စုံလင်စွာ ကြည့်ရှုလေ့လာ ဝယ်ယူခွင့် ရခဲ့သည့်အပြင် အိမ်ရာချေးငွေအတွက် YOMA ၊ CB ၊ KBZ ဘဏ်များမှလည်း ပြပွဲသို့ လာရောက်လေ့လာဝယ်ယူသူများအတွက် လိုအပ်သည့် အိမ်ရာချေးငွေဆိုင်ရာ ၀န်ဆောင်မှုများကို ပြပွဲကာလအတွင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ပြပွဲသို့ လာရောက်လေ့လာဝယ်ယူသူများအနေဖြင့် ၀ယ်ယူမှုများအတွက် ကနဦး ငွေပေးချေမှုကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ လစဉ်အနည်းဆုံး ၃ သိန်းကျော်မှ စတင်ပေးသွင်းကာ နှစ်ရှည်အရစ်ကျစနစ်များဖြင့် လည်း ဝယ်ယူနိုင်ခဲ့ခြင်းတို့ကြောင့် စံချိန်တင်ရောင်းချခဲ့ရသည့် အရောင်းပြပွဲတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲကြီးနှင့်ပတ်သက်၍ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူက “အခုကျင်းပတဲ့ ပွဲကြီးကတော့ ရန်ကုန်မြို့မှာ iMyanmarHouse.com ကနေ ကြီးမှူးကျင်းပတဲ့ သတ္တမအကြိမ်မြောက်ပွဲကြီးဖြစ်ပါတယ်။ ယခင် (၆) ကြိမ်ထက် နေရာပိုကျယ်တဲ့ မိုင်ဒါကွင်းမှာ ကျင်းပခဲ့တာကြောင့် အိမ်ခြံမြေ တင်မကပဲ လူသုံးကုန်တွေကိုပါ ပြခန်းပေါင်းများစွာနဲ့ ခင်းကျင်းပြသနိုင်ခဲ့ပါတယ်။ လူအစည်ဆုံး ၊ အအောင်မြင်ဆုံးပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မန္တလေးမြို့ မှာ (၁) ကြိမ်၊ တောင်ကြီးမြို့ မှာ (၁) ကြိမ်နဲ့ စင်္ကာပူနိုင်ငံမှာ (၄) ကြိမ် ဒီလိုပွဲမျိုးတွေ ကျင်းပပြုလုပ်ပြီးပါပြီ။ အခုပြပွဲအတွင်းမှာ တန်ဖိုးနည်း ၊ တန်ဖိုးသင့် တိုက်ခန်းတွေမှ စပြီး ကျပ်သိန်း (၅၀၀) ဝန်းကျင် မီနီကွန်ဒိုတွေ ၊ သိန်း (၁၀၀၀) ဝန်းကျင် လုံးချင်းအိမ် တွေ နဲ့  နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ပြီးကွန်ဒိုအခန်းတွေ စသဖြင့် အမျိုးအစား စုံလင်စွာ ပါဝင်တဲ့အပြင် YOMA Bank ကနေ အိမ်ရာချေးငွေကို ပြပွဲအတွင်း ချက်ချင်းလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပေးခဲ့ပါတယ်။ အထူး Discount များ ၊ အရစ်ကျငွေချေစနစ်များဖြင့် ရောင်းချပေးခဲ့တာကြောင့် အိမ်ဝယ်ယူသူများအတွက် အလွန်တရာ အဆင်ပြေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေနဲ့ပတ်သက်၍လည်း ဦးနေမင်းသူက “အခုဒီဇင်ဘာ (၁၄)ရက်နေ့က အတည်ပြုလိုက်တဲ့ ကွန်ဒိုနည်းဥပဒေကို ကြိုဆိုပါတယ်။ ဒါ့အပြင် သိန်း (၁၀၀) ကျော်ကနေ သိန်း (၁၀၀၀) လောက်အတွင်းက တိုက်ခန်းတွေအတွက်လည်း တိုက်ခန်းဥပဒေကို သက်ဆိုင်ရာပညာရှင်တွေ အနေနဲ့ရေးဆွဲပြီး အမြန်ဆုံးထွက်ရှိလာနိုင်ဖို့ စောင့်မျှော်နေပါတယ်။ ကျွန်တော်တို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အနေနဲ့ကတော့ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည် ဆိုတဲ့ ဦးတည်ချက်တိုင်း အရှိန်အဟုန်အပြည့်နဲ့ လုပ်ဆောင်နေပါတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးလတ်ကနေ အဆင့်မြင့်ကွန်ဒိုတွေအထိ ပြည်သူတွေ အများအပြားပိုင်ဆိုင်နိုင်အောင်လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရနဲ့ပါ ပူးပေါင်းပြီး ဝန်ဆောင်မှုတွေပေးသွားနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဆက်လက်ပြောကြား ခဲ့သည်။

