ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
21 Dec 2017 12:08 pm တွင် တင်ခဲ့သည်
3843 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့၏ မြောက်ဘက် Northwood Hills အရပ်တွင် ကမ္ဘာကျော် အက်ရှင်သရုပ်ဆောင် ချက်ခ် နောရစ် ပိုင်ဆိုင်ခဲ့ဖူးသော နေအိမ်ကြီးတစ်လုံး ရှိလေသည်။

ယင်းနေအိမ်ကြီးကို မြေထဲပင်လယ်ယာတောဟန်ဖြင့် ဆောက်လုပ်ထားပြီး ၂၀၁၃ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးပြီး ယခုအခါတွင်မူ အဆိုပါနေအိမ်၏ သတင်းများ မကြားရချေ။

နေအိမ်မှာ လုံခြုံရေးအလွန်ကောင်းမွန်လှပြီး ဖောက်ထွင်းဝင်ရောက်မည့် ဒုစရိုက်သမားများပင်လျှင် နှစ်ကြိမ်ပြန်စဉ်းစားရစေမည့် နေအိမ်ဖြစ်သည်ဟု ဆိုသည်။

နေအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ အလေးမခန်းတစ်ခန်း၊ ရေချိုးခန်း ၇ ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံတို့ ပါဝင်သည့်အပြင် ခြံဝန်းအတွင်း အခြားအဆောက်အအုံတစ်လုံးလည်း ပါဝင်ကာ ယခင်ကမူ "Walker" ဇာတ်လမ်းတွဲရိုက်ကူးစဉ်က စတူဒီယိုအဖြစ် အသုံးပြုခဲ့သည်။

အဆိုပါဇာတ်လမ်းတွဲကို CBS ရုပ်သံလိုင်းမှတဆင့် ၁၉၉၃ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့သည်။အကျယ်အဝန်းမှာ စတုရန်းပေ ၇၃၆၂ ခန့်အထိ ရှိသည်။

ချက်နောရစ်စ်သည် အမဲလိုက်ရာတွင် တစ်ဦးတည်းအမဲလိုက်ဖွယ်ရှိသော်လည်း ဈေးဝယ်လျှင်မူ တစ်ဦးတည်းမဝယ်ချေ။ အဆိုပါနေအိမ်ကို ချက်ခ် နောရစ်စ်နှင့် အစ်ကိုဖြစ်သူ အာရွန်နောရစ်နှင့်အတူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
နောရစ်နှင့် ၎င်း၏ဇနီးတို့သည် ဤဒေသတွင် အခြားနေအိမ်များလည်း ပိုင်ဆိုင်ထားသေးသည်ဟု ဆိုသည်။

နေအိမ်အတွင်း ဧည့်ခန်းနံရံတွင် ချက်ခ်နောရစ်စ် ပစ်ခတ်ဖမ်းဆီးခဲ့သော တိရ စ္ဆာန်တို့၏ ဦးချိုများ ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရသည်။
ချက်ခ်နောရစ်သည် ရေကန်သို့ အစားအစာများ ယူဆောင်စားသောက်လေ့ရှိပြီး အစာစားခြင်းနှင့် ရေကူးခြင်းကို တလှည့်စီပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။
ချက်ခ်နောရစ်သည် ရေပန်းများထက် ရေစိမ်ကန်များကိုသာ ပိုမိုနှစ်သက်ပြီး အကြောင်းကား သူကြောက်ရွံ့သည့် တစ်ခုတည်းသောအရာမှာ ဆံပင်ကို ရေစိုမည်စိုးခြင်း ဖြစ်သည်ဟု ဆိုသည်။

ချက်ခ် နောရစ်စ်၏ အမည်ရင်းမှာ ကားလော့စ် ရေး နောရစ်ဖြစ်ပြီး အမေရိကန် ကိုယ်ခံပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ကာ ၁၉၄၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်တွင် မွေးဖွားသည်။
အမေရိကန်လေတပ်တွင် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ကိုယ်ခံပညာရှင်အဖြစ် နာမည်ကျော်လာခဲ့ကာ ချန်ပီယံဆုပေါင်းများစွာ ရရှိခဲ့သည်။ယင်းနောက်ပိုင်း သူ၏ကိုယ်ပိုင် ကိုယ်ခံပညာသင်တန်းကျောင်းဖြစ်သော Chun Kuk Do ကို ဖွင့်လှစ်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် Good Guys Wear Black, The Octagon, Lone Wolf McQuade, Code of Silence, the Missing in Action trilogy, The Delta Force ဇာတ်ကားများမှာ နာမည်ကျော်သည်။

Way of the Dragon ဇာတ်ကားမှာ ဘရုစ်လီနှင့် ပူးတွဲသရုပ်ဆောင်ခဲ့မှုဖြင့် များစွာကျော်ကြားလူသိများသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ချက်စ်နောရစ်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service