တိုက်ခန်းအရစ်ကျဝယ်ယူလို၍ပြပွဲသို့ လာရောက်လေ့လာသည့် သာကေတမြို့နယ်တွင်နေထိုင်သည့်အသက် (၅၀)အရွယ် ဒေါ်မိုးမိုးက “ကျွန်မက သမီး သုံးယောက်အမေ မုဆိုးမပါ။ အခုသမီးလေးတွေ ကျောင်းပြီးလို့ အလုပ်ရတော့ သားအမိတွေဝင်ငွေနဲ့ အရစ်ကျတိုက်ခန်းလေးတစ်ခန်းလောက်လာရှာတာပါ။ သာကေတဖက်က လေးလွှာအခန်းတစ်ခန်းကို ကနဦး သိန်း(၃၀)ပေးပြီး ကျန်တာ အရစ်ကျနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်။ အပြင်မှာက လက်ငင်းဆိုတော့ ဘယ်လိုမှ မ၀ယ်နိုင်ဘူးလေ။ ဒီမှာ အရစ်ကျဆိုပြီးပေးရပေမယ့် အပြင်မှာလက်ငင်းပေးရတဲ့ဈေးနဲ့ မကွာတော့ ကျွန်မတို့လိုလူတွေအတွက် ဒီလိုပွဲတွေကမမက်ရဲတဲ့အိမ်ပိုင်ဆိုင်ရေး အိမ်မက်ကို တကယ်ဖြစ်အောင် အကောင်အထည်ဖော်ပေးလိုက်တာပဲ။ ဒီတစ်သက်တော့ အိမ်မပိုင်တော့ဘူးလို့ထင်နေတာ ။ အခုတကယ် ပိုင်နိုင်ပြီဆိုတော့ ဘယ်လိုဝမ်းသာမှန်းတောင်မသိပါဘူး” ဟု ပြပွဲတွင် တိုက်ခန်းဝယ်ယူနိုင်ခဲ့သည့် သူမ၏ခံစားချက်ကို ပြောသည်။

ယခုကျင်းပပြုလုပ်ခဲ့သည့် ပြပွဲကာလအတွင်းတွင်လည်း အိမ်ခြံမြေ ၊ စီးပွားရေး ၊ ဥပဒေ ကဏ္ဍတို့မှ အသိပညာရှင် အတတ်ပညာရှင် (၁၅)ဦး တို့မှလည်း အသိပညာဗဟုသုတများကို မျှဝေဆွေးနွေး ဟောပြောခဲ့ကြကြောင်းသိရသည်။

ပြပွဲသို့လာရောက်လေ့လာဝယ်ယူသူ ဧည့်သည်တော်များအတွက် ကျပ်သိန်း (၅၀) တန်ဖိုးရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းများအား ပျော်ရွင်စွာ ကံစမ်းမဲဖောက်ပေးသွားကြောင်းလည်း သတင်းရရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁၈) ဘီလီယံကျော်ဖိုး ရောင်းချနိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